Author: Baby Yit Lone
-

ကျောက်ဖြူ သိုင်းချောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ရာချီသေဆုံးပြီး စစ်အရာရှိများ စံချိန်တင်သေဆုံး
ကျောက်ဖြူမြို့နယ်အတွင်း AAကထိုးစစ်ဆင်တိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများနေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းသုံး ဝင်ရောက်တပ်စွဲခဲ့သော သိုင်းချောင်းနှင့် မင်းပြင်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က AAတပ်များ ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ သိုင်းချောင်းကျေးရွာ တိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ရာချီသေဆုံးမှုရှိခဲ့ပြီး စစ်ကြောင်းမှူးအဆင့်ရှိသူများကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ”တိုက်ပွဲတွေကပစ်ခတ်တဲ့အသံတွေ ကျောက်ဖြူမြို့ကအထိ ကြားနေရပြီ။ မြို့ကခွါချင်သူလည်း များနေပြီပေါ့နော် အခြေအနေ လှုပ်လှုပ်ခတ်ခတ်ရှိတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ပြောသည်။ သေဆုံးတပ်ဖွဲ့ဝင်များထဲမှ အရာရှိအဆင့်ရှိသူများကိုသာ စစ်ကော်မရှင်က ဆွဲထုတ်ပြီး ကပ်သပြေနှင့် စစ်တောလမ်းဆုံ၊ ဓညဝတီရေတပ်ဌာနချုပ်ဘက်သို့ တပ်ဆုတ်ထွက်ပြေးကြကြောင်း သိရသည်။ ကပ်သပြေဘက်ဆုတ်ပြေးရာတွင် AAကလိုက်လံတိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေပြီး လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူနေခဲ့သည်။ ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲသည်…
-

မကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်နေပြီ
မကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူတွေတိမ်းရှောင်ပေးရန် PDF မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူပြော မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက ပြောပါတယ်။ ဒါကြောင့် အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ “စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကို PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မနက်ပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စလင်း မြို့ပေါ်က သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်း ကြိုတင်ရွေ့ပြောင်းထားကြဖို့…
-

စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်
စစ်တပ်ပေါ်တာဆွဲ၍ လူငယ်များ ညဘက် မထွက်ရဲ ဖြစ်နေချိန် စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင် အာဏာသိမ်း စစ်တပ် ပေါ်တာဆွဲသည့် ရန်ကိုကြောက်သဖြင့် လူငယ်များ ညဘက် မသွားရဲ၊ မလာရဲဖြစ်နေချိန်တွင် စစ်ခေါင်းဆောင်က ညဘက် လျှောက်သွား ပြနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ လှောင်ပြောင်ခဲ့ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ဒီဇင်ဘာ ၂၀ရက်က ၄င်းတို့ ပြည်မြို့ ညစျေးတန်းအား လျှောက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေအား ဦးစိုင်းသန်းထိုက်က လှောင်ပြောင်ထားခြင်း ဖြစ်သည်။ ” အဘ(မူရင်း အယ်ဘ) ကတော့ ဇွတ်။ လူငယ်တွေက ညဘက်မထွက်ရဲလို့ အိမ်စောစောပြန်နေရတဲ့ အချိန်မှာ အဘ(မူရင်း အယ်ဘ) က ညစျေးမှာ ညမင်းသားလုပ်နေတယ်”…
-

ခရိုနီ ၃ ဦးနှင့်ဗိုလ်ချုပ် ၄ ဦးအပါ ကိုးဦး ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ရုပ်သိမ်း
အာဏာသိမ်းစစ်တပ် ဖမ်းဆီး၊ ထောင်ချခဲ့သည့် ခရိုနီ ၃ ဦး၊ ဗိုလ်ချုပ် ၄ ဦးနှင့် သူရဦးအောင်ကို၊ ဦးမြင့်နိုင်တို့အား ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များကို နိုဝင်ဘာ ၄ ရက်က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ဘွဲ့တံဆိပ်ရုပ်သိမ်းခံရသည့် ခရိုနီသုံးဦးမှာ ရိုးမဘဏ်နှင့် FMI လုပ်ငန်းစုဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ(ခ) Serge Pun(သီရိပျံချီဘွဲ့)၊ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ(ဝဏ္ဏကျော်ထင်ဘွဲ့)၊ ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်(စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်)တို့ ဖြစ်ကြသည်။ ဘွဲ့၊တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်လေးဦးမှာ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း (ဇေယျာကျော်ထင်ဘွဲ့)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်(ဇေယျာကျော်ထင်ဘွဲ့)၊ တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုး(ဇေယျကျော်ထင်ဘွဲ့)နှင့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် ဇော်လွင်ဦး(ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်)တို့ ဖြစ်ကြသည်။ ဘွဲ့၊ တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် ဗိုလ်ချုပ်လှမြင့်စိုးတို့မှာ…
-

မိုးကုတ်တိုက်ပွဲ PDF ဒရုန်းကြောင့်စစ်တပ် အထိနာ
မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။ တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်စဲပြီး စစ်တပ် ပြန်နေရာယူထားတဲ့ မိုးကုတ်မှာ PDF က စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၃၀ရက်ကနေ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ “စကစတွေ မိုးကုတ်မျာ အထိနာတယ်။ ဒီမနက်ပိုင်း PDF ဘက်က ဒရုန်းတိုက်ခိုက်တာ။ မနက် ၈ နာရီခွဲနဲ့ ၉ နာရီမှာ ၂ကြိမ်။ မိုးကုတ်အောင်မြေကျောင်းကိုလာချတာ။ အဲဒီမှာ စကစ တပ်တွေ နေရာယူ စုနေတဲ့နေရာလို့ပြောကြတယ်။ အလောင်းတွေ သယ်ထုတ်နေတာ အဝေးကနေ နည်းနည်းတော့ မြင်ကြတယ်”လို့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ကျပ်ပြင် ၊ ပင့်ကူတောင်ပေါ် ရှိတဲ့စေတီအနီး ယနေ့နံနက် ၁၀ နာရီခွဲမှာ ဒရုန်းဗုံးတွေကျခဲ့ပြီးပေါက်ကွဲခဲ့တယ်လို့ ဒေသခံအချို့ကလည်း…