Author: Baby Yit Lone

  • ပြင်ဦးလွင်မှာ ဓားပြတိုက်သူတွေကို ကြိုးမိန့်ပေးလိုက်ပြီ

    ပြင်ဦးလွင်မှာ ဓားပြတိုက်သူတွေကို ကြိုးမိန့်ပေးလိုက်ပြီ

    ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူ ၅ ဦးကို ကြိုးမိန့်ချ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းမပေါ်ရှိ အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်ခဲ့တဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ဇူလိုင် ၁၆ ရက်မှာ ပြင်ဦး လွင်ခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အောင်မျိုးနိုင်၊ မျိုးလင်းထွန်း၊ စိုင်းကြည်သူ၊ အောင်ကိုသက်နဲ့ စန္ဒာဦးတို့ကို ဇူလိုင် ၁၆ ရက် မနက်က ပြင်ဦးလွင်ခရိုင်ရုံးက ပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သတ်စေဖို့ အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။ “ပုဒ်မ ၃၉၆ က ဓားပြတိုက်တဲ့အချိန် လူသတ်မှုပါ…

  • AA ဒွမ်တော့မယ်ဆိုလို့ အယ်ဘတွေ ဒူးတုန်နေကြမှုကြီး

    AA ဒွမ်တော့မယ်ဆိုလို့ အယ်ဘတွေ ဒူးတုန်နေကြမှုကြီး

    AA က လက်တုံ့ပြန်မည့်သတင်းကြောင့် အာဏာသိမ်းစစ်မှ ကျောက်ဖြူနှင့်စစ်တွေတွင်အင်အားထပ်ဖြည့်နေ ရခိုင်ပြည်အနှံ့အပြားတွင် ဗုံးကြဲမှုများအပေါ် အာရက္ခတပ်တော်က လက်တုံ့ပြန်မည်ဟု သတင်း ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်တပ်မှ ရခိုင်ပြည်မှ ကျောက်ဖြူနှင့်စစ်တွေတွင် တပ်အင်အားများကိုထပ်မံဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။ “အခုတလော စကမ က ရခိုင်ပြည်က အရပ်သားနေရာတွေကို လေကြောင်းကနေ ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ နေ့တိုင်းလိုလို ရခိုင်မှာ ဗုံးကြဲမှုတွေရှိနေတယ်။ ဒီအပေါ်မှာ AAကလည်း လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့ စကားတွေထွက်နေတော့ စိုးရိမ်ပြီး စစ်တွေနဲ့ ကျောက်ဖြူကို စစ်အင်အားတွေ အလုံးအရင်းနဲ့ အင်အားတွေဖြည့်တင်းနေတာကို တွေ့နေရပါတယ်”ဟု စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်တပ်သည် စစ်တွေမြို့တွင်အင်အား ၂၀၀ ဝန်းကျင်ခန့်ကို ဇူလိုင် ၂၁ ရက်နေ့ကရေကြောင်းမှဖြည့်တင်းခဲ့သလိုနေရာအချို့တွင်လည်းခံကတုတ်များ၊ ပစ်ကျင်းများကို တိုးချဲ့ တည်ဆောက်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။…

  • တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး

    တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး

    တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသားတဦး လည်ပင်းညှပ်မိကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုဇွန်တောင်မြို့နယ်၊ ရေကျော်အိမ်ကြီးလမ်းရှိ တိုက်ခန်းတခု၏ အဝင်တံခါးတွင် အမျိုးသားတဦး သေဆုံးနေသည်ကို ဒေသခံများက ယနေ့ (ဇူလိုင် ၂၃ ရက်) နံနက်တွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “တိုက်အဝင် သံပန်းတံခါးပေါ်မှာ အပေါ်တက်ရက်သား တန်းလန်းကြီးနဲ့ အမျိုးသားတဦး သေဆုံးနေတာကို ပတ်ဝန်းကျင်က စတွေ့တာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားလိုက်တာပါ။ တံခါးနဲ့ လည်ပင်းညှပ်ပြီး သေဆုံးခဲ့တာပါ” ဟု ဒေသခံတဦးက ပြောသည်။ သေဆုံးခဲ့သည့် အမျိုးသားသည် ဖြစ်စဉ်ဖြစ်ပွားရာ တိုက်ခန်း၏ အပေါ်ဆုံးထပ်တွင် နေထိုင်သူဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ်ရှိကြောင်း…

  • အမေစုကို ထိန်းသိမ်းထားတဲ့နေရာသစ် ဂြိုဟ်တုပုံရိပ်တွေကနေ ဖော်ထုတ်လိုက်ပြီ

    အမေစုကို ထိန်းသိမ်းထားတဲ့နေရာသစ် ဂြိုဟ်တုပုံရိပ်တွေကနေ ဖော်ထုတ်လိုက်ပြီ

    စစ်ကောင်စီ လျှို့ဝှက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာသစ်ကို ဂြိုဟ်တုပုံရိပ်တွေကနေ ဖော်ထုတ်လိုက်ပြီ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တယ်လို့ ကြေညာခဲ့ပေမယ့် မြေပြင်က အတိအကျနေရာကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။ ဒါပေမယ့် ဂြိုဟ်တုမျက်လုံးတွေကိုတော့ ဖုံးကွယ်ထားလို့ မရခဲ့ပါဘူး။ BBC သတင်းရင်းမြစ်တွေနဲ့ Planet Labs ရဲ့ ဂြိုဟ်တုပုံရိပ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ စစ်တပ်ရဲ့ လျှို့ဝှက်စီမံကိန်း အထင်းသား ပေါ်လာပါတယ်။ ဧပြီ ၁၅ ရက်ကနေ ၂၆ ရက်နေ့ကြား (၁၁) ရက်အတွင်းမှာ နေပြည်တော်က အိမ်တစ်လုံးရဲ့ နောက်ဖေးပေါက်ကို ဆက်သွယ်ထားတဲ့ လမ်းသစ်တစ်ခုကို အလောတကြီး ဖောက်လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအချက်က ဧပြီလကုန် နေရာပြောင်းရွှေ့မှုဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်နဲ့ ကွက်တိကျနေပါတယ်။ ဒီနေရာဟာ နေပြည်တော်က…

  • မိခင်ကိုယ်တိုင်က ပါဝင်ပတ်သက်နေတာလား?

    မိခင်ကိုယ်တိုင်က ပါဝင်ပတ်သက်နေတာလား?

    သန်းတိုးအောင်က ကလေးမိခင်ရဲ့နောက်ယောက်ကျား ပရဟိတ တချို့ကဆို…ဇာတ်လမ်းတွေရှုပ်ကုန်ပြီ မိခင်ကိုယ်တိုင်က ပါဝင်ပတ်သက်နေတာလား? (၂) နှစ်အရွယ် သမီးငယ်လေးကို ခေါ်ဆောင်သွားပြီး ဟန်ဆောင်တောင်းရမ်းစားသောက်ခဲ့တဲ့ သန်းတိုးအောင်ရဲ့ ဖြစ်စဉ်ကတော့ အခုချိန်မှာ အားလုံး ထင်မှတ်မထားလောက်အောင်ကို ဇာတ်လမ်းတွေ ရှုပ်ထွေးသွားခဲ့ပါပြီ။ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ စုံစမ်းမှုကနေ ပေါ်ထွက်လာတဲ့ မထင်မှတ်ထားတဲ့ အချက်တွေကို အများပြည်သူ သိရှိနိုင်အောင် အရေးပေါ် တင်ဆက်ပေးလိုက်ပါတယ်။ 🚨 တရားခံ သန်းတိုးအောင်ကို ဖမ်းဆီးရမိခြင်း ဒဂုံဆိပ်ကမ်း လယ်ကွင်းထဲမှာ ကလေးငယ်ကို အသုံးချပြီး ဟန်ဆောင် တောင်းစားနေမှန်း ပေါ်ပေါက်သွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ “သန်းတိုးအောင်” ကို ဇူလိုင်လ ၂၁ ရက်မှာတော့ မော်လမြိုင်ကျွန်းမြို့ မှာ အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။ 😱 ပရဟိတအဖွဲ့တွေ ဖွင့်ချလိုက်တဲ့ ကြက်သီးထစရာ ဇာတ်ကွက်…