Author: Baby Yit Lone

  • လေယာဉ်တင် သင်္ဘောတွေပါ အသုံးပြုပြီး ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့ထား

    လေယာဉ်တင် သင်္ဘောတွေပါ အသုံးပြုပြီး ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့ထား

    ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

    အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အီရန် ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင် ပိတ်ဆို့ကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲရေးဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။

    CENTCOMရဲ့ အဆိုအရ အဲဒီ ပိတ်ဆို့မှုဟာ အီရန်ဆိပ်ကမ်းတွေဆီ အဝင်အထွက် လုပ်ခဲ့တဲ့၊ ပြီးတော့ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်ဆီ အခကြေးငွေ ပေးချေခဲ့တဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တားဆီးသွားမယ်လို့ သိရပါတယ်။ ဟောမုဇ်ရဲ့ ဘယ်အပိုင်းတွေမှာ ရေလမ်းကြောင်း ပိတ်ဆို့မှုတွေ သတ်မှတ်ပြီး ဘယ်လောက် အတိုင်းအတာထိ တင်းကျပ်မလဲ ဆိုတာကိုတော့ CENTCOMက မထုတ်ပြန်ပါဘူး။

    ဒါပေမဲ့ အမေရိကန် ရေတပ်နဲ့ လေတပ်ဟာ အီရန် ကမ်းလွန်ရေပြင်ကနေ အထွက်၊ အိုမန်ပင်လယ်ဆီ ဝင်ရောက်မယ့် ရေလက်ကြား အရှေ့ပိုင်းက ကျယ်ပြန့်တဲ့ ရေပြင်မှာ အဓိက ဖြန့်ကျက် နေရာယူမယ်လို့ ယုံကြည်ရကြောင်း The Atlanticရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားခဲ့ပါတယ်။

    အမေရိကန်ဟာ အီရန်နဲ့ စစ်ပွဲ စတင်ချိန် ကတည်းက ကြီးမားတဲ့ ရေတပ်အင်အားကို အီရန်တဝိုက်မှာ ဖြန့်ကျက်ထားပြီး ဖြစ်ပါတယ်။ လေယာဉ်တင် သင်္ဘောကြီးတွေ ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ်အုပ် (CSG) အနည်းဆုံး နှစ်ခုဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ ပင်လယ်ပြင်တွေမှာ ရှိနေပါတယ်။ ရေပြင်က စစ်သင်္ဘောတွေကို ကာကွယ်ပေးဖို့အတွက် ဒေသတွင်း မဟာမိတ် နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ မြေပြင်အခြေစိုက် တိုက်လေယာဉ်တွေက အကူအညီ ပေးသွားဖွယ် ရှိကြောင်း The Atlanticက ဆိုပါတယ်။

    အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် ရေတပ်က လုံးဝဥဿုံနီးပါး ပြိုကွဲသွားပေမယ့်လည်း အဲဒီရေပြင်ကို အကျွမ်းတဝင်ရှိပြီး လျင်လျင်မြန်မြန် လှုပ်ရှား စစ်ကစားနိုင်တဲ့ ဒုံးကျည်တင် အပေါ့စား မော်တော်ဘုတ်တွေကတော့ အမေရိကန် စစ်သင်္ဘောတွေကိုအတွက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပါ။ အဲဒီအတွက်လည်း P-8 Poseidon အမျိုးအစား ရေပြင် ကင်းလှည့် လေယာဉ်တွေနဲ့ E-2 Hawkeye အဆင့်မြင့် ရေဒါတပ် ကင်းထောက်လေယာဉ်ကြီးတွေက ဒေသတွင်းမှာ ပျံသန်းရင်း စောင့်ကြပ်ပေးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ လိုအပ်လာရင် ရေလက်ကြား အနှံ့မှာ ဒရုန်းတွေ အုံလိုက်ကျင်းလိုက် အသုံးပြုတဲ့ စစ်ဆင်ရေးတွေကိုလည်း လုပ်ဆောင်လာနိုင်ပါတယ်။

    အမေရိကန်က ထိန်းချုပ်ထားတဲ့ နေရာတိုင်းမှာ ဒါဇင်နဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတွေနဲ့ အသေးစား တိုက်ရေယာဉ်တွေ နေရာယူထားဖွယ် ရှိပါတယ်။ ပြီးတော့ ဖျက်သင်္ဘော တချို့ဟာ အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်တဲ့ ဒရုန်းရေယာဉ် တချို့နဲ့ ပူးပေါင်းပြီး ဟောမုဇ်ရဲ့ ရေပြင်အစိတ်အပိုင်း တချို့မှာ မိုင်းရှင်းမှုတွေ စတင်နေပါပြီ။ အဲဒီ ရေမြှုပ်မိုင်းတွေကိုတော့ ဟောမုဇ်ကို ပိတ်ချချိန်မှာ အီရန်ရေတပ်က ထောင်ထားခဲ့တာ ဖြစ်ပါတယ်။

    မိုင်းရှင်းတာတွေနဲ့ ဟောမုဇ်မှာ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ အားထုတ်နေတာတွေကို အမေရိကန်ရဲ့ ဒေသတွင်းမိတ်ဖက် အာရပ်နိုင်ငံတွေကပါ ပံ့ပိုးကြဖွယ် ရှိပါတယ်။

    တကယ်လို့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖီဆန်ပြီး အီရန်ကနေ ထွက်ခွာလာတဲ့ ရေယာဉ်တွေ ရှိရင်တော့ အမေရိကန် တပ်ဖွဲ့တွေက တက်ရောက် စီးနင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီ မစ်ရှင်မျိုးတွေမှာတော့ အမေရိကန်ဟာ မရိန်းတပ်ဖွဲ့ ကွန်မန်ဒိုတွေ၊ ရေတပ်ရဲ့ ထိပ်တန်း တိုက်ခိုက်ရေး ယူနစ်ဖြစ်တဲ့ sealတွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီ ကွန်မန်ဒိုတွေဟာ ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ သင်္ဘောဆီကို ရဟတ်ယာဉ်ငယ်တွေ၊ မော်တော်ဘုတ်တွေ အသုံးပြုပြီး မြန်မြန်ဆန်ဆန် ရောက်ရှိသွားနိုင်ပါတယ်။ ပစ်မှတ် သင်္ဘောတစ်စီးကို ခြေချပြီး စီးနင်းရတာဟာ အရမ်း လေ့ကျင့်သား ပြည့်ဝနေတဲ့ အထူးတပ်ဖွဲ့တွေ အတွက်တောင်မှ အန္တရာယ် များလွန်းပါတယ်။ ဥပမာ ၂၀၂၄ ခုနှစ်တုန်းက ဆိုမာလီယာမှာ အလားတူ မစ်ရှင်တစ်ခုကို လုပ်ဆောင်ရင်း Seal တပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

    ထရမ့်ကတော့ ရေလက်ကြား ပိတ်ဆို့ရေး မစ်ရှင် နှောင့်ယှက်ဖို့ အီရန်ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်ငယ်တွေက အမေရိကန် ရေယာဉ်တွေနား ချဉ်းကပ်လာတာ တွေ့တာနဲ့ ဖျက်ဆီး နှစ်မြှုပ်ပစ်မယ်လို့ သတိပေးထားပါတယ်။ CENTCOMရဲ့ ထုတ်ပြန်ချက်မှာတော့ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်က ဟောမုဇ်မှာ တပ်အင်အား ထပ်ဖြည့်မှာ ဖြစ်သလို ရေအောက် ဒရုန်းတွေကိုပါ ပို့ဆောင်မယ်လို့ ကြေညာထားပါတယ်။

    ဧပြီ ၁၃ ရက်နေ့မှာ အမေရိကန်က ဟောမုဇ်ကို စတင် ပိတ်ဆို့လိုက်ချိန် ကတည်းကနေ လက်ရှိ ကာလအထိတော့ ကြီးကြီးမားမား ပြဿနာတစ်ခုခု ဖြစ်ပေါ်မလာသေးပါဘူး။ အီရန်ကတော့ ဟောမုဇ်မှာ အမေရိကန် စစ်သင်္ဘောတွေ ရောက်နေတာဟာ နှစ်ပတ်ကြာ အပစ်ရပ် သဘောတူညီမှုကို တိုက်ရိုက် ချိုးဖောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲပြီး အမေရိကန်ကသာ အီရန် ရေယာဉ်တွေကို တိုက်ခိုက်ခဲ့မယ်၊ ဖမ်းဆီးခဲ့မယ်ဆိုရင် ငြိမ်ခံမနေဘဲ လက်တုံ့ပြန်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

    ကိုးကား: The Atlantic

  • ထမင်း ၃နှစ်မစားပဲ တရားကျင့်တာကြောင့် နာမည်ကြီးနေတဲ့ ကျိုက်လတ်မှ ရှင်ဉတ္တတရ အား လူဝတ်လဲစေကာ မအူပင်ဆေးရုံသို့ ပို့ဆောင်ကုသ

    ထမင်း ၃နှစ်မစားပဲ တရားကျင့်တာကြောင့် နာမည်ကြီးနေတဲ့ ကျိုက်လတ်မှ ရှင်ဉတ္တတရ အား လူဝတ်လဲစေကာ မအူပင်ဆေးရုံသို့ ပို့ဆောင်ကုသ

    ထမင်း ၃နှစ်မစားပဲ တရားကျင့်တာကြောင့် နာမည်ကြီးနေတဲ့ ကျိုက်လတ်မှ ရှင်ဉတ္တတရ အား လူဝတ်လဲစေကာ မအူပင်ဆေးရုံသို့ ပို့ဆောင်ကုသ – ကိုယ်ကျိုးရှာလိုသူများ၏ အစီအစဉ်များ ပျက်ပြယ်သွားပြီ

    ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ဝါးရုံစုကျေးရွာတွင် (၃) နှစ်နီးပါး ဆွမ်းမဘုဉ်းပေးဘဲ တရားထူးကျင့်ကြံနေသည်ဟု ကျော်ကြားခဲ့သည့် ရှင်ဉတ္တတရ (လူအမည်-ဦးအောင်ကျော်မင်း) နှင့် ပတ်သက်၍ အမှန်တရား ပေါ်ပေါက်လာခဲ့ပြီးနောက်၎င်းအား မအူပင်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေပြီ ဖြစ်ပါတယ်။

    မိမိတို့မြို့နယ်အတွင်း ဘာသာရေးအယူလွဲမှုများ မပြန့်နှံ့စေရန်နှင့် လူနာတစ်ဦးအား တန်ခိုးရှင်အဖြစ် ပုံမှန်မဟုတ်သော ကိုးကွယ်မှုများ မဖြစ်ပေါ်စေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ကိုင်တွယ်ခဲ့သည့် ကျိုက်လတ်မြို့နယ်မှ ဆရာတော်ကြီးများကိုလည်း အထူးပင်လေးစား ကြည်ညိုထိုက်ပါတယ်။

    မိမိမြို့နယ်မှ ဒကာ ဒကာမများ အယူလွဲမှားပြီး သရဏဂုံပျက်စေမယ့် ကိုးကွယ်မှုတွေ မရှိဖို့လိုအပ်လှပါတယ်။

    အမှန်စင်စစ်အားဖြင့် ကာယကံရှင်မှာ စိတ်ဝေဒနာ ခံစားနေရသူတစ်ဦးသာ ဖြစ်သော်လည်း၊ တစ်ဖက်တွင်မူ ၎င်းအား တန်ခိုးကြီးသလိုလို၊ ထွက်ရပ်ပေါက်သလိုလိုဖြင့် လူထုဝေဝါးအောင် ပြုလုပ်ကာ အလှူခံမဏ္ဍပ်များ ဆောက်လုပ်ပြီး အလှူငွေ ရှာစားရန် ကြံစည်နေသည့် လူတစ်စုမှာလည်း အခုတော့ အမှန်တရား ပေါ်ပေါက်သွားသည့်အတွက် ၎င်းတို့၏ အစီအစဉ်များအားလုံး ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။

    လူမှုကွန်ရက်တွင် စတင်ပြန့်နှံ့နေသည့် ဗီဒီယိုမှတ်တမ်းများအရ အားကစားအင်္ကျီ (Man Utd) ဝတ်ဆင်ထားသည်ကို တွေ့ရှိရသည့်အပြင်၊ ဆံပင်၊ မုတ်ဆိပ်နှင့် လက်သည်းခြေသည်းများ ရှည်လျားကာ အားအင်ချည့်နဲ့နေသည့် ပုံစံမျိုး တွေ့ရှိရသည့်အတွက် ကျန်းမာရေး အလွန်အမင်း ချို့ယွင်းနေကြောင်း ထင်ရှားနေပါတယ်။

    ထို့ကြောင့် လူမှုကွန်ရက်အသုံးပြုသူ အများစုကလည်း ၎င်းအား တန်ခိုးကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ခြင်းထက် အသက်အန္တရာယ် မစိုးရိမ်ရစေရန် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး ပို့ဆောင်ကုသပေးသင့်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုနေကြတာပါ။

    ထို့ကြောင့် မိဘပြည်သူများအနေဖြင့်လည်း ဘာသာရေးကို ခုတုံးလုပ်ကာ စီးပွားရှာလိုသူများ၏ လှည့်ဖြားမှုတွင် မပါဝင်ကြဘဲ၊ အမှန်တရားကို အသိဉာဏ်ဖြင့် ဆင်ခြင်ကြရန်နှင့် ဗုဒ္ဓသာသနာတော် သန့်ရှင်းရေးကို ဝိုင်းဝန်းကူညီကြပါရန် နဲ့ ရတနာသုံးပါးကိုသာ ဆည်းကပ်ကိုးကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

  • မြန်မာ့မစ်ကီးမောက်စ် အာဏာရှင်က အရပ်ဝတ်လဲသော်လည်း မည်သူကိုမျှ လှည့်စား၍ မရပါ

    မြန်မာ့မစ်ကီးမောက်စ် အာဏာရှင်က အရပ်ဝတ်လဲသော်လည်း မည်သူကိုမျှ လှည့်စား၍ မရပါ

    မြန်မာစစ်တပ်က ဂုဏ်သိက္ခာအတွက်အကြီးအကျယ် တည်ဆောက်ခဲ့သော “ဘုရင်များ၏ စံမြန်းရာ အရပ်” ဟု အဓိပ္ပာယ်ရသည့် မြို့တော်နေပြည်တော်တွင် မြောက်ကိုရီးယား၏ နိုင်ငံရေးပြဇာတ်ကွက်များ နှင့် ဆင်တူလှသော အခမ်းအနားတခုတွင် မြန်မာ့မစ်ကီးမောက်စ် စစ်အာဏာရှင်မင်းအောင်လှိုင်က “အရပ်သား” သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

    မိမိကိုယ်ကိုယ်မိမိ ကျေနပ်အားရနေသည့် ထိုအာဏာရှင်လူပုလေးကို ယင်းတရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲတွင် လက်အောက်ခံအရာရှိများက လေးစားစွာ စိုက်ကြည့်နေခဲ့သည်။

    သို့သော် မြန်မာပြည်သူ သန်း ၆၀ အပါအဝင် ပြင်ပကမ္ဘာမှ မည်သူတဦးတယောက်ကမျှ ယင်းညံ့ဖျင်းလှသော ပြကွက်၏ လှည့်စားခြင်းမခံခဲ့ရပေ။

    လွန်ခဲ့သည့် ၁၅ နှစ်အတွင်း မင်းအောင်လှိုင်သည် တပ်မတော်၏ အမြင့်ဆုံးရာထူးဖြစ်သည့် တပ်ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် “ထိတ်လန့်ချောက်ချားဖွယ်စီမံခန့်ခွဲမှု” အတွက် တာဝန်ရှိကြောင်း ကုလသမဂ္ဂက ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့် ငါးနှစ်အတွင်း မင်းအောင်လှိုင်၏ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက် ဗုံးကြဲခြင်း၊ အတင်းအဓမ္မဖျောက်ဖျက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်းတို့ကြောင့် လူပေါင်း သောင်းနှင့်ချီ သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

    ထို့ပြင် မြန်မာစစ်တပ်သည် မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ပွဲနှင့် ဖိနှိပ်မှု၏ လက်နက်တခုသဖွယ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ အသုံးပြုနေကြောင်း ကုလသမဂ္ဂနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးသူများက ကောက်ချက်ချထားသည်။

    မင်းအောင်လှိုင်၏ လက်ထက်တွင် ငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများကဲ့သို့သော စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ မှိုလိုပေါက်လာခဲ့သည်။

    တချိန်တည်းမှာပင် ပြည်သူသန်းပေါင်းများစွာသည် ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်၍ဖြစ်စေ အတင်းအဓမ္မ နေရပ်စွန့်ခွာခဲ့ကြရပြီး အရှေ့တောင်အာရှ၏ ဒုက္ခသည်အရေးအခင်းကို ပိုမိုဆိုးရွားစေခဲ့သည်။

    ထို့ပြင် မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်တွင် လူပေါင်း ခုနစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မောင်းထုတ်ခဲ့သည့် ရိုဟင်ဂျာများအပေါ် “နယ်မြေရှင်းလင်းရေး” ဟုခေါ်သော ယနေ့တိုင်ဖြစ်ပွားနေဆဲ လူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။

    ၎င်း၏ လက်အောက်ခံစစ်သားများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဂိုဏ်းဖွဲ့မုဒိမ်းကျင့်ခြင်း နှင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့ကြသည်။

    အမျိုးသမီးများအား လူအများရှေ့တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ မိဘများရှေ့တွင် မိသားစုဝင်များကို အိမ်ထဲပိတ်၍ မီးရှို့ခြင်း၊ ကလေးငယ်များကို မီးပုံထဲပစ်ချခြင်း၊ လူငယ်များကို ခေါင်းဖြတ်သတ်ခြင်းနှင့် အကာအကွယ်မဲ့ထွက်ပြေးသည့် ဒုက္ခသည်များကို ပစ်ခတ်ခြင်းစသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော မှတ်တမ်းများရှိပါသည်။

    နိုင်ငံတော်အဆင့်အကြမ်းဖက်မှုများကို ကျူးလွန်နေသည့် လူမျိုးတုံးသတ်ဖြတ်သူ မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် “အရပ်သား” သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းသည် မြန်မာပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအပေါ် ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်ပြုခြင်းပင် ဖြစ်သည်။

    ဤသည်မှာ ဒီမိုကရေစီကို လှောင်ပြောင်သရော်လိုက်ခြင်းပင် ဖြစ်သည်။ မင်းအောင်လှိုင်၏ အတုအယောင် သမ္မတရာထူးသည် ၎င်း၏ နိုင်ငံရေးအတိုက်အခံများကို ပိတ်ပင်တားမြစ်ခြင်း၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဟန်ပြရွေးကောက်ပွဲ၏ ရလဒ်ဖြစ်ပါသည်။

    ယခင်ရွေးကောက်ပွဲများတွင် အနည်းငယ်သာ အနိုင်ရခဲ့သော စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သည် ယခုတကြိမ်တွင် “တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်” ဟု စစ်တပ်လိုလားသော နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

    တိုက်တိုက်ဆိုင်ဆိုင်ပင် မင်းအောင်လှိုင်ရာထူးယူလိုက်ချိန်တွင် ၎င်းအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမှုအသစ်များ အင်ဒိုနီးရှားတွင် ထပ်မံပေါ်ပေါက်လာခဲ့သည်။

    ၎င်းသည် အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ခြင်းကို ခံထားရသူဖြစ်ပြီး ဖိလစ်ပိုင်နှင့် အရှေ့တီမောတို့တွင်လည်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုစွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေကလည်း ၎င်းအား ဖမ်းဆီးရန် ရည်ရွယ်ထားကြောင်း ကြေညာထားသည်။

    မြန်မာနိုင်ငံအတွင်းရှိ မြေပြင်စုံစမ်းစစ်ဆေးသူများ စုဆောင်းထားသော သက်သေအထောက်အထားများ ပါဝင်သည့် ဂျကာတာမြို့အမှုသည် အထူးပင် အားကောင်းလှသည်။ အင်ဒိုနီးရှား၏ ရာဇဝတ်ကျင့်ထုံး ဥပဒေသစ်အရ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို မည်သည့်နေရာတွင်မဆို ကျူးလွန်စေကာမူ တရားစီရင်ခွင့်ကို အတိအလင်း ခွင့်ပြုထားသည်။

    ကျူးလွန်သူ (သို့မဟုတ်) နစ်နာသူ၏ လူမျိုးနှင့် ရာဇဝတ်မှုကျူးလွန်သည့် နေရာတို့အပေါ် မူတည်ခြင်းမရှိဘဲ စွပ်စွဲခံရသူများကို တရားဥပဒေအရ အရေးယူရန် အင်ဒိုနီးရှားတွင် တာဝန်ရှိသည်။

    ထို့ပြင် အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်သည့်အတွက် မြန်မာရှိ ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် မင်းအောင်လှိုင်၏ လူမျိုးတုံးသတ်ဖြတ်မှုသည် အင်ဒိုနီးရှားတွင် ပိုမိုပြင်းထန်သော စိတ်ဆိုးဒေါသထွက်မှုကို ဖြစ်စေသည်။ အထူးသဖြင့် ဒုက္ခသည်ထောင်ပေါင်းများစွာ အင်ဒိုနီးရှားပိုင်နက်ထဲသို့ ရောက်ရှိလာခြင်းကြောင့်လည်း ဖြစ်သည်။

    ကျွန်ုပ်၏ အဖွဲ့အစည်းဖြစ်သော မြန်မာ့တာဝန်ခံမှုရှိရေးစီမံချက် (Myanmar Accountability Project) သည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ယာ့စ်မင်းအူလာနှင့် အင်ဒိုနီးရှားမှ ထင်ရှားကျော်ကြားသူ ၁၀ ဦးတို့နှင့် ပူးပေါင်းကာ ဂျကာတာရှိ အစိုးရရှေ့နေရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တိုင်ချက်ဖွင့်ခဲ့သည်။

    ရိုဟင်ဂျာများ ကြုံတွေ့နေရသော ဆိုးရွားသည့် အခြေအနေများအကြောင်း ရှေ့နေရုံးတွင် ယာ့စ်မင်း၏ ထွက်ဆိုချက်သည် အတွေ့အကြုံရင့်ကျက်သည့် စုံစမ်းစစ်ဆေးသူများကိုပင် မျက်ရည်ကျစေခဲ့ပါသည်။

    “ကျွန်မတို့ကို အမြစ်ဖြတ်ဖို့ ကြံစည်ခဲ့သူ၊ မြန်မာနိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူက သူ့ရဲ့ရာဇဝတ်မှုတွေအတွက် ဘာအကျိုးဆက်မှ မရင်ဆိုင်ရဘဲ သမ္မတအိမ်တော်ထဲမှာ သက်သောင့်သက်သာ ထိုင်နေခွင့်ရနေတာကို ကျွန်မတို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။”ဟု သူမက ပြောကြားချိန်တွင် အသံများ တုန်ယင်အက်ကွဲနေခဲ့သည်။

    အင်ဒိုနီးရှားအစိုးရရှေ့နေရုံးမှ လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူးကလည်း ယင်းအမှုကို ရှေ့ဆက်နိုင်ရန် တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့က ကျွန်ုပ်တို့၏ တိုင်ကြားမှုသည် မကြုံစဖူး ထူးခြားသောရလဒ်များကို ဆောင်ကြဉ်းပေးခဲ့သည်။ အင်ဒိုနီးရှား အာဏာပိုင်များသည် နိုင်ငံ၏ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အရ တရားစီရင်ခွင့်ဆိုင်ရာအမှုတခုကို ပထမဆုံးအကြိမ် တရားဝင်လက်ခံခဲ့ပြီး၊ အရှေ့တောင်အာရှတွင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူတဦးက တင်သွင်းသည့် ပထမဆုံးသော နိုင်ငံတကာ တရားစီရင်ခွင့်အမှု ဖြစ်လာခဲ့သည်။

    ဤစုံစမ်းစစ်ဆေးမှုသည် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု၏ ပထမခြေလှမ်း ဖြစ်လာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

    အာဏာသိမ်းပြီးနောက်ပိုင်း အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုများနှင့် ဆက်နွှယ်နေသူများကို မိမိကိုယ်ကိုယ်သမ္မတဟု သတ်မှတ်ထားသူက ၎င်း၏ အစိုးရအဖွဲ့သစ်တွင် အဓိကရာထူးများ ပေးအပ်ထားခြင်းကြောင့် တာဝန်ခံမှုရှိစေရေးသည် ယခင်ကထက် ပိုမိုအရေးကြီးလာပါသည်။

    ဥပမာ- ကာကွယ်ရေးဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေတပ်ဦးစီးချုပ်အဖြစ် တာဝန်ယူစဉ် ၂၀၂၅ ခုနှစ် မတ်လ ငလျင်ဒဏ်သင့်ရာတွင် ကူညီနေသူများကို လေကြောင်းမှ တိုက်ခိုက်မှု အပါအဝင် စစ်ကော်မရှင်ထိန်းချုပ်မှုအပြင်ဘက်ရှိ ဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများတွင် ဦးဆောင်ခဲ့သူ ဖြစ်သည်။

    ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေသည် ရန်ကုန်မြို့ရှိ အာဏာသိမ်းမှုဆန့် ကျင်ရေး ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းရာတွင် ကြီးကြပ်ခဲ့သူဖြစ်ပြီး ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါတို့၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသူဖြစ်သည်။

    စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရာတွင် တရုတ်၏ အခန်းကဏ္ဍကို ထောက်ရှုပါက ယခင်က တရုတ်ဆိုင်ရာ သံအမတ်ကြီးဖြစ်ခဲ့သူ တင်မောင်ဆွေကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းမှာ သတိပြုဖွယ် ဖြစ်ပါသည်။

    နောက်ဆုံးရရှိသည့် ကိန်းဂဏန်းများအရ ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုမြင့်တက်လာကြောင်း တွေ့ရသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။

    အခြေအနေမှာ ၂၀၂၆ ခုနှစ်တွင်လည်း တိုးတက်လာခြင်းမရှိပေ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ယခုနှစ် ဇန်နဝါရီအတွင်း ရွေးကောက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀၀ ကျော်ရှိခဲ့ပြီး အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း အနည်းဆုံး ကလေးငယ် ၂၈၇ ဦး သေဆုံးခဲ့ရာ ယင်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကလေးငယ်များ အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့သည်။

    ဤကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့နေသော နောက်ခံအခြေအနေများကြားတွင် တာဝန်ခံမှုရှိစေရေးအတွက် ဖိအားများ တိုးလာနေသည်။

    ယင်းသည် အရှေ့တောင်အာရှတွင် နိုင်ငံတကာတရားစီရင်ခွင့်ခေတ် ဦးဦးဖျားဖျား ပေါ်ထွန်းလာခြင်းဟု ကျွန်ုပ် ယုံကြည်ပါသည်။

    အရပ်ဘက်အဖွဲ့အစည်းများက ကျွန်ုပ်တို့ကို ထောက်ခံအားပေးသော်လည်း အစိုးရများက မည်သို့လုပ် ဆောင်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

    မင်းအောင်လှိုင်အပေါ် ၎င်းတို့ မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်းဆိုသည့် အချက်သည် ၎င်းတို့၏ တရားဥပဒေစိုးမိုးမှုအပေါ် ကတိကဝတ်ပြုမှုနှင့် မိမိတို့ပြည်သူများအပေါ် တုံ့ပြန်မှုရှိမရှိကို တိုင်းတာမည့် စမ်းသပ်ချက်တခုပင် ဖြစ်ပါတော့သည်။

    ယခုဆောင်းပါးကို ရေးသားသူ ခရစ္စတိုဖာ ဂန်းနက်စ်သည် Myanmar Accountability Project ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။

  • ဆရာလင်းညှိတာရာရဲ့ သင်္ကြန်အထူးသတိပေးချက်!

    ဆရာလင်းညှိတာရာရဲ့ သင်္ကြန်အထူးသတိပေးချက်!

    🔮 သွေးထွက်အောင်မှန်လွန်းတဲ့ ဆရာလင်းညှိတာရာရဲ့ သင်္ကြန်အထူးသတိပေးချက်!

    မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ပျော်ရွှင်ရမှာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ သွေးထွက်အောင်မှန်တဲ့ ဟောကိန်းတွေကြောင့် နာမည်ကျော်တဲ့ ဆရာလေးလင်းညှိတာရာ က ကြက်သီးထစရာ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

    ဒီနှစ် အတာစားခံရတဲ့ နေ့နံ ကတော့ “ကြာသပတေးသားသမီးများ” ပဲ ဖြစ်ပါတယ်။

    အခြားနှစ်တွေထက် ထူးခြားတာက ဒီနှစ်မှာ ကံဆိုးမိုးမှောင်ကျမှုဟာ “မရဏက အိမ်ထဲအထိ ရောက်နေတယ်” လို့ ဟောကိန်းထုတ်ထားတာကြောင့် အစစအရာရာ သတိကြီးကြီးထားဖို့ လိုအပ်နေပါပြီ။

    ⚠️ အထူးသတိထားရမည့်နေ့:

    မဟာသင်္ကြန်အတက်နေ့ ကို အထူးဂရုစိုက်ရပါမယ်။ သွားသတိ၊ လာသတိ၊ စားသတိနဲ့ နေထိုင်ရမှာဖြစ်ပြီး မတော်တဆမှုတွေနဲ့ ဘေးအန္တရာယ်တွေ ချောင်းမြောင်းနေနိုင်တယ်လို့ ဆိုပါတယ်။

    ✨ အညံ့ခိုင်စေမည့် အစွမ်းထက်ယတြာ:

    ကံဆိုးမှုတွေ သက်သာစေဖို့ ဆရာလေးက အခုလို လမ်းညွှန်ထားပါတယ် –

    ကြာသပတေးနေ့တိုင်း ဘုရားမှာ သပြေပန်း (မိမိအသက်စေ့ညွန့်) ပူဇော်ပါ။

    သောက်တော်ရေချမ်း (၁၉) ခွက် ကပ်လှူပါ။

    သင်္ကြန်အတက်နေ့နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ခြေသည်း၊ လက်သည်း များကို ညှပ်ကာ စက္ကူဖြင့်ထုတ်ပြီး ရေထဲမြှောပစ်ပါ။

    “ယုံကြည်သည်ရှိ၊ မယုံကြည်သည်ရှိ သတိထားတာ မမှားဘူး” လို့ ဆရာလေးက တိုက်တွန်းထားပါတယ်။ ဘာသာရေးကို အလေးထားပြီး ကုသိုလ်ကောင်းမှုနဲ့ အညံ့တွေကို တိုက်ထုတ်ပစ်ကြဖို့ မမေ့ပါနဲ့နော်။

    ဒီဟောကိန်းအပေါ် ကြာသပတေးသားသမီးတွေနဲ့ ပရိသတ်ကြီးကရော ဘယ်လိုထင်မြင်ကြသလဲ? ကောမန့်မှာ ပြောခဲ့ကြပါဦး။

  • ပြန်လည် ဖမ်းမိပါက နဖူးနှင့်ပါးတွင် တပ်ရင်းအမှတ်နှင့် ‘စစ်ပြေး’ ဟု စစ်တပ်က တက်တူးထိုး

    ပြန်လည် ဖမ်းမိပါက နဖူးနှင့်ပါးတွင် တပ်ရင်းအမှတ်နှင့် ‘စစ်ပြေး’ ဟု စစ်တပ်က တက်တူးထိုး

    စစ်တပ်မှ ထွက်ပြေးသည့် စစ်မှုထမ်းတပ်သားများကို ပြန်လည် ဖမ်းမိပါက နဖူးနှင့်ပါးတွင် တပ်ရင်းအမှတ်နှင့် ‘စစ်ပြေး’ ဟု စစ်တပ်က တက်တူးထိုးဟု အလင်းဝင်တပ်သား ကျော်မိုးဝင်း ပြော

    စစ်ကောင်စီတပ်မှ ထွက်ပြေးရန် ကြိုးပမ်းသည့် ပြည်သူ့စစ်မှုထမ်းတပ်သားများကို ပြန်လည်ဖမ်း ဆီးရမိပါက နဖူးနှင့် ပါးပြင်များတွင် တပ်ရင်းအမည်နှင့် “စစ်ပြေး” ဟူသော စာတန်းများကို တက်တူးထိုးကာ မြို့ပေါ်တွင် နေထိုင်၍မရအောင် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်ရောက်လာသည့် တပ်သား ကျော်မိုးဝင်းက ဖွင့်ဟပြောဆိုလိုက်သည်။

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် တပ်သား ကျော်မိုးဝင်းသည် ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့က ဘီယာဆိုင်မှအပြန်တွင် လူ ၄ ဦးက “မေးစရာရှိသည်” ဟုဆိုကာ ကားပေါ်သို့ အတင်းအကျပ် ဆွဲတင်ဖမ်းဆီးခြင်း ခံခဲ့ရသူဖြစ်သည်။ ၎င်းက “ကျွန်တော်က ဝင်လို့မရဘူး၊ ကျွန်တော့်မှာ မိန်းမရှိတယ်၊ ကလေးကလည်း ငယ်သေးတယ်ပြောတော့ ကျွန်တော့်ကို ရိုက်တယ်” ဟု ၎င်း၏ ကိုယ်တွေ့ကို ပြန်လည်ပြောပြခဲ့သည်။

    ယင်းနောက် ကိုကျော်မိုးဝင်းကို မကွေးစုဆောင်းရေးမှတစ်ဆင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ရှိ အမှတ် ၁ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ပြီး စစ်မှုထမ်သင်တန်းအပတ်စဉ် ၁၈ သင်တန်းတက်ခဲ့ရပြီးနောက် တောင်ငူနှင့် ကပစ ၁၆ တို့သို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

    ရှေ့တန်းစစ်မျက်နှာပြင်တွင် ပင်ပန်းဆင်းရဲမှုနှင့် အန္တရာယ်များလှသည့် ကတုတ်ကျင်းတူးခြင်း၊ ဆက်သွယ်ရေးမြောင်းတူးခြင်းလုပ်ငန်းများ လုပ်ဆောင်ရသဖြင့် ပထမအကြိမ် ထွက်ပြေးခဲ့သော်လည်း ကပစ (၁၆) တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။

    ထိုသို့ ပြန်လည်ဖမ်းဆီးခံရချိန်တွင် စကခ ၁၀ ဗျူဟာမှူးက နဖူးနှင့်ပါးပြင်တွင် စစ်ပြေး ဟု တက်တူးထိုးကာ လူသိရှင်ကြား အရှက် ခွဲခဲ့ကြောင်း သိရှိရသည်။

    “ဗျူဟာကုန်းကို ရောက်တော့ စကခ ၁၀ ဗျူဟာမှူးက ကျွန်တော်တို့ကို နဖူးတွေမှာ ခမရ ၃၆၆ ဆိုပြီးတော့ တက်တူးတွေ ထိုးပေးပါတယ်။ ပါးမှာ စစ်ပြေးဆိုတာတွေလည်း ရှိတယ်။ အိမ်လည်း ပြန်လို့မရအောင်၊ အိမ်မှာလည်း နေလို့မရအောင် ဒီလိုမျိုးတွေ ထိုးပေးတာ ဖြစ်ပါတယ်။ ဒီလို တပ်ရင်းနာမည်တွေ ထိုးထားတော့ သူတို့လည်း အလွယ်တကူ ဖမ်းရတယ်၊ ကျွန်တော်တို့လည်း မြို့ပေါ်မှာ နေလို့မရအောင် လုပ်တာပါ”ဟု သူ ကရှင်းပြသည်။

    ထိုသို့ နှိပ်စက်ခံရပြီးနောက် ရှေ့ဆုံးပွိုင့်စစ်မျက်နှာသို့ ပို့ဆောင်ခြင်း ခံခဲ့ရသော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ညပိုင်းတွင် သူငယ် ချင်း ၆ ဦးနှင့်အတူ အာရက္ခတပ်တော် (AA) ရှိရာသို့ ထပ်မံထွက်ပြေးကာ အလင်းဝင်ခဲ့သည်။

    လက်ရှိတွင် အာရက္ခတပ်တော်က ၎င်းတို့အား ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း တပ်သား ကျော်မိုးဝင်းက ပြောဆိုသည်။

    “မင်းတို့ကို သတ်လည်းမသတ်ဘူး၊ ဘာမှမလုပ်ဘူး၊ အချိန်တန်ရင် အိမ်ပြန်ပို့ပေးမယ်၊ ကောင်း ကောင်းမွန်မွန် ထားမယ်လို့ ပြောပါတယ်။ အခုထိလည်း အသက်အန္တရာယ် ဘာမှမစိုးရိမ်ရဘူး၊ စားရေးသောက်ရေးတွေလည်း ကောင်းကောင်းမွန်မွန် စားရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

    တပ်သား ကျော်မိုးဝင်းသည် စကခ ၁၀ လက် အောက်ခံ ခမရ ၃၆၆ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသော စစ်မှုထမ်းတပ်သားဖြစ်ကြောင်း သိရှိရသည်။