Author: Baby Yit Lone

  • ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

    မေလ ၄ ရက်နေ့ ထုတ်ပြန်သော The Diplomat သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ သူတို့ကို လေး စားပါတယ်။ တခြား အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ မြန်မာစစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက်သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။

    လက်ရှိတွင် စစ်တပ်က ပြည်သူများကို ဗုံးကျဲမှုများရှိနေကြောင်း၊ ဗုံးကျဲမှုများရှိနေချိန်တွင် နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ စစ်တပ်က အင်အားအသာဖြင့် ဖိအားပေးသော နည်းလမ်းကို အသုံးပြုနေကြောင်း သူက ပြောဆိုသည်။

    “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာနဲ့ တည်ငြိမ်မှုရှိတာဟာ လူတိုင်းရဲ့ အကျိုးစီးပွားပါပဲ။ ကျနော်တို့ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်/ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးက ကျနော်တို့ရဲ့ ဦးစားပေးပါ။

    အရပ်သားတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ နည်းလမ်းမှန်သမျှကို ရှာဖွေနေပါတယ်။ ဒါဟာ ခက်ခဲပါတယ်။ ဒီလေ ကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ သိပ်ပြီးတော့ ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ။

    ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျနော်တို့အတွက် နိုင်ငံ ရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကော်မရှင်က အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။

    ဒါပေမဲ့ ကျနော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ပြောဆိုသည်။

    AA နှင့်မြန်မာစစ်တပ်အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရေး တရုတ်နိုင်ငံက ဖိအားပေးမှုမဟုတ်ဘဲ တည်ငြိမ်စေချင်၍ ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတိုင်းက လုပ်ဆောင်သော အရာပင်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက် ပြောဆိုသည်။

    နွေဦးတော်လှန်ရေး၏ ရလဒ်နှင့်ပတ်သက်၍ AA တစ်ဖွဲ့တည်း၏ မျှော်လင့်ချက်ဖြင့် ဆုံးဖြတ်၍ မရကြောင်း၊ မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အဆိုးဆုံးကို ပြင်ဆင်ထားရမည်ဖြစ်​ေကြာင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

    “နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို AA တဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဗမာပြည်မက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်း ဖြစ်ပျက်နေတာတွေ အစရှိတဲ့ တခြားအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

    သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ ကျနော်တို့မှာ သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို စိတ်တူကိုယ်တူ အဖွဲ့အစည်းတွေကိုလည်း ကူညီပေးထားပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်ချင်သလို ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တစ်ခုကို ရှာဖွေချင်ပါတယ်။

    မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ဟာ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားသင့်ပါတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုသည်။

    ဓာတ်ပုံ- The Diplomat ။

  • တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    မနေ့ညက တောင်ကြီးမှာ ဆယ်ကျော်သက် ဘားဝန်ထမ်းမိန်းကလေးငယ်တစ်ဉ်ီးကို ညောင်ရွှေကနေ လာဖွင့်တဲ့ peter ဘားဆိုင်ရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့ပါတယ်

    ကျူးလွန်သူဟာ ညောင်ရွှေက ဘောမတစ်ကောင်ဖြစ်ပီး ဒီနှစ်အစကတည်းက သူ့ကိုယ်သူ travel blogger ယောင်ယောင် food blogger ယောင်ယောင်လုပ်ပီး တောင်ကြီးမှာ peter ဘားဆိုပီး လာဖွင့်ထားတယ်

    အရင်က ညောင်ရွှေမှာနေတာဖြစ်ပီး ဟိုတယ်ဇုန်မှာလည်း အခုလို ဘားဖွင့်ခဲ့ဖူးတယ် covid ရယ် coup ရယ်ကြောင့် အလုပ်မဖြစ်လို့ ပိတ်သွားခဲ့ရတယ်

    ဒီနှစ်အစ တောင်ကြီးမှာ အဲ့ဘားလာဖွင့်တော့ ဝိုင်းပီး promotion ဆင်းပေးခဲ့ကြတဲ့ တောင်ကြီးက elite အသိုင်းဝိုင်းတွေ နောက် ဘာဘလော်ကာ ညာဘလော်ကာတွေ အခုချိန် သူ့ဆိုင်ကို ချီးမွန်းထောပနာပြုထားတာမှန်သမျှ ပြန်ဖျက်ချင်ဖျက်ထားလို့ရသေးတယ်နော်

    ဘာလို့ ကိုယ်ထိလက်ရောက်လုပ်ရသလဲဆိုတဲ့ အကြောင်းပြချက်ကလည်း ဝန်ထမ်းကောင်မလေးက သူ့ကိုအသိမပေးပဲ ဘားလာတဲ့ဧည့်သည်က ပေးတဲ့ မုန့်ဖိုးယူမိလို့တဲ့ အဲ့ဒါကြောင့် အသက်သေဆုံးတဲ့အထိ လုပ်ခဲ့တယ်လို့ သိရတယ်

    ဒီ case ကို အောင်မြေသစ်တုန်းကလိုပဲ ကျွန်တော်တို့ တောင်ကြီးက ပြည်သူတွေအနေနဲ့ အသံများများထွက်ပေးဖို့လိုတယ်

    ကျူးလွန်သူဟာ ငွေရှိတဲ့ ဘောမအသိုင်းဝိုင်းက ဖြစ်သလို ဘန်ကောက် ချင်းမိုင်နဲ့တောင်ကြီးကို ချောင်းပေါက်အောင် လည်ပတ်နေတဲ့သူဖြစ်ပီး အခု ပြစ်မှုကျူးလွန်ပီးချိန်မှာ အကောင့်လည်း de ထားသလို တောင်ကြီးနဲ့ညောင်ရွှေအိမ်မှာပါ ရှာမရပါဘူး

    တစ်နေရာရာကို ပြေးနေတဲ့ပုံပေါ်တယ်

    သေသွားတဲ့ မိန်းကလေးဟာ ညောင်ရွှေမြို့နယ်ထဲကလား တောင်ကြီးကလား ဘယ်ကလဲဆိုတာတော့ စုံစမ်းနေပါတယ်

    ခေတ်ပျက်ကြီးထဲ ဒီလိုမတရားမှုတွေကို အကုန်လုံးက အသံထွက်ပေးမှရမယ်

    မဟုတ်ရင် လွယ်လွယ်နဲ့မကြာခဏ ကြားလာရလိမ့်မယ်

  • တောင်ကြီး Peter ဘားဆိုင်ပိုင်ရှင် ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဝန်ထမ်းအမျိုးသမီး သေဆုံး

    တောင်ကြီး Peter ဘားဆိုင်ပိုင်ရှင် ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဝန်ထမ်းအမျိုးသမီး သေဆုံး

    ရှမ်းပြည်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ပိုင်ရှင်၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း လာရောက် စားသောက်သည့် ဧည့်သည်တစ်ဦးမှ ပေးအပ်သည့် မုန့်ဖိုးနှင့် ပတ်သက်၍ ဝန်ထမ်းအမျိုးသမီးက ကြိုတင်အသိပေးခြင်း မရှိဟုဆိုကာ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) Peter ကထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

    ယင်းရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်မှာ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

    “ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာ အများအပြား တွေ့ရတယ်။ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက် အခုလို သေဆုံးသွားရတာ စိတ်မကောင်းစရာပါ။ ဖြစ်စဉ်ကို ထိထိရောက်ရောက် စစ်ဆေးပြီး တာဝန်ရှိသူကို အရေးယူစေချင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    အမှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆရသည့် ဘားဆိုင်ပိုင်ရှင်မှာ မေလ ၅ ရက် နံနက်ပိုင်းတွင် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သိရပြီး ဖမ်းမိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။

    တောင်ကြီးမြို့ရှိ စားသောက်ဆိုင်၊ KTV နှင့် ဘားဆိုင်အချို့တွင် အရွယ်မရောက်သေးသည့် လူငယ်များကို အလုပ်ခန့်ထားသည့် ဖြစ်စဉ်များ ရှိနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

    ထို့ပြင် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအပေါ် အကြမ်းဖက် ဆက်ဆံမှုများလည်း ရှိနေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။

    ယခုဖြစ်စဉ်ကြောင့် အရွယ်မရောက်သေးသည့် အလုပ်သမားများ၏ လုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်ပေးမှုအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများက ဆိုသည်။

  • ည (၁)နာရီ (၂)နာရီ လမ်းသလားနေကြတဲ့ ပလုံကောက်သူများ

    ည (၁)နာရီ (၂)နာရီ လမ်းသလားနေကြတဲ့ ပလုံကောက်သူများ

    ည (၁)နာရီ (၂)နာရီမှ ပလုံကောက်တဲ့လူတွေ လာတယ်နော်

    CCTVနဲ့စောင့်ကြည့်ထားလို့အကုန်မြင်နေရ​ပြီ သတိထားကျပါ

    ညဘက် မီးပျက်နေချိန်မှာ အိမ်ထဲမှာပဲ စိတ်အေးလက်အေး မနေကြပါနဲ့ဦး။

    အခုတလော ညဉ့်နက်သန်းခေါင်ယံ (၂) နာရီ၊ (၃) နာရီတွေမှာ မသင်္ကာစရာ လူစိမ်းတွေ လှုပ်ရှားနေတာကို မနွယ်နီရဲ့ CCTV ဗီဒီယိုမှာ တွေ့ရှိထားပါတယ်။

    ⚠️ သတိထားမိတဲ့ အချက်များ:

    ညဉ့်နက်သန်းခေါင်မှာ ဦးထုပ်ဆောင်းထားပြီး ဖုန်းပြောသလိုလိုနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်နေသူများ ရှိနေပါတယ်။

    ထူးဆန်းတာက အောက်ပိုင်းမှာ ဖိနပ်မပါဘဲ သွားလာလှုပ်ရှားနေတာပါ။

    ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ဆိုင်ကယ်ကို စက်မနှိုးဘဲ အသံမထွက်အောင် လှိမ့်ဆင်းပြီး လမ်းထဲမှာ အခေါက်ခေါက်အခါခါ ဖြတ်မောင်းနေတဲ့အဖွဲ့တွေ ရှိနေပါတယ်။

    မသင်္ကာလွန်းလို့ ဓာတ်မီးနဲ့ ထထိုးပြလိုက်မှ လစ်ထွက်သွားကြတာပါ။

    ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းထဲမှာလည်း မီးပျက်ချိန်ကို အခွင့် ကောင်းယူပြီး “ပလုံကောက်” (ခိုးယူ) ဖို့ ချောင်းနေသူတွေ ရှိနိုင်တာမို့ အားလုံးပဲ တံခါးအသေအချာပိတ်ပြီး သတိနဲ့ စောင့်ကြည့်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

  • သာသနာနွယ်ဝင်သီလရှင်တို့ရဲ့  သာသနာ့အသွင်အပြင်နှင့် ဝမ်းနည်းဖွယ်ရာမြင်ကွင်း

    သာသနာနွယ်ဝင်သီလရှင်တို့ရဲ့ သာသနာ့အသွင်အပြင်နှင့် ဝမ်းနည်းဖွယ်ရာမြင်ကွင်း

    ❌ သာသနာနွယ်ဝင်သီလရှင်တို့ရဲ့ သာသနာ့အသွင်အပြင်နှင့် ဝမ်းနည်းဖွယ်ရာမြင်ကွင်း ❌

    ဒီနေ့အတွက်မြင်ရတဲ့မြင်ကွင်းက တကယ်ကိုရင်ထဲထိပါတယ်

    ဒေါသတွေလည်းဖြစ်ရသလို ကိုယ့်လူမျိုးကိုပြန်စိတ်ပျက်မိတာလည်းဒါပထမဆုံးပဲ

    သာသနာနွယ် သီလရှင်ဆရာလေးများရဲ့ယူနီဖောင်းကို ဒီလိုဝတ်ချင်တိုင်းဝတ်လို့ရတာလား

    Miss ပြိုင်တာလေ ဘာသာရေးပွဲယှဥ်ပြိုင်နေတာမဟုတ်ဘူး

    Miss ဆို Miss နဲ့ဆိုင်ရာပဲယှဥ်ပြိုင်ကြပါ

    သီလရှင်ဝတ်စုံနဲ့ယူနီဖောင်းကို ဒီမိန်းမဘာထင်နေတာလဲ

    ပွဲစီစဥ်သူ ပွဲလက်ခံသူ ဒီဇိုင်နာဆင်ပေးသူအားလုံးရှုတ်ချပါတယ်

    ဒီနေ့သီလရှင်သာသနာဟာ စင်ပေါ်မှာ ရှိုးအမျိုးမျိုးနဲ့လျှောက်ပြနေတဲ့အပေါ်မှာရောက်သွားပါပြီ

    တင်ပေါ်ရင်ပေါ်နဲ့ ဝေ့လှည့်ပြတဲ့အပေါ်မှာရောက်ရှိသွားပါပြီ ခံစားရပါတယ်

    လူဖြစ်လာပြီး ဦးနှောက်ပါမလာတဲ့သူတွေ စုနေတော့ မလုပ်သင့်ဘူးလို့လည်းအကြံပြုတဲ့သူမရှိဘူး

    တကယ်ကိုစိတ်ပျက်စရာမြင်ကွင်းပါ

    သာသနာရေးဆိုင်ရာလူကြီးများမြင်တွေ့ပြီးမြန်မြန်အရေးယူဖို့သင့်ပါပြီ သီလရှင်ဆရာကြီးဘုရားများလည်းငြိမ်မနေသင့်တော့ပါဘူးဘုရား ကိုယ့်သီလရှင်ဝတ်စုံကိုဒီလိုမျိုးဖျက်ဆီးနေတာကို ကြည့်မနေသင့်တော့ပါဘူးဘုရား

    တိုင်းဥက္ကဌဆရာကြီးဘုရားများ 🙏🙏🙏🙏

    မြို့နယ်လုံးဆိုင်ရာဥက္ကဌဆရာကြီးဘုရားများ🙏🙏🙏

    အဖွဲ့ဝင်ဆရာကြီးဘုရားများ🙏🙏🙏🙏

    ဒီကိစ္စဟာ ငြိမ်နေသင့်တဲ့ကိစ္စမဟုတ်တော့ပါဘူးဘုရား🙏🙏🙏

    လုပ်သင့်လုပ်ထိုက်တာမို့လုပ်ပေးစေချင်ပါတယ်ဘုရား

    ဆရာလေးများလည်း များများကန့်ကွက်ပေးကြပါလို့တောင်းဆိုပါတယ်ဘုရား

    စိတ်မကောင်းခြင်များစွာဖြင့်

    သက်တန့်နွယ်

    Nd ကြီးက မသိခဲ့ပါဘူးလို့ကန်ငြင်းတာထိ လက်ခံပေးမယ်….

    ဒါဆို ဘာကြောင့် best NC ဆုတွက် Top 5 မှာ တာချီလိတ်ပါရတာလဲ….

    စော်ကားချင်တိုင်းစော်ကားပြီးတောင်းပန်ပါတယ်နဲ့တော့မရဘူးနော်…

    ဟိုမြင်းဇာတ်သဘင်က လူပျက်တစ်ယောက် မွန်တလိုင်းလို့ ပြောမိတာတောင် ဆွေ့ဆွေ့ခုန်ခဲ့ကြတာမဟုတ်လား….

    ထိထိရောက်ရောက်လုပ်ပါ…

    ခုမယ်ကိုထုတ်ပယ်တာက Ndကိုယ်လွှတ်ရုန်းခြင်းတစ်ခုပဲလို့မြင်တယ်….

    ဘာနဲ့တူလဲဆိုတော့ ဟိုတလောက ကျွန်တော့်ကို ကြောက်ပြီးစာထုတ်ခဲ့သလိုဟာသကြီးဖြစ်နေတယ်လေ…..

    အဲ့ဒါကြောင့်…

    မယ်တစ်ယောက်ထဲတင်မကပဲ စီးတီးဒါရိုက်တာရော nc ဒီဇိုင်နာအပါ၀င်

    ND ကြီး ကို ပါလိုင်စင် ၁နှစ်/၂နှစ်/၃နှစ် ပိတ်သိမ်းခြင်း

    ဒါမှ မဟုတ် သက်ညှာသောအားဖြင့် တစ်သက်တာလိုင်စင်သိမ်းခြင်းတို့လုပ်ဆောင်သင့်ပါကြောင်း…….

    Credit

    * စာရှည်သွားပါတယ် ။ ဆိုလိုရင်းကို သိစေဖို့ရန် အဆုံးထိဖတ်စေချင်ပါတယ်ရှင် ..

    ဘာသာဝင်ပြည်သူတွေဟာ သီလရှင်ဝတ်စုံဆိုတာ သီလရှိသော အကြည်ညိုခံ ပုဂ္ဂိုလ်တွေသာ ဝတ်ဆင်ကြတာလို့ စွဲမြဲစွာနားလည်ခဲ့တယ်။
    တန်ဖိုးထားပေးကြတယ်။

    ဒီဝတ်စုံကို မြင်လိုက်တာနဲ့ လူ့ဘောင်လောကကို
    စွန့်ခွါပြီး သီလစောင့်ထိန်းနေကြတဲ့
    “ဘုရားသမီးတော်” တွေအဖြစ်
    ယုံကြည်လေးစားပေးခဲ့ကြတာလည်း
    ဘာသာဝင်ပြည်သူတွေပါပဲ။

    ဒါ့ကြောင့်
    အလှပြတဲ့ရှိူးပွဲစင်မြင့်ပေါ်မှာ
    ဝတ်ဆင်မြန်း ပြတာကိုမြင်ကြရတဲ့အခါ
    ဒေါသထွက်ကြတယ်။
    လက်ခံနိုင်စရာမရှိဖြစ်ကြတယ်။

    ထို့အပြင် အင်မတန်မှကို
    သိက္ခာရှိလှပြီး ဣန္ဒြေနဲ့နေထိုင်ကြပါတယ်ဆိုတဲ့
    မယ်သီလရှင်လေးတွေရဲ့ ဝတ်စုံကိုဝတ်ပြီး
    ကြာပစ်ပြီး ကလက်တက်တက်
    ဟန်ပန်တွေ လုပ်ပြနေတာဟာလည်း
    သာသနာရိပ်ခိုနေကြရတဲ့
    ဝတ်စုံတူ ဝတ်ထားကြရသော
    ဣန္ဒြေရှင် သီလရှင်များအားလုံးကို
    စော်ကား လိုက်ခြင်းဟု ခံစားနေကြရတာလည်း မယ်သီလရှင်တွေအပါအဝင်
    ဘာသာဝင်ပြည်သူတွေပါပဲ။

    ဒါဟာလက်ခံစရာမရှိ
    ဒါကို အရေးယူပေးပါ
    ထောင်ချပါ…
    တရားစွဲပေးပါ …
    ဆရာတော်ကြီးတွေကူပါ ကယ်ပါ
    သာသနာရေး ဘာလုပ်နေလဲ…စတဲ့
    ပြင်းထန်သော ခံစားမှုတွေနဲ့
    တောင်းဆိုနေကြတာ
    လူမှုကွန်ယက်မှာ
    သိမ်ထဲ မူစကူဒူးပြသနာလိုပဲ
    အုံနဲ့ကျင်းနဲ့
    လှိုင်းလုံးကြီးသဖွယ် တင်လာတာလည်း
    ဘာသာဝင်ပြည်သူတွေပါပဲ။

    မှန်ပါတယ်…ဒါလက်ခံလို့မှမရတာ
    မယ်တယောက် က စင်မြင့်ပေါ်တက်
    ပြီး ဒီဝတ်စုံနဲ့ ရှိူးလျှောက်နေတာ
    လက်ခံစရာအကြောင်းကိုမရှိ
    ဖန်သားပြင်ပေါ်ကြည့်နေကြတဲ့
    မယ်သီလရှင်တွေ အတုယူ လိုက်လုပ်ကုန်မှဖြင့် သာသနာ ပုံရိပ်ကျဆင်းမယ်။

    မော်ဒယ်မ က ဒီဝတ်စုံဝတ်ပြီး
    ဒီလိုတွေ လုပ်ပြတာဟာ
    သီလရှင်လောကကိုစော်ကားသလို
    ငါတို့ဘာသာဝင်တွေ တန်ဖိုးထားတဲ့
    ဣန္ဒြေရှင် သီလဆောက်တည်သော သီလအရှင်လေးတွေဝတ်တဲ့ဝတ်စုံမို့ နောက်နောင် ပေါ့ပျက်ပျက်နဲ့ ရှိူးမလျှောက်ဖို့ ၊ အပျော်မဝတ်ဖို့ တားကိုတားရမယ်ဆိုတာမှန်တယ်။

    🔺ကျွန်မလည်း မနှစ်သက်ပါ ။ ဒီလုပ်ရပ်အပြုအမူကို ကန့်ကွက်ပါတယ်။

    တစ်ဖက်ကနေ ပြန်လှည့်စဉ်းစားတွေးကြည့်ကြရအောင်ပါ…

    📍စင်ပေါ်က မော်ဒယ်က သာသနာနဲ့ ဆိုင်တဲ့ သီလရှင်ဝတ်စုံဝတ်တာက သာသနာညှိုးနွမ်းတယ်လို့ ဆိုရင်

    📍သာသနာထဲက မယ်သီလရှင်က သီလရှင်ဝတ်စုံဝတ်ပြီး မော်ဒယ်လိုနေရင်ရော?

    ဒါကိုလည်း တလက်စတည်း တွေးကြစေချင်တယ်။

    မယ်သီလရှင်က မယ်သီလရှင်ဝတ်စုံဝတ်ပြီး လူမူကွန်ယက်ပေါ်မှာ ကြာပစ်ပြရင် မျက်စိမှိတ်ပြရင် လျှာထုတ်ပြရင်

    TikTok ပေါ်ဖြစ်ချင်တာဖြစ်ပြ

    TikTok ပေါ်လုပ်ချင်ရာလုပ်ပြ

    ကစားကွင်းသွားပြ

    အလှပုံတွေ pose အမျိုးမျိုးနဲ့ရိုက်ပြ

    ရေကူးပြ

    ပန်းခြံထဲလျှောက်ပြ

    ပင်လယ်ထဲ ဆော့ပြ

    ရေတံခွန်မှာ ရေစိမ်ပြ

    သီချင်းလေးတွေနဲ့ ကပြ

    ဟင်းချက်ပြ စားပြ

    ကော်ဖီသောက်ပြ

    ရန်ဖြစ်ပြ

    သရုပ်ဆောင်ပြ

    Effect တသိန်းနဲ့ နုုတ်ခမ်းနီပါးနီနဲ့

    တေးသရုပ်ဖေါ်ပြ

    မန့်ထဲ သင်္ကန်းခြုံ နှာဗူး တသိုက်က အားပေးပြ

    အချင်းချင်း အဟင့် ..အဟွန့်…အဟီး.. ခစ်ခစ် စတဲ့ အနုအရွသံစုံစကားလုံးတွေနဲ့ emoji ဗလပွနဲ့ အားပေးနေလိုက်ကြနဲ့

    နှလုံးသားဒဿနအချစ်စာသား တွေနဲ့ လွမ်းပြ ဆွေးပြ ငိုပြ ငိုင်ပြ ကိုယ်ရုံကို ခေါင်းမှာပတ်ကာ
    ဆံပင်တုအဖြစ် စိတ်ကူးယဉ် သပ်တင်လိုက်သေးတာ နောက်ခံတေးနဲ့ TikTok ထဲ စျေးဗန်းခင်းပြ

    📌အဲ့လိုမယ်သီလရှင် မုန့်ကြွပ်မတွေ မထော်မမန်း လုပ်နေကြတဲ့အခါမှာ ရော ဒီ ဝတ်စုံလေးက လွတ်ငြိမ်းခွင့်ရှိသွားပါသလား?

    ဒါမျိုး တွေလုပ်နေတာသိကြမြင်ကြတဲ့အခါမှာလည်း ဘာသာဝင်ပြည်တွေက ကန့်ကွက်သင့်တာပေါ့..မဟုတ်ဘူးလား!!

    မယ်သီလရှင်တွေက မယ်သီလရှင် ဝတ်စုံဝတ်ပြီး မုန့်ကြွပ်လုပ်ပြနေရင်တော့ ဝတ်စုံတူဝတ်တဲ့ မမကြီးတွေ ညီမလေးတွေက အားပေးတယ်။

    သည်းခံကြတယ်။

    မဆိုင်သလိုနေကြတယ်။

    မသိဟန်ဆောင်ကြတယ်။

    မနာကြဘူး။

    မတိုင်ကြဘူး။

    တပါးတလေ “စုန်းပြူးလေးတွေ” ပါဟုတောင် ချစ်စနိုး ခေါ်ဝေါ်သမုတ်လိုက်ကြသေးတာ ကရောဖြစ်သင့်ပါသလား?

    📌မော်ဒယ်မက မယ်သီလရှင်လိုလုပ်ရင်နာသလို မယ်သီလရှင်တွေ မော်ဒယ်မ လိုလုပ်နေရင်လည်း နာတတ်ကြရမယ်။

    📌ဒီလိုလုပ်နေတဲ့ မယ်သီလရှင် မုန့်ကြွပ်မတွေကိုလည်း အရေးယူဖို့ တောင်းဆိုတတ်ကြရမယ်။

    📌မယ်သီလရှင်ဘဝ ခံယူထားပြီး
    မယ်သီလရှင်ဝတ်စုံဝတ်ထားပြီး
    မယ်သီလရှင်လို မနေကြတဲ့
    မယ်သီလရှင်တွေကိုလည်း
    ဆုံးမ တတ်ကြရမယ်။
    ထောက်ပြတတ်ရမယ်။
    ပြင်းပြင်းထန်ထန်ဝေဖန်ရှူံ့ချတတ်ကြရမယ်။
    လုံးဝ အားမပေးပဲနေကြရမယ်။
    လုမှုကွန်ယက်ပေါ်မှာလည်း
    လှိုင်းလုံးကြီးလို
    အုံနဲ့ကျင်းနဲ့ ရှုံ့ချတတ််ကြမှ
    သာသနာအတွက် ပုံရိပ်လှပါလိမ့်မယ်။

    🔺အပြင်ကလူ အထဲဝင်ပြီး ပစ္စည်းယူတာကိုမခံနိုင်သလို

    🔺အထဲကလူ က အပြင်ကို ပစ္စည်းထုတ်မသွားဖို့လည်း ထိန်းနိုင်ရမယ်။

    🔺အပြင်ကလူ အထဲဝင်မဖျက်ဖို့ တားသလို၊
    အထဲကလူ အပြင်ထွက်မပျက်ဖို့လည်း မေ့မထားသင့်ဘူး!

    မအေးပု။

    🌻🌻သာသနာကို ခုတုံးလုပ်သူများသို့ 🌻🌻

    သာသနာဆိုတာ ကိုယ်ကျိုးစီးပွားအတွက် အသုံးချရမယ့် လှေကားထစ်မဟုတ်ပါဘူး

    မြင့်မြတ်တဲ့ သာသနာတော်ကို အကာအကွယ်ယူပြီး ကိုယ်ကျိုးရှာတာဟာ မိမိကိုယ်တိုင် ငရဲမီးကို ခေါ်ယူနေတာနဲ့တူပါတယ်။

    သာသနာ့အရိပ်ကို ခိုလှူံသူမှန်ရင် သာသနာ့သိက္ခာကို စောင့်ထိန်းကြရပါတယ်။

    သရုပ်ဆောင်တာနဲ့ သရုပ်ပျက်တာ မတူပါဘူး

    အနုပညာအရ သရုပ်ဆောင်တာမျိုး မဟုတ်ဘဲ သာသနာ့အသွင်အပြင်ကို အသုံးချပြီး လိမ်လည်လှည့်ဖြား၊ ကြည်ညိုဖွယ်မရှိတဲ့ မျက်နှာထားနဲ့ဟန်ပန် အမူအယာ ရှပ်ပြာပြာ လုပ်ရပ်တွေလုပ်ပြတာဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သဒ္ဓါတရားနဲ့ တန်ဖိုးထားမှုကိုစော်ကားတာပဲ ဖြစ်ပါတယ်။

    ကံ ကံ၏အကျိုးဆိုတာသည် အမြဲရှိပါတယ်

    ဘာသာ သာသနာကို ခုတုံးလုပ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေဟာ ခဏတာသာဖြစ်ပြီး၊ ဖျက်ဆီးတဲ့ အကုသိုလ်ကံကတော့ တသက်လုံး လိုက်ပါနေမှာပါ။🌺

    ဘာသာ သာသနာကို ချစ်ရင် ဂုဏ်ကို မြှင့်တင်ကြရမှာပါ။🌻

    သာသနာတော် တည်တံ့ပြန့်ပွားဖို့ဆိုတာ လေးစားကြည်ညိုဖွယ် ကျင့်ကြံနေထိုင်ခြင်းနဲ့ စတင်တည်ဆောက်ကြရတာပါ။

    ကိုယ့်ရဲ့မဆင်မချင် လုပ်ရပ်တစ်ခုကြောင့် သူတစ်ပါးအလေးအမြတ်ထားရာ ဘာသာတရားပုံရိပ်တစ်ခု ထိရှရတာမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။

    အပေါ်ယံအရေပြား အသွင်အပြင်က လူကို မြင့်မြတ်မှုမရစေပါဘူး၊

    စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကသာ လူကို မြင့်မြတ်စေတာပါ🙏

    လျှာရှည်ပြီးရေးနေတာမဟုတ်လို့ သိချင်ရင် ပြိုင်ပွဲဝင်ချိန် ဆန်ခံမောင်းထောင်ခွက်ကိုင်ပြီး ရွပိုးထိုးပြနေတဲ့ သီလရှင်ဟန်ပန်လုပ်ပြနေတာသာ ဝင်ကြည့်လိုက်ကြပါ🙏

    သီလရှင်အတု တွေတောင် အဲ့လောက် သိက္ခာမမဲ့ဘူး ။🙏🙏🙏

    သိက္ခမာန်

    Htoo Khant Kyaw – ထူးခန့်ကျော်

    ထူးမြတ်ရတနာ နဂါးဖြူ ကျောင်းတိုက်