Author: Baby Yit Lone
-

တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး
တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသား ၁ ဦး လည်ပင်းညှပ်မိ၍ သေဆုံး ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် အမျိုးသားတဦး လည်ပင်းညှပ်မိကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုဇွန်တောင်မြို့နယ်၊ ရေကျော်အိမ်ကြီးလမ်းရှိ တိုက်ခန်းတခု၏ အဝင်တံခါးတွင် အမျိုးသားတဦး သေဆုံးနေသည်ကို ဒေသခံများက ယနေ့ (ဇူလိုင် ၂၃ ရက်) နံနက်တွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “တိုက်အဝင် သံပန်းတံခါးပေါ်မှာ အပေါ်တက်ရက်သား တန်းလန်းကြီးနဲ့ အမျိုးသားတဦး သေဆုံးနေတာကို ပတ်ဝန်းကျင်က စတွေ့တာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားလိုက်တာပါ။ တံခါးနဲ့ လည်ပင်းညှပ်ပြီး သေဆုံးခဲ့တာပါ” ဟု ဒေသခံတဦးက ပြောသည်။ သေဆုံးခဲ့သည့် အမျိုးသားသည် ဖြစ်စဉ်ဖြစ်ပွားရာ တိုက်ခန်း၏ အပေါ်ဆုံးထပ်တွင် နေထိုင်သူဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ်ရှိကြောင်း…
-

အမေစုကို ထိန်းသိမ်းထားတဲ့နေရာသစ် ဂြိုဟ်တုပုံရိပ်တွေကနေ ဖော်ထုတ်လိုက်ပြီ
စစ်ကောင်စီ လျှို့ဝှက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာသစ်ကို ဂြိုဟ်တုပုံရိပ်တွေကနေ ဖော်ထုတ်လိုက်ပြီ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တယ်လို့ ကြေညာခဲ့ပေမယ့် မြေပြင်က အတိအကျနေရာကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။ ဒါပေမယ့် ဂြိုဟ်တုမျက်လုံးတွေကိုတော့ ဖုံးကွယ်ထားလို့ မရခဲ့ပါဘူး။ BBC သတင်းရင်းမြစ်တွေနဲ့ Planet Labs ရဲ့ ဂြိုဟ်တုပုံရိပ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ စစ်တပ်ရဲ့ လျှို့ဝှက်စီမံကိန်း အထင်းသား ပေါ်လာပါတယ်။ ဧပြီ ၁၅ ရက်ကနေ ၂၆ ရက်နေ့ကြား (၁၁) ရက်အတွင်းမှာ နေပြည်တော်က အိမ်တစ်လုံးရဲ့ နောက်ဖေးပေါက်ကို ဆက်သွယ်ထားတဲ့ လမ်းသစ်တစ်ခုကို အလောတကြီး ဖောက်လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအချက်က ဧပြီလကုန် နေရာပြောင်းရွှေ့မှုဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်နဲ့ ကွက်တိကျနေပါတယ်။ ဒီနေရာဟာ နေပြည်တော်က…
-

မိခင်ကိုယ်တိုင်က ပါဝင်ပတ်သက်နေတာလား?
သန်းတိုးအောင်က ကလေးမိခင်ရဲ့နောက်ယောက်ကျား ပရဟိတ တချို့ကဆို…ဇာတ်လမ်းတွေရှုပ်ကုန်ပြီ မိခင်ကိုယ်တိုင်က ပါဝင်ပတ်သက်နေတာလား? (၂) နှစ်အရွယ် သမီးငယ်လေးကို ခေါ်ဆောင်သွားပြီး ဟန်ဆောင်တောင်းရမ်းစားသောက်ခဲ့တဲ့ သန်းတိုးအောင်ရဲ့ ဖြစ်စဉ်ကတော့ အခုချိန်မှာ အားလုံး ထင်မှတ်မထားလောက်အောင်ကို ဇာတ်လမ်းတွေ ရှုပ်ထွေးသွားခဲ့ပါပြီ။ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ စုံစမ်းမှုကနေ ပေါ်ထွက်လာတဲ့ မထင်မှတ်ထားတဲ့ အချက်တွေကို အများပြည်သူ သိရှိနိုင်အောင် အရေးပေါ် တင်ဆက်ပေးလိုက်ပါတယ်။ 🚨 တရားခံ သန်းတိုးအောင်ကို ဖမ်းဆီးရမိခြင်း ဒဂုံဆိပ်ကမ်း လယ်ကွင်းထဲမှာ ကလေးငယ်ကို အသုံးချပြီး ဟန်ဆောင် တောင်းစားနေမှန်း ပေါ်ပေါက်သွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ “သန်းတိုးအောင်” ကို ဇူလိုင်လ ၂၁ ရက်မှာတော့ မော်လမြိုင်ကျွန်းမြို့ မှာ အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။ 😱 ပရဟိတအဖွဲ့တွေ ဖွင့်ချလိုက်တဲ့ ကြက်သီးထစရာ ဇာတ်ကွက်…
-

ရေကြည်မှာ DB တွေ ပြန်ဆွဲပြေးနေရပြီ
ရေကြည်မြို့နယ် ပွိုင့် ၂၂၇ ကာကင်းစခန်း ပြန်ရရေး ရွေးတုစစ်တပ် စစ်ကြောင်းထိုး၍ AA နှင့် တိုက်ပွဲများ ပြင်းထန်၊ အလောင်းနှင့် လူနာများ ပြန်ဆွဲပြေးနေရ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း လက်လွှတ်လိုက်ရသည့် ပွိုင့် ၂၂၇ ကာကင်းစခန်းများကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ရွေးတုအစိုးရ စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသောကြောင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့များတွင် စစ်တပ်၏ ပွိုင့် ၂၂၇ ကာကင်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ရွေးတုအစိုးရစစ်တပ်သည် အဆိုပါ စခန်းများကို ပြန်လည်…
-

လွတ်ရက်နီးနေတဲ့ MMA ဖိုက်တာ ဖိုးသော်ကို ထပ်မံတရားစွဲ
အင်းစိန်ထောင်မှ လွတ်ရက်နီးနေသော MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) တပ်၍ ဗဟန်းရဲစခန်းက ထပ်မံတရားစွဲ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်မှု၊ ပေါက်ကွဲမှုများဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသော MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) တပ်၍ ဗဟန်းရဲစခန်းက ထပ်မံတရားစွဲထားကြောင်း အမှုကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။ MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်မှာ ထောင်ဒဏ် ၇ နှစ် ကျခံနေရာမှ လာမည့်…