Author: Baby Yit Lone
-

ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်
ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ တာလေးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး မင်းလှမြို့နယ်၊ အညှာတန်းကြီးကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးပစ်ကူများ မရပ်မနား ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ပြင်းထန်နေသဖြင့်…
-

ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး
စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို အမှုဆင်ဖမ်းဆီးငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံးသွားကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲမှူးဝင်းလှိုင်သည် ကျန်းမာရေးမကောင်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးမီအချိန် အထိ ဖျာပုံမြို့နယ်အတွင်း စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်လုပ်ခြင်း၊ လူငယ်များကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီး၍ စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း ၊ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်သူများထံမှ ဆက်ကြေးကောက် လာဘ်ပေးလာဘ်ယူလုပ်ခြင်းများကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ “ရဲမှူး ဝင်းလှိုင်က သေတာကတော့ ကျန်းမာရေးမကောင်းလို့…
-

Please Don’t Feed the Children
Please Don’t Feed the Children (2025) Please Don’t Feed the Children ဆိုတဲ့ကားကတော့ ၂၀၂၅ ခုနှစ်မှာထွက်ရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ Steven Spielberg ရဲ့သမီးဖြစ်သူ Destry Allyn Spielberg ကိုယ်တိုင်ရိုက်ကူးထားပြီး မင်းသမီးကြီး Michelle Dockery နဲ့ Giancarlo Esposito တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို Survival ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ လူကြီးတွေကိုပဲကူးစက်ပြီး လူသားစားတဲ့သတ္တဝါတွေအဖြစ်ပြောင်းလဲစေတဲ့ ဗိုင်းရပ်စ်ဆိုးကြီးပျံ့နှံ့သွားတဲ့အချိန်မှာ ကလေးတွေကို ရောဂါသယ်ဆောင်သူတွေအဖြစ်သတ်မှတ်ပြီး အကျဉ်းစခန်းတွေထဲထည့်ထားတဲ့ ကာလတစ်ခုကိုအခြေခံထားပါတယ်။ မိဘမဲ့မိန်းကလေးဖြစ်တဲ့မယ်ရီ ဟာ စခန်းကနေထွက်ပြေးလာရင်း ဂျက်ဖီ၊ဆက်ဒ် တို့လို တခြားမိဘမဲ့ကလေးတစ်သိုက်နဲ့ဆုံမိပြီး နယ်စပ်ဘက်ကလွတ်မြောက်ရာလမ်းကိုရှာဖွေဖို့ ခရီးဆက်ကြပါတော့တယ်။ လမ်းခရီးမှာအစားအစာခိုးယူရင်းဒဏ်ရာရလာတဲ့သူငယ်ချင်းအတွက် ဆေးကုဖို့ ကလာရာ ဆိုတဲ့အမျိုးသမီးရဲ့အိမ်မှာ ဝင်ရောက်ခိုလှုံမိရာကနေ…
-

Tell Me Softly
Tell Me Softly (2025) အချစ်ဦးရဲ့အနမ်းလား… အချစ်ဆုံးရဲ့အရိပ်လား(ညီအစ်ကိုနှစ်ယောက်ကြားက”ဗျာ”များရတဲ့ရွေးချယ်မှု) Young Adult Romance, Drama ကားကောင်း ကြိုက်သူတွေအတွက်စပိန်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဇာတ်လမ်းကို ပုံဖော်ထားတဲ့ “Tell Me Softly” (2025) ကားသစ်လေးပဲဖြစ်ပြီး ဒီကားကိုတော့ နာမည်ကြီး စပိန်ဒါရိုက်တာ Denis Rovira van Boekholt က ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဥရောပတလွှားနာမည်ကြီးတဲ့ မင်းသား Fernando Lindez (သီယေဂိုအဖြစ်)၊ DiegoVidales (တေလာအဖြစ်) နဲ့မင်းသမီး Alícia Falcó (ကာမီအဖြစ်)တို့ကပါဝင်သရုပ်ဆောင်ထားတာမလို့ ဇာတ်ကားပြီးသွားတဲ့အချိန် ရင်ထဲမှာတစ်ခုခုလိုနေသလို ဟာတာတာကြီးဖြစ်သွားချင်ရင်တော့ လက်ကိုမလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဥ်း ကာမီရဲ့ ကမ္ဘာငယ်လေးဟာ တစ်ချိန်ကဒီဘန်ယီကိုညီအစ်ကိုတွေနဲ့ ပြည့်စုံခဲ့ဖူးပါတယ်။ တစ်ယောက်က သူမရဲ့ နှလုံးသားကိုပထမဆုံးခိုးယူသွားတဲ့အချစ်ဦးသီယေဂို၊ နောက်တစ်ယောက်ကတော့ သူမဘေးမှာ…
-

မတော်တရော်
💕အခန်း (၁)💕 ရန်ကုန်မြို့ မောင်ထော်လေးလမ်းရှိ တည်းခိုခန်းတစ်ခု၏ ဧည့်ခန်းအတွင်းတွင် လူနှစ်ယောက် တီးတိုးစကားပြောနေကြသည်။ တစ်ယောက်က အရပ်အနည်းငယ်ပုသော လူရည်သန့် တစ်ဦးဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပထမလူထက် အသက်အနည်းငယ်ကြီးပုံရပြီး လူကောင်ထွားထွား၊ အသားညိုညို မြင့်မြင့်နှင့် ဖြစ်သည်။ ”အစ်ကိုညိုကလည်း ဒါလေးတောင် ဖြစ်အောင် မလုပ်ပေးနိုင်ဘူးလား။” လူထွားကြီးက အရပ်ပုပုလူကို စိတ်ပျက်လက်ပျက်နှင့် ပြောသည်။ ”ဇော်ကြီးကလဲကွာ… ငါလည်း တစ်နေကုန်ထွက်ပြီး လိုက်ရှာနေတာပဲ အခုဟာက စီမံချက်ရှိလို့တဲ့ကွ” ”ဟူး” ဇော်ကြီး ဆိုသော လူထွားကြီး စိတ်ပျက်လက်ပျက်နှင့် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ”ဇော်ကြီးကလဲကွာ…. စိတ်မပျက်ပါနဲ့ … နောက်တစ်ခေါက်တော့ ရမှာပါကွာ…။ အရင် အခေါက်တွေကလည်း ငါရအောင် ရှာပေးခဲ့တာဘဲဟာ…” ကိုညိုဆိုသောလူက လေပြေထိုး၍ ဇော်ကြီးကိုဖျောင်းဖျသည်။ ဇော်ကြီးက ကုလားထိုင်နောက်မှီပေါ် လှန်၍တင်ထားသော…