Author: Baby Yit Lone

  • ထင်တဲ့အတိုင်းအနံထွက်လာပီ

    ထင်တဲ့အတိုင်းအနံထွက်လာပီ

    မိသားစု ၅ ယောက် ၁၀၂၇ ဒုတိယလှိုင်းစခါနီး အချိန်မှာ မိသားတစုလုံး အသတ်ခံရတာရယ်။ မအလတပ်မှာ သားအကြိီးဆုံးကဗိုလ်မှူး ရပ်ကွက်ထဲမှာ ခြံအကျယ်ကြီးနဲ့ စာသောက်ဆိုင်ကြီး ဟန်ပြဖွင့်ထားတယ် တကယ်တမ်းက လောင်းကစားဒိုင်လုပ်တာ။ သူတို့နေတဲ့ အိမ်နဲ့သိပ်မဝေးတဲ့ တောင်ကုန်းလေးမှာ စခတွေထိုင်တဲ့ ကာကင်းစခန်းကုန်းရှိတယ်။ စစ်ငွေ့ကသန်းတော့ သူခိုးကပူ သူခိုးပူလို့ဆိုပီး ဗိုလ်မှူးအဖေဆိုတဲ့သူက စခန်းကုန်းပေါ်ကို သွားတိုင်တယ်တဲ့။ တချို့ပြောတာတော့ သူတို့အိမ်ကိုလုံခြုံရေးပေးဖို့ သွားပြောတာတဲ့။ ဗိုလ်မှူးအဖေက စခန်းပေါ်ကအရာရှိကို ဘာသွားပြောခဲ့တယ်မသိဘူး အကြီးအကျယ် စကားများကြတယ်လို့ ကြားတာပဲ။ ညပိုင်းမှာသူတို့အိမ်ထဲ သေနတ်ပစ်သံတွေ အော်ဟစ်ငိုယိုသံတွေ ကြားတာပါပဲ။ ဘယ်သူမှ မသွားကြည့်ရဲဘူး။ နောက်ရက်လည်းကြရော ၁၀၂၇မြို့သိမ်းတိုက်ပွဲကြီး စပါရောလား။ စစ်ပွဲက ၁၀ရက်ကျော်လောက် ကြာတော့အဲ့မိသားစုအိမ်က အပုတ်နံ့တွေ တစ်ထောင်းထောင်းထွက်။ စစ်ဖြစ်နေတော့ ဘယ်သူမှအလောင်းတွေကို မကောက်ရဲဘူးလေ။ စစ်ပီးသွားတော့မှ အလောင်းတွေကို…

  • လူအများသိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေ AA ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ

    လူအများသိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေ AA ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ

    အများပြည်သူတွေ စိတ်ဝင်တစား သိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်း အခြေအနေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ဒီကနေ့ အောက်တိုဘာ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရယူဖို့ အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ဖော်ပြရာမှာတော့ “ နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွတ်ပြေးနေကြသော ရန်သူများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်”လို့ ဖော်ပြထားပါတယ်။ လက်နက်ချ အလင်းဝင်ရောက်လာတဲ့ သူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့ အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)…

  • တိုင်းရင်းသားများ မဖြစ်နိုင်တာ လျှောက်ပြောပြီး လုပ်နေ၍မရဟု စစ်ခေါင်းဆောင် ဝေဖန်

    တိုင်းရင်းသားများ မဖြစ်နိုင်တာ လျှောက်ပြောပြီး လုပ်နေ၍မရဟု စစ်ခေါင်းဆောင် ဝေဖန်

    တိုင်းရင်းသားတွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး လုပ်နေလို့ မရဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ပြင်ဆင်ဖို့အတွက် တချို့အချက်တွေကို သဘောတူညီပြီးဖြစ်လို့ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ဖြစ်နိုင်တာကိုပဲ တောင်းဆိုပြီး မဖြစ်နိုင်တာတွေကို မလုပ်ကြဖို့ ပြောတာဖြစ်တယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။ “ကျနော် ၂၀၂၁ ခုနှစ် နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တွေ့ဆုံဆွေးနွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်ကိုယ်တိုင်သော်လည်းကောင်း၊ ကျနော့်ကိုယ်စား ကိုယ်စားလှယ်တွေနဲ့သော် လည်းကောင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးတော့မှ ဟုတ်ပြီ၊ အခြေခံဥပဒေပြင်ဖို့အတွက် ကျနော် တချို့ဟာတွေ သဘောတူညီချက်ကို ပေးပါတယ်။…

  • မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မိုးကုတ်တွင် ဓာတ်​ဆီတဂါလန် ၃၆,၀၀၀ ကျပ် အထိ မြင့်တက်နေ

    မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး-မိုးကုတ် လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပြီးနောက် မိုးကုတ်မြို့မှာ ဓာတ်ဆီတဂါလန်ကို ၃၆,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ လမ်းမပိတ်ခင်က ဓာတ်ဆီတလီတာ ကျပ် ၅,၀၀၀ ဝန်းကျင်နဲ့ တဂါလန်ကို ကျပ် ၂၅,၀၀၀ ဝန်းကျင်သာ ပေးရပြီး လမ်းပိတ်ပြီးနောက် ဈေးတက်သွားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “လမ်းပိတ်ပြီးတော့ ဓာတ်ဆီဈေးတွေ တက်လာတယ်။ ပုံမှန်ထက် ၁၀,၀၀၀ ကျော်လောက် ပိုပေးဝယ်ရတယ်။ ဓာတ်ဆီတွေတော့ ဝယ်လို့ရနေသေးတယ်၊ ဈေးပဲတက်သွားတာ။” မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မြေပြင်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေကြောင့် မိုးကုတ်-မန္တလေး လမ်းပိုင်းကို အောက်တိုဘာ ၁၁ ရက်ကစပြီး ယာယီ ဖြတ်သန်းခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။…

  • The Boarding School Murders (2024)

    ဒီရုပ်ရှင်ထဲက Limoux ဘော်ဒါဆောင်ဟာ ဥရောပတစ်ခွင်မှာ အလွန်ကိုမှ နာမည်ကျော်ကြားတဲ့ ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးသီးသန့် ထိပ်တန်းဘော်ဒါကျောင်းတစ်‌ေကျာင်းပါ။ အဓိကဇာတ်ကောင် ဖရန့်ကီကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး သာမန်လူလတ်တန်းစားဖြစ်ပေမဲ့ ကျောင်းစာကြိုးစားလို့ အဆင့်ကောင်းတွေပဲအမြဲ‌ရနေသူပေါ့။ အဲဒါအပြင် ဖရန့်ကီဟာ Limoux ဘော်ဒါကျောင်းရဲ့ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားခဲ့ရာမှာ ဝင်ခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတကာက လူကုံထံ အထက်တန်းစား ထိပ်သီးမိဘတွေရဲ့ သမီးတွေချည်းပဲ တက်ရောက်ကြတဲ့ Limoux ကျောင်းကြီးဟာ ပညာသင်ဆုနဲ့ ဝင်ခွင့်ရခဲ့တဲ့ ဖရန့်ကီအတွက်တော့ အိပ်မက်ကျောင်းတော်ကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဖရန့်ကီ အဲဒီကျောင်းကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျောင်းသူတွေထဲက ပျားဘုရင်မလို့တင်စားကြတဲ့ သူဌေးသမီးလေး တင်စလီက ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ဘော်ဒါ‌ကျောင်းရဲ့ ရာစုနှစ်နဲ့ချီတဲ့ သမိုင်းတစ်လျှောက်မှာ မတော်တဆမှုတစ်ခုတလေမှမဖြစ်ခဲ့ဖူးပါဘဲ ကျောင်းသူသစ် ဖရန့်ကီရောက်လာမှ လူသေမှုဖြစ်တဲ့အခါ ဖရန့်ကီဟာ အားလုံးရဲ့ သံသယဝင်ခြင်းကိုခံရပါတော့တယ်။…