Author: Baby Yit Lone

  • Theeyavar Kulaigal Nadunga

    Theeyavar Kulaigal Nadunga

    Theeyavar Kulaigal Nadunga (2025) “ပြုသည့်ကံ” လျှို့ဝှက်ဆန်းကြယ်တဲ့ လှည့်ကွက်၊ ပဟေဠိများစွာနဲ့ အသစ်ထွက်ရှိလာတဲ့ တမီးလ် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ညသန်းခေါင်ကြီးမှာ အိပ်မပျော်တဲ့အတွက် ကားလျှောက်မောင်းနေခဲ့တဲ့ စာရေးဆရာကြီးဂျီဘာ လမ်းပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ စာရေးဆရာရဲ့သေဆုံးမှုက မတော်တဆလား လူသတ်မှုလားဆိုတာ ဒွိဟဖြစ်စရာ ဖြစ်နေခဲ့တာပေါ့။ ထူးဆန်းတဲ့ အမှုဖြေရှင်းပုံဖြေရှင်းနည်းတွေကြောင့် နာမည်ကြီးတဲ့ အရာရှိမာဂူဒါပတ်သီကဒီအမှုကို စုံစမ်းဖော်ထုတ်တဲ့အခါ။ စာရေးဆရာနေထိုင်သွားတဲ့ အဆောက်အဦက တိုက်ခန်းပိုင်ရှင်တွေရဲ့ ကိုယ်စီလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာတဲ့အခါမှာတော့…။

  • ဘယ်လိုမိဘတွေပါလိမ့်

    ဘယ်လိုမိဘတွေပါလိမ့်

    ချက်ကြိုးတောင် မဖြတ်ရသေးတဲ့ မွေးကင်းစ လူမမယ်လေးကို အမေကိုယ်တိုင်ပြန်သတ်တဲ့ဖြစ်ရပ် ဒီအဖြစ်ပျတ်လေးကတော့ 8 လပိုင်းကဖြစ်သွားပါ ထိုင်းနိုင်ငံ ခွန်ကန်ပြည်နယ်မှာ မီးဖို တည်ရှိတဲ့မြေပိုင်ရှင်ဟာ သူ့ခြံထဲ အသွား မီးဖိုမှာ မီးခိုးရှိနေတာ တွေ့တာကြောင့် သွားရောက်ကြည့်ချိန်မှာတော့ ကလေးရဲ့ချက်ကြိုးတန်းလန်းလေးက မီးလောင်မကုန်ပဲ ကျန်ခဲ့တာတွေ့သောကြောင့် တာဝန်ရှိရဲကိုတိုင်ကြားလိုက်ပါတယ် တာဝန်ရှိများ လာရောက်ကြည့်ရှူစစ်ဆေးကြပြီး တရားခံဖြစ်တဲ့ အဖေနဲ့အမေကို သွားရောက်စစ်ဆေးချိန်မှာ စစတော့ အမေဖြစ်သူက ဝန်မခံပါဘူး ကလေးကိုနို့တိုက်နေရင်းအိပ်ပျော်သွားလို့ သူ့ကိုယ်လုံးနဲ့ ဖိမိပြီး သူနိုးလာတော့ သူ့ကလေးအသက်မရှိတော့ဘူး သေနေပြီးမို့လို့ မီးဖိုထဲသွားထည့်ပြီး မီးရှို့လိုက်တယ်လို့လိမ်ပါတယ် စစ်ဆေးချက်အရကလေးရဲ့ ကိုယ်လုံးမှာ ဘာညိုမဲဒဏ်ရာမှမရှိ ဦးခေါင်းအနှောက်ဖက်မှာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် သေဆုံးတာမို့လို့ ရဲ အရာရှိများက မယုံကြည်ပဲ စစ်ဆေးပြုလုပ်မှုတွေ ထပ်လုပ်မှ ဝန်ခံပါတော့တယ် အမေဖြစ်သူဟာ ကလေးကို ကိုယ့်ဘာကို အိမ်မှာပဲမွေးပါတယ်…

  • ဂိမ်းစွဲနေတဲ့ဖခင်က သားလေးငိုလို့ ကလေးရဲ့ ဇာတ်ပိုးကို အားကြီးနဲ့ ရိုက်

    ဂိမ်းစွဲနေတဲ့ဖခင်က သားလေးငိုလို့ ကလေးရဲ့ ဇာတ်ပိုးကို အားကြီးနဲ့ ရိုက်

    ဂိမ်းစွဲနေတဲ့ဖခင်က သားလေးငိုလို့ ကလေးရဲ့ ဇာတ်ပိုးကို အားကြီးနဲ့ ရိုက် ဒီလိုရိုက်ချင်းက ပထမအကြိမ်လဲ မဟုတ်ပါဘူးတဲ့ ဒီတစ်ခါက အရမ်းကြမ်းတယ်လို့ မိခင်ဖြစ်သူကပြောပါတယ် 8 လသား ကလေးဇတ်နေရာဆိုတာ နုနယ်ပြီး အခန့်မသင့်ရင် ကလေး tay သွားနိုင်တယ်နော် 11/7/2025 က ထိုင်းနိုင်ငံ ယာလာပြည်နယ်မှာနေတဲ့အမေ ဖြစ်သူက တိုင်ကြားလာတာဖြစ်ပါတယ် ဖြစ်စဉ်က မိန်းမဖြစ်သူက ယောင်္ကျားဖြစ်သူကို လှမ်းပြောတယ် ယောင်္ကျား ဒီနေ့ မိန်းမအဖေက ကလေးနို့မှုန့် ဝယ်ဖို့ ပိုက်ဆံ 2000 ပေးလာတယ်ဆိုပြီးပြောလိုက်ချိန် မှာ ယောင်္ကျားဖြစ်သူက ငါ့မှာပိုက်ဆံမှမရှိတာ ဘယ်လို ဝယ်ပေးနိုင်မလဲဆိုပြီး အော်ကြီးဟစ်ကျယ် မိန်းမကို ပြန်ပြောပါတယ် ထို့နောက် မိန်းမက သားလေးကို သူ့အဖေဆီ ခဏထား ပြီး နောက်ဖေးထဲ ငါးမိနစ်တောင်မကြာပဲသွားလိုက်တဲ့ချိန်မှာ မိခင်က…

  • A Paw Patrol Christmas

    A Paw Patrol Christmas

    A Paw Patrol Christmas (2025) Cartoon ချစ်သူတွေအားလုံးသိကြတဲ့ Paw Patrol ကာတွန်းရုပ်သံဇာတ်လမ်းတွဲရဲ့ နောက်ထပ်ရုပ်ရှင်တစ်ခုထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်အတိုင်း ခရစ္စမတ်ပွဲကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ္စမတ်ရာသီကိုရောက်လာတဲ့အချိန်မှာ Paw Patrol အဖွဲ့တို့ နေထိုင်ရာမြို့လေးမှာ ခရစ္စမတ်သစ်ပင်အလှဆင်ပွဲလုပ်ဖို့ဖြစ်လာပါတယ်။ မြို့တော်ဝန်ဂွတ်ဝေးကလည်း သူ့ရဲ့မြို့လေးကိုအလှဆုံးဖြစ်အောင်ဆိုပြီး မြို့တော်ခန်းမရှေ့ရင်ပြင်မှာရှိတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ဖို့လုပ်နေတာပါ။ ဒါပေမဲ့ သစ်ပင်ရဲ့ထိပ်မှာကြယ်ပွင့်ဟာ အရမ်းကြီးတာမလို့ Paw Patrol အဖွဲ့ရဲ့အကူအညီကိုလိုနေပါတယ်။ ဒီလိုနဲ့ပဲ Paw Patrol အဖွဲ့အတွက် အားလပ်ရက် ခရစ္စမတ်တာဝန်ကြီးတစ်ခု ရောက်ရှိလို့လာခဲ့ပါပြီ။

  • Diary of A Wimpy Kid: The Last Straw

    Diary of A Wimpy Kid: The Last Straw

    Diary of A Wimpy Kid: The Last Straw (2025) ဒီဇာတ်ကားလေးကတော့ ဒီဇင်ဘာလ (၅) ရက်နေ့ကမှ ထွက်ထားတဲ့ Animation/Comedy ကားသစ်လေးပါ။ ဒီဇာတ်ကားမှာတော့ Greg တစ်ယောက် သူ့အဖေရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတာကို တွေ့ရမှာပါ။ Greg ရဲ့အဖေ Frank ဟာ သူ့သားရဲ့ အနေအထိုင် အပြုအမူတွေကို ကြည့်ပြီး လုံးဝ ဘဝင်မကျ ဖြစ်နေပါတယ်။ သူ့သားကို ပျော့ညံ့လွန်းတယ်၊ ယောကျာ်းမပီသဘူးလို့ မြင်နေပြီး ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် Greg ကို သတိပေးချက်တစ်ခု ထုတ်လိုက်ပါတော့တယ်။ အဲဒါကတော့ Greg အနေနဲ့ အခုထက်ပိုပြီး ရင့်ကျက်မလာဘူး၊ သတ္တိမရှိလာဘူးဆိုရင် သူ့ကို…