Author: Baby Yit Lone
-

The Anacondas
The Anacondas (2025) မက္ကဆီကိုရဲ့ဝေးလံခေါင်သီတဲ့ ချိုင့်ဝှမ်းတစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်နဲ့ စူးစမ်းရှာဖွေသူတစ်စုဟာ မြွေကိုကိုးကွယ်တဲ့ ရှေးခေတ်ယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် သူတို့ဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ ဒီအောင်မြင်မှုဟာ မကြာခင်မှာပဲ ကြောက်လန့်စရာအဖြစ်အပျက်တစ်ခုကို ဦးတည်သွားခဲ့ပါတယ်။ သူတို့ဟာ ပိတ်လှောင်ထားတဲ့ ဗိမာန်တစ်ခုကို ဖွင့်မိခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာ လူသားစားသောက်ရခြင်းမရှိဘဲ ငတ်မွတ်နေတဲ့ ဧရာမမြွေကြီးတစ်ကောင်ကို နှိုးဆွလိုက်မိခဲ့ကြပါတယ်။ ဒီမြွေကြီးဟာ သာမန်မြွေမျိုးမဟုတ်ဘဲ ရှေးခေတ်က ပူဇော်သက္ကာဘုရားကျမ်းတွေမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး လူသားတွေကို စားသောက်တိုင်း ပိုကြီးလာသလို ပိုရန်စလာတတ်ပါတယ်။ မြွေကြီးနိုးလာချိန်မှာ ထွက်ပေါက်တွေပျောက်ကွယ်သွားပြီး အဖွဲ့ဝင်တွေရဲ့ကိုယ်ပိုင်အကြံအစည်တွေလည်း ပျက်ပြားသွားပါတယ်။ လက်နက်နည်းပါးပြီး အချင်းချင်းယုံကြည်မှု ပျက်ပြားလာချိန်မှာ ကျန်ရှိတဲ့လူတွေဟာ နည်းအမျိုးမျိုးနဲ့မြွေကြီးကို ကာကွယ်ဖို့ ကြိုးပမ်းကြရပါတယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ စူးစမ်းရှာဖွေရေးအဖွဲ့ဟာ အရိုးစုတွေအဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ ရှိမလား…
-

October Sonata
October Sonata (2009) ရက်စွဲတွေပါတဲ့အမှတ်တရဇာတ်လမ်းတွေဟာ ဇာတ်သိမ်းမလှတာတွေများပါတယ်။ “အမှတ်တမဲ့မှအမှတ်တရများသို့ “ဆိုတဲ့စကားအတိုင်း အမှတ်တမဲ့ဖြစ်ရပ်သေးသေးလေးကစတင်ခဲ့တဲ့ “ဆဲန်ကျန်”ဆိုတဲ့စာမဖတ်တတ်တဲ့ကောင်မလေးတစ်ယောက်နဲ့ နိုင်ငံခြားမာစတာတန်းပညာတော်သင်ကျောင်းသားဖြစ်တဲ့ “ရာဝီ” တိုရဲ့အချစ်ရေးအကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ “ဆဲန်ကျန်”ဟာ မထင်မှတ်ထားတဲ့ နှစ်တစ်နှစ်ရဲ့ အောက်တိုဘာလမှာ “ရာဝီ”ဆိုတဲ့ကောင်လေးနဲ့တွေ့ခဲ့ကြပါတယ်။ တစ်ညတာအတွင်း ရင်းနှီးခဲ့ကြတဲ့သူတို့နှစ်ယောက်ကြားကဆက်ဆံရေးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲကုန်ဆုံးသွားခဲ့ပါတယ်။ အကြောင်းကတော့ “ရာဝီ”ဟာ နိုင်ငံခြားပညာတော်သင်သွားဖို့ဖြစ်လာခဲ့လိုပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အဆုံးသတ်မသွားခဲ့ပါဘူး။ နှစ်တိုင်းရဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ နှစ်ယောက်သားရဲ့အမှတ်တရနေရာလေးဆီပြန်လာကြဖို ကတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ “ဆဲန်ကျန်”ဟာ အောက်တိုဘာလ ၈ရက်နေ့ရောက်တိုင်း အမှတ်တရတွေရှိခဲ့တဲ့နေရာလေးမှာ အမြဲတမ်းစောင့်မျှော်နေခဲ့ပါတယ်။ “ရာဝီ”ကရော ကတိအတိုင်းပြန်လာပါ့မလား။ သူတိုနှစ်ယောက်ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးနိုင်ပါ့မလား။ “ဆဲန်ကျန်”ကရော ရာဝီတစ်ယောက်တည်းကိုပဲ စောင့်စားပါ့မလား။ အချစ်နဲ့ဘဝရွေးချယ်ဖို့ဖြစ်လာတဲ့အခါ လူတွေဟာဘယ်အရာကို ဦးစားပေးသွားကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
-

ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး
ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။ Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက်…
-

ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ
ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။ PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။ ၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို…
-

ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်
ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက် ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး မှော်ဘီနဲ့တောင်ငူလေတပ်က တိုက်လေယာဉ်တွေ ဆက်တိုက်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်) မနက်အစောပိုင်းမှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။ “တောင်ငူကနေ ခဏချင်း တစ်စီးပြီးတစ်စီး တက်နေတယ်။ တဝေါဝေါပဲ။ မင်းလှဘက်မှာ PDF တွေက စခ စခန်းတွေကိုချနေကြတယ်တဲ့”လို့ တောင်ငူမြို့ခံက ပြောပါတယ်။ မှော်ဘီလေတပ်ကနေလည်း ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းသာခြားပြီးတစ်စီးပြီးတစ်စီး တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနက် ၄ နာရီကျော်လောက်ထဲက တောက်လျှောက်ကို ပစ်နေတာပါ။…