Author: Baby Yit Lone

  • AA ရဲ့စကေးလ်ကို မထိန်းနိုင်တော့ဘူး

    AA ရဲ့စကေးလ်ကို မထိန်းနိုင်တော့ဘူး

    စစ်တပ်တွင် AA ကို ရင်ဆိုင်ရန် အရည်အချင်းရော အင်အားပါ မရှိတော့၍ လေကြောင်းမှ ဗုံးပတ်ကြဲ၍ ပြည်သူကို သတ်ဖြတ်ပြနေ ရွေးတုအစိုးရ စစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌သာမက ရခိုင်နှင့် ထိစပ်နေသော တိုင်း သုံး တိုင်းအပြင် စစ်ရေးအချက်အချာ စစ်ကိုင်းတိုင်းအထိ စစ်နယ်မြေ ကျယ်ပြန့်လာသည့် အာရက္ခ တပ်တော် (AA) ၏ တိုက်ခိုက်စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း သိရသည်။ အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်ရေး အင်အားကို အမေရိကန် အခြေစိုက် သုတေသနအဖွဲ့က အနိမ့်ဆုံး ၄၀,၀၀၀ ခန့်ရှိသည်ဟု ခန်းမှန်းထားပြီး လက်ရှိတွင် ယင်းထက်မက အဆမတန် ပိုမိုများပြား နိုင်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။ စစ်ဗျူဟာ သဘောတရားများအရ တိုက်စစ်ဆင်မည့် ဘက်က ခံစစ်ပိုင်းထက်…

  • လူငယ်တွေ ဆက်တိုက် ပျောက်ဆုံးနေတဲ့ ရန်ကုန်နဲ့ မန္တလေး

    လူငယ်တွေ ဆက်တိုက် ပျောက်ဆုံးနေတဲ့ ရန်ကုန်နဲ့ မန္တလေး

    ရန်ကုန်နှင့် မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားနေပြီး လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ နေ့ခင်းအချိန် အိမ်အောက်သို့ ခဏဆိုပြီး ဆင်းသွားသည့် စမ်းချောင်းမြို့နယ်မှ အသက် ၃၀ နှစ်အရွယ် ကိုအောင်ပြည့်စုံလည်း နေအိမ်ပြန်ရောက်မလာတော့ ရန်ကုန်နှင့် မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားနေပြီး လူငယ်များ ဆက်တိုက် ပျောက် ဆုံးနေကြောင်း ပျောက်ဆုံးနေသည့် လူငယ်များ၏ မိဘများနှင့်ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဇူလိုင်လအတွင်း စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၇ ကို ခေါ်ယူရန် ပြင်ဆင်နေစဥ်ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူငယ်များ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊မြင့်မိုရ်လမ်းတွင် နေထိုင်သည့် အသက် ၃၀…

  • ကလေးငယ်များကို အသုံးချ၍ ရထားသံလမ်းထိန်းကလစ်များ ခိုးယူသည့် ဂိုဏ်း

    ကလေးငယ်များကို အသုံးချ၍ ရထားသံလမ်းထိန်းကလစ်များ ခိုးယူသည့် ဂိုဏ်း

    ရှမ်းတောင်တွင် ကလေးငယ်များကို အသုံးချ၍ ရထားသံလမ်းထိန်းကလစ်များ ခိုးယူသည့် ဂိုဏ်းအား ဖမ်းဆီးရမိ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားသံလမ်းထိန်းကလစ် ၁,၀၀၀ ကျော် ခိုးယူခံခဲ့ရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများနှင့် လက်ခံဝယ်ယူသူအား ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ သံလမ်းတာဝန်ခံ ဦးဝင်းမင်းထွန်းက ရထားလမ်းပိုင်းအား လှည့်လည်စစ်ဆေးစဉ် ရေထွက်ဦးဘူတာနှင့် ထီသိမ်ဘူတာအကြား မိုင်တိုင်အမှတ် ၄၁၉/၂၃ နှင့် ၄၂၀/၃ ကြား၌ ရထားသံလမ်းထိန်းကလစ် ၁,၀၆၁ ခု ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပျောက်ဆုံးသွားသည့် ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ် ၃ သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်…

  • မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားပြ တိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား (ရုပ်သံ)

    မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားပြ တိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား (ရုပ်သံ)

    မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားမြတိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်မှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်ခံရလို့ ရွှေတပိဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။ ” ဖြစ်စဥ်က ဓားပြတိုက်တဲ့သူ သုံးဦးက ဆိုင်ထဲကိုဝင်လာပြီး ကောင်တာမှန်တွေခွဲပြီး ရွှေတွေယူသွားတာပါ အထဲကို လူသုံးယောက်ဝင်လာတာ ဆိုင်ကယ်က သုံးစီး၊ အပြင်မှာလည်းစောင့်နေကြတာ ရှိသေးတယ်၊ ရွှေဆိုင်က ဝန်ထမ်းတယောက် ခေါင်းပေါက်သွားတယ်” လို့ မီလျံနာရွှေဆိုင်က ဝန်ထမ်းတဦးကပြောပါတယ်။ ဖြစ်စဥ်မှန်ကန်ပြီး CCTV မှတ်တမ်းတွေ စစ်ဆေးနေကာ တရားခံဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေရေးတွေလုပ်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊…

  • သနားလို့ ကူညီပေးမိရာကနေ…

    သနားလို့ ကူညီပေးမိရာကနေ…

    “သနားလို့ ကူညီပေးမိရာကနေ… အခုတော့ ကိုယ့်မိသားစုပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အန်တီ (ဖမ်းမိထားတဲ့ ကလေးခေါ်သွားသူကြီး ထွက်ပြေးလွတ်မြောက်သွားလို့ ဒေါသထွက်စရာ ဖြစ်စဉ်ကြီးကို အမြန်ဆုံး ဝိုင်းရှယ်ပေးကြပါဦး)” အခုရက်ပိုင်း လူမှုကွန်ရက်မှာ အတော်လေး ဂယက်ရိုက်သွားတဲ့ ဒဂုံဆိပ်ကမ်းက ကလေးငယ်လေးကို ဟန်ဆောင်ခေါ်ယူပြီး တောင်းစားခဲ့တဲ့ ဖြစ်စဉ်ကြီးကို အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုတော့ ဖမ်းဆီးမိထားတဲ့ အဆိုပါ အမျိုးသားဟာ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ကူညီပေးခဲ့တဲ့သူတွေပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေဆိုးကြီးကို အများပြည်သူ သိရှိနိုင်အောင် အရေးပေါ် မျှဝေပေးလိုက်ပါတယ်။ 😭 သနားမိရာကနေ စတင်ခဲ့တဲ့ အလွဲကြီး “ကျွန်တော်နဲ့ သမီးလေး စားစရာမရှိလို့ ဒုက္ခရောက်နေပါတယ်။ ပရဟိတတွေ လာကူညီပေးကြပါ” ဆိုပြီး ဒဂုံဆိပ်ကမ်း၊ ကျီစု လယ်ကွင်းထဲမှာ တဲလေးနဲ့ ဟန်ဆောင်တောင်းစားနေသူကတော့…