Author: Baby Yit Lone

  • ပုသိမ် နေ့လား ညလား ဖြစ်နေပြီ

    ပုသိမ် နေ့လား ညလား ဖြစ်နေပြီ

    အာဏာသိမ်းစစ်တပ် ပုသိမ်မြို့အတွက် ခံစစ်ပြင်နေရပြီလို့ဆို အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဧရာ၀တီတိုင်းမြို့တော်၊ ပုသိမ်မြို့အတွက် ခံစစ်ပြင်နေရပြီလို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ ဇူလိုင်လ ၂၆ ရက် စစ်ရေးသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ “မြစ်ဝကျွန်းပေါ်ဒေသမှာ စစ်တပ်ဟာ မြို့တော်ပုသိမ်အတွက် စပြီးခံစစ်ပြင်ရပြီ ဖြစ်ပါတယ်”လို့သူက ဆိုပါတယ်။ သာပေါင်းမြို့ဝန်းကျင် ငဝန် (ပုသိမ်) မြစ် အနောက်ဘက်ကမ်းမှာ ခံစစ်စခန်းတစ်ခု တည်ဆောက် လာတာကို တွေ့ရှိရပြီး ရွှေသောင်ယံ ဘောမိဘက်ကနေ စိမ့်ဝင်လာနိုင်တဲ့ လမ်းကြောင်းဖြစ်တဲ့ အတွက် ကြိုတင် ပိတ်ဆို့ လိုဟန်ပုံရတယ်လို့ ရေးသားထားပါတယ်။ “ သာပေါင်းမြို့ရဲ့တောင်ဘက် ၄ ကီလိုမီတာ (၃ မိုင် ) ဝန်းကျင် အကွာ ငဝန် (ပုသိမ်) မြစ် အနောက် ဘက်ကမ်း ကွမ်းခြံကုန်းမှာ ခံစစ်စခန်းတစ်ခု…

  • DEMU ရထားအသစ်ကြီးပေါ်မှာ လမ်းပိတ်ပြီး ထမင်းဝိုင်းဖွဲ့စား၊ Tik Tok တွေရိုက်ခဲ့တဲ့ (၅၄) ဦးပါ အဖွဲ့ကြီး

    DEMU ရထားအသစ်ကြီးပေါ်မှာ လမ်းပိတ်ပြီး ထမင်းဝိုင်းဖွဲ့စား၊ Tik Tok တွေရိုက်ခဲ့တဲ့ (၅၄) ဦးပါ အဖွဲ့ကြီး

    “DEMU ရထားအသစ်ကြီးပေါ်မှာ လမ်းပိတ်ပြီး ထမင်းဝိုင်းဖွဲ့စား၊ Tik Tok တွေရိုက်ခဲ့တဲ့ (၅၄) ဦးပါ အဖွဲ့ကြီးကို… အခုတော့ တရားဝင် အမှုဖွင့် အရေးယူလိုက်ပြီ လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေမှာ အတော်လေးကို ဝေဖန်မှုတွေ မြင့်တက်နေတဲ့… မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထား ကြီးပေါ်က စည်းကမ်းမဲ့တဲ့ ဖြစ်စဉ်ကြီးကိုတော့ သက်ဆိုင်ရာက အချိန်တိုအတွင်းမှာပဲ ပြတ်ပြတ်သားသား အရေးယူလိုက်ပြီဆိုတဲ့ သတင်းကို မျှဝေပေးလိုက်ပါတယ်။ 😡 ရထားပေါ်မှာ အိမ်ကွင်းလို သဘောထားပြီး စည်းကမ်းဖောက်ဖျက်မှုများ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ (ဇူလိုင် ၂၃ ရက်) နေ့လယ်ပိုင်းက မော်လမြိုင်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ DEMU အမြန်ရထား (ပထမတန်းတွဲ-၃) ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ဒေါ်မြသန်း ဦးဆောင်တဲ့ (မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့) က…

  • ဝစီပိတ်လဲ ဒူးတုန်နေရှာပြီ

    ဝစီပိတ်လဲ ဒူးတုန်နေရှာပြီ

    စစ်ဗိုလ်ချုပ်တွေရဲ့ ဗေဒင်ယတြာနက္ခအခါတော်ပေး ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့ အသတ်ခံရပြီးတဲ့နောက် မင်းအောင်လှိုင်က သူကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးအတွက် စစ်တပ်အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ပေး စစ်ဗိုလ်ချုပ်တွေရဲ့ ဗေဒင် ယတြာနက္ခအခါတော်ပေး ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့ အသတ်ခံရပြီးတဲ့နောက် မင်းအောင်လှိုင်က သူ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးအတွက် စစ်တပ်အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ပေးထားတယ်လို့ စစ်ဘက်သတင်းရင်းမြစ်နဲ့ ကျိုင်းတုံမြို့ခံ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ စန္ဒကူးမြိုင် ရိပ်သာကျောင်း တိုက်မှာ နေထိုင်တဲ့ ဗေဒင် ယတြာနက္ခအခါတော်ပေး ဘုန်းကြီး ဦးပညာဝံသ ခေါ် ဒေါက်တာဖေဉာဏ်ကို ပန်းရံသမားတွေနဲ့ အပေါင်းအပါတစ်စုက သတ် ဖြတ် သွားခဲ့ပါတယ်။ အဲဒီလူသတ်မှုမှာပါဝင်တဲ့ တရားခံ ပန်းရံသမား ၅ ဦးကို ဇူလိုင်လ…

  • မြောက်ဥက္ကလာမှာ ဖြစ်ခဲ့တဲ့ ကလီစာထုတ် ကျားဖြန့်

    မြောက်ဥက္ကလာမှာ ဖြစ်ခဲ့တဲ့ ကလီစာထုတ် ကျားဖြန့်

    မြောက်ဥက္ကလာမှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်ဖွယ် ကလီစာထုတ် ကျားဖြန့်တဲ့… (လူတွေ ပျောက်နေကြတာ ဒါကြောင့်လား…?) ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် — ဆေးဝယ်ရန် အပြင်သို့ ခဏတာ ထွက်ခွာသွားသည့် ရောဂါသည် အမျိုးသားတစ်ဦးကို လူမှုကူညီရေးယာဉ်အယောင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က လမ်းမပေါ်တွင် အဓမ္မဖမ်းဆီးကာ ခန္ဓာကိုယ်တွင်း ကလီစာများ ထုတ်ယူရန် စက်ကိရိယာများဖြင့် ဆေးစစ်မှုများ ပြုလုပ်ခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်တစ်ခု မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း (ကျိန်သစ္စာရှင်ဘုရားအနီး) တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အသက် (၄၀) ကျော်အရွယ် လေဖြန်းထားသည့် နှလုံးရောဂါဝေဒနာရှင် အမျိုးသားတစ်ဦးသည် ဆေးဝယ်ရန် ထွက်လာစဉ် လမ်းဘေးတွင် ရုတ်တရက် ထိုးရပ်လိုက်သည့် လူမှုကူညီရေးယာဉ်တစ်စီးပေါ်မှ အမျိုးသား (၄) ဦးက သူ့အား ဝိုင်းဝန်းချုပ်နှောင်ကာ ကားပေါ်သို့ အဓမ္မဆွဲတင်ခဲ့ကြသည်။ ကားပေါ်ရောက်သည်နှင့်…

  • အယ်ဘတွေကို ဒူးနဲ့မျက်ရည်မိတ်ဆက်ပေးလိုက်တဲ့ နတ်ရေကန် ကမ္ဘာလုံးရေဒါ

    အယ်ဘတွေကို ဒူးနဲ့မျက်ရည်မိတ်ဆက်ပေးလိုက်တဲ့ နတ်ရေကန် ကမ္ဘာလုံးရေဒါ

    အကြမ်းဖက်စစ်တပ်၏ နတ်ရေကန်စခန်းသို့ စစ်ကူယာဉ်အစီး ၆၀ ကျော် ပို့ဆောင်နေပြီး တိုက်ပွဲများဖြစ်ပွား AA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ် အခြေစိုက်စခန်းရှိ ပျက်စီးခဲ့သည့် ကမ္ဘာလုံးရေဒါ အဆောက်အအုံကို ဂြိုဟ်တုပုံရိပ်တွင် ထင်ရှားစွာ မြင်တွေ့ရ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နတ်ရေကန်စခန်းသို့ စစ်ကူယာဉ်အစီး ၆၀ ကျော် ထပ်မံပို့ဆောင်နေပြီး စစ်ရေး အရှိန်မြှင့်နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက်နေ့ စစ်ယာဉ်တန်း အစီး ၆၀ ကျော်မှာ အမှတ်၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) သို့ ဝင်ရောက်ခဲ့ပြီး ယင်းမှတစ်ဆင့် ရှောက်တောင်နှင့် ဇင်ပြွန်းဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြောင်း၊ ညပိုင်းတွင် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို အသုံးပြု၍ တောင်ရိုးဘက်သို့ ဆက်…