Author: Baby Yit Lone
-

မေ့အတွက် ချန်ထားဦးနော်
နန်းမေခင် နှင့် ဒေါ်သင်းသင်းမြိုင်ကို အများက ညီအစ်မဟု ထင်ထားကြသည်။ အမှန်တော့ တူဝရီးတော်စပ်သည်။ ဒေါ်သင်းသင်းမြိုင် က နန်းမေခင်၏ အဒေါ်ဖြစ်သည်။ အသက် (၄၀) ထဲ ရောက်နေပြီ ဖြစ်ပေမယ့် လှတုန်းတောင့်တုန်း ဖြစ်သည်။ သူမ၏အလှကို မြင်သာအောင် ပြောရလျှင် မင်းသမီး ရတနာခင်လို အလှမျိုး ဖြစ်သည်။ ခပ်ဆင်ဆင်လည်း တူသည်။ နန်းမေခင်က အသက် (၂၂) နှစ်ရှိပြီဖြစ်သည်။ တက္ကသိုလ်တွင် သရုပ်ပြဆရာမလုပ်ရင်း Ph.D တက်နေသည်။ ဒါကြောင့်လည်း အဒေါ်ဖြစ်သူ ဒေါ်သင်းသင်းမြိုင်ထံ လာရောက်နေထိုင်ခြင်း ဖြစ်သည်။ နန်းမေခင်တို့ မိသားစုနေတာက တောင်ကြီးတွင် ဖြစ်သည်။ ဒေါ်သင်းသင်းမြိုင်က (၃၈) လမ်းထဲတွင် ကိုယ်ပိုင်တိုက်ခန်းဖြင့် နေသည်။ ဒေါ်သင်းသင်းမြိုင်တို့ လင်မယားတွင်က သားသမီးမရှိ၍ နန်းမေခင်ကို ငယ်ငယ်ကတည်းက…
-

စစ်ရှောင်များကို စစ်တပ်ကလေယာဉ်ဖြင့် လိုက်လံတိုက်ခိုက်
မန္တလေးဘက်မှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်တပ်ကလေယာဉ်ဖြင့် လိုက်လံတိုက်ခိုက် စစ်တပ်သည် စစ်ကိုင်းတိုင်း ခင်ဦးမြို့အရှေ့ခြမ်းရှိ ကုန်းကြီးရွာကို ဇန်နဝါရီ ၅ ရက် ည ၉ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မန္တလေးဘက်မှစစ်ရှောင်လာသည့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး အခြားစစ်ရှောင်သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်တပ်ကြဲချသည့်ဗုံးသည် ကုန်းကြီးရွာ စာသင်ကျောင်းနှင့် ဈေးဆိုင်တန်းအနီးသို့ကျခဲ့ကြောင်း၊ သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို စိစစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ခင်ဦးအခြေစိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံကပြောသည်။ “အခုလေကြောင်းချသွားတာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းရှေ့ ဘေးနားမှာ ဒီရက်ပိုင်းအတွင်းက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်နဲ့ ဝက်သားတုပ်ထိုးဆိုင်တွေ ပေါ်ကို ဗုံးတစ်လုံးကြဲသွားတာပါ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီးတစ်ယောက်၊ စုစုပေါင်း သုံးယောက်က ပွဲချင်းပြီး သေသွားတယ်၊ မိသားစုလိုက်ပဲ။ မောင်နှမ…
-

စစ်တပ် လက်လွှတ်ထားရသည့် ချင်းနှင့်ရခိုင်တွင် ရွေးကောက်ပွဲများပြီးဆုံး
စစ်တပ်က လက်လွှတ်လိုက်ရသည့် နေရာအများစုရှိသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၎င်းတို့ဦးဆောင်လုပ်သော ရွေးကောက်ပွဲများသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီဖြစ်သည်။ စစ်ကော်မရှင်က နယ်မြေအများအပြားလက်လွှတ်ထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီး စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအများစု အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိဟု ဆိုကာ ရခိုင်ပြည်နယ်မှ လေးမြို့နယ်၊ ချင်းပြည်နယ် သုံးမြို့နယ်နှင့် စစ်ကိုင်းတိုင်းမှ မြို့နယ် နှစ်ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့်…
-

အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး
မိုးမိတ်တွင် အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး “ထွက်ပြေးတာစစ်မှုထမ်းသင်တန်းဆင်းတွေချည်းပဲ။ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်းသူတို့ဝင်ရှာပြီးဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်” မိုးမိတ်မြို့ကိုရောက်နေတဲ့ စစ်သားတွေထဲက ပြည်သူ့စစ်သင်တန်းဆင်း ၄၀ ဦး ထွက်ပြေးလို့ လိုက်လံဖမ်းဆီးနေပြီး တပ်အပြောင်းအလဲလည်း လုပ်နေပါတယ်။ သင်တန်းဆင်းပြီးမိုးမိတ်ပို့ခံရတဲ့စစ်သားသစ် ၄၀ ဦးဟာ ဇန်နဝါရီလဆန်းမှာ ထွက်ပြေးတာဖြစ်ပြီး စစ်အုပ်စုက လက်သိပ်ထိုးပြီး လိုက်ရှာနေတာဖြစ်ပါတယ်။ ရပ်ကွက်တွေ၊ ရွာတွေထဲအထိ လိုက်ရှာစဉ်မှာ ဒေသခံတွေဆီ သတင်းပေါက်ကြားလာတာဖြစ်ပါတယ်။ “ထွက်ပြေးတာ စစ်မှုထမ်း သင်တန်းဆင်းတွေချည်းပဲ။ ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်း သူတို့ဝင်ရှာပြီး ဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်ပြန်ဝင်လာချိန်က တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေ ဖြစ်ပြီး ယခုရက်ပိုင်းမှာ တပ်မ(၉၉)နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်တွေကို…
-

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ
“အမေရိကန်က မာဒူရိုကို ဖမ်းဆီးပြပြီးနောက် KK Park အတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ စစ်တပ်က အသည်းအသန် ဖြိုဖျက်ပြပြန်” ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို စစ်တပ်က ယမန်နေ့ ဇန်နဝါရီ (၄) ရက်က တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိ ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ (၄) ရက်ကပင် KK Park နယ်မြေအတွင်းရှိ…