Author: Baby Yit Lone
-

ရေးဘီလူး ဒွမ်ပြန်ပြီဟေ့
ဘုရားသုံးဆူမြို့မှ တပ်ချိန်းရန်လာသည့် စစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရပြီး ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး၊ ရွှေဘိုတွင်လည်း ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ တပ်ချိန်းရန်လာသည့် စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်ရာ ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ထုတ်ပြန်ထားသည်။ ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရာဖူးကျေးရွာသို့ စစ်ကြောင်းချိန်းရန်အတွက် ဘုရားသုံးဆူမြို့ဘက်မှ ထွက်ခွာလာသည့် စစ်တပ် ယာဉ်တန်းကို ရေးဘီလူးတပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ပူးပေါင်းအဖွဲ့တို့က မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ရေတပ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး…
-

နေပြည်တော်မှာ စေတီတော်တွေ ပြိုကျ
နေပြည်တော်မှာ မိုးကြီးလို့ စေတီတွေ ပြိုကျပြီး ကျောင်းအချို့ ပိတ်ထားရ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဒီကနေ့ ဇူလိုင် ၂၃ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး စေတီတွေ ပြိုကျကာ ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပြီး စာသင်ကျောင်းအချို့လည်း ပိတ်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒက္ခိဏသီရိမြို့နယ်၊ ဆည်စု၊ ရွာသစ်နဲ့ ရွှေခဲအင်းကျေးရွာတွေမှာ ရေဝင်ရောက်မှုတွေ ရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “မိုးကြီးပြီး လေတိုက်တော့ ဆည်စု ရွှေဝါမြိုင်ကျောင်းတိုက်က စေတီတွေ ပြိုကျတာ ၉ ဆူ ရှိပြီ။ ရွှေခဲအင်းဘုန်းကြီးကျောင်းမှာလည်း အုတ်နံရံတွေ ပြိုတယ်။ ရွာသစ် အထကခွဲက ရေတအားတက်လို့ ပိတ်ထားရတယ်” လို့ ပြောပါတယ်။ ဇမ္ဗူသီရိမြို့နယ်မှာလည်း မိုးသည်းထန်စွာ…
-

သင်္ကန်းအောက်မှာ ဂျင်းဘောင်းဘီကြီးနဲ့ဘုန်းကြီး
သင်္ကန်းအောက်မှာ ဂျင်းဘောင်းဘီကြီးနဲ့ဘုန်းကြီးအတုကို ဘုန်းကြီးအစစ်တွေ ကိုယ်တိုင် ဝိုင်းဝန်းဖမ်းဆီးပြီးရဲစခန်းအပ် ခုလို ခေတ်ကာလကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ အယောင်ဆောင် လိမ်လည်နေကြတဲ့အထဲကမှ… ဘာသာတရားကို ခုတုံးလုပ်ပြီး ဘုန်းကြီးယောင်ဆောင် အလှူခံနေတဲ့ အလိမ်အညာတစ်ဦးကို ဘုန်းကြီးအစစ်တွေ ကိုယ်တိုင် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်စဉ်လေးကို အများပြည်သူ သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ 😱 သင်္ကန်းရုံထားပေမယ့် မသင်္ကာစရာ ဖြစ်နေတဲ့ ဥပတိရုပ် ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ (၂၂-၀၇-၂၀၂၆) ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ အိမ်တစ်အိမ်ကနေ ဝါဆိုသင်္ကန်းကပ်ပြီးနောက် ဘုန်းကြီးတွေကို ထမင်းဆိုင်မှာ ဆွမ်းဆက်ကပ်ဖို့ ကားတစ်စီးနဲ့ ကြွလာကြချိန်မှာ… လမ်းမှာ ဘုန်းကြီးတစ်ပါး အလှူခံနေတာကို လှမ်းတွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် လှမ်းကြည့်လိုက်တာနဲ့တင် ဥပတိရုပ်က ဘုန်းကြီးအစစ်တွေနဲ့ လုံးဝ မတူနေသလို၊ သင်္ကန်းရုံထားပုံကလည်း ဘုန်းကြီးတွေလို မဟုတ်ဘဲ ခေါင်းမြီးခြုံထားသလို ဖြစ်နေတဲ့အတွက်…
-

ရွှေဘိုက ပျူတွေကို နွှာပြီဟေ့ (ရုပ်သံ)
ရွှေဘိုမြို့နယ်မှာ သီးလုံးရွာက ပျူစောထီးတွေ တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာနေ ပျူစောထီးတွေက အနီးဝန်းကျင်ကျေးရွာတွေမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူတွေကို အကြောင်းမဲ့ နှောင့်ယှက်ပစ်နေတဲ့တွက် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမိကျောင်းတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီပစ်ခတ်မှုက ဇူလိုင် ၂၂ ရက်နေ့မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ပျူစောထီးတွေဘက်က အထိအခိုက် ရှိမရှိ စုံစမ်းနေဆဲလို့ ရွှေဘိုမိကျောင်းတပ်ဖွဲက အသိပေးပါတယ်။ သီးလုံးပျူရွာက ပျူစောထီးက တောင်ယာလုပ်ကိုင်နေသူတွေကို မကြာခဏ လာရောက်ပစ်ခတ်နေလေ့ရှိတယ်လို့ ရွှေဘိုမိကျောင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရွှေဘိုမိကျောင်းတပ်ဖွဲ့ကတော့ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်ပြီး မိဘပြည်သူတွေကို ကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကို shwebo Crocodile ၊ ရွှေဘိုမြိုနယ်ပြည်သုူလုံခြုံရေးတပ်ဖွဲ ၊ ဒေါင်းစစ်သည် အကြမ်းဖက် နှိမ်နှင်းရေး P.SF ညီအကိုတွေက…
-

ပြင်ဦးလွင်မှာ ဓားပြတိုက်သူတွေကို ကြိုးမိန့်ပေးလိုက်ပြီ
ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူ ၅ ဦးကို ကြိုးမိန့်ချ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းမပေါ်ရှိ အောင်စံပယ်ရွှေဆိုင်ကို ဓားပြတိုက်ခဲ့တဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ဇူလိုင် ၁၆ ရက်မှာ ပြင်ဦး လွင်ခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အောင်မျိုးနိုင်၊ မျိုးလင်းထွန်း၊ စိုင်းကြည်သူ၊ အောင်ကိုသက်နဲ့ စန္ဒာဦးတို့ကို ဇူလိုင် ၁၆ ရက် မနက်က ပြင်ဦးလွင်ခရိုင်ရုံးက ပုဒ်မ ၃၉၆ အရ မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သတ်စေဖို့ အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။ “ပုဒ်မ ၃၉၆ က ဓားပြတိုက်တဲ့အချိန် လူသတ်မှုပါ…