Author: Baby Yit Lone
-

သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်
သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝတ်စားဆင်ယင်မှုများနဲ့ကပြဖျော်ဖြေခဲ့တယ်လို့ဆိုကာ သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄(က)/၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေ ၅ နာရီမှ ၁၀နာရီခွဲအထိ Novotel Hotel Yangon Ballroom ခန်းမမှာ ကျင်းပခဲ့တဲ့ “Cloud Seven Production & Entertainment” ရဲ့ Founder & CEO ကိုခန့်ဇော်အောင်ရဲ့ မွေးနေ့ပွဲနဲ့ ရုပ်ရှင်မိတ်ဆက်ပွဲမှာ သဉ္ဇာဝင့်ကျော် ဦးစီးတဲ့အဖွဲ့က ပါဝင်ဖျော်ဖြေခဲ့ကြဝာာဖြစ်ပါတယ်။ အဆိုပါဖျော်ဖြေမှုမှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားများမှာ…
-

Sunflower
Sunflower (2006) ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Drama အမျိုးအစားဖြစ်တဲ့ Sunflowerဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Kim Rae-won, Kim Hae-sook, Heo Yi-jae, Kim Byeong-ok, Kim Jung-tae, Han Jung-soo တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း လူသတ်မှုနဲ့ ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို နောင်တရပြီး လူကောင်းတစ်ယောက်အဖြစ် နေသွားဖို့ နေကြာပန်း စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိပေးခဲ့ပါတယ်။ နေကြာပန်း ဆိုင်ပိုင်ရှင် အို့ဂျာက ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်အောင် ထောက်ပံ့ပေးမယ်လို့…
-

Nak Loves Mak Sooo Much
Nak Loves Mak Sooo Much (2025) ဒီဇာတ်ကားလေးကတော့ အားလုံးသိပြီးသား ပီမက်နဲ့မယ့်နက်တို့ရဲ့အကြောင်းကို ခေတ်ဆန်ဆန်အနေနဲ့ပြန်လည်ရိုက်ကူးထားတာပါ။ နက်က သူအရမ်းကိုမှချစ်ရတဲ့မက်နဲ့ သေကွဲကွဲခဲ့ရတာကြောင့် နောက်ဘဝမှာ မက်နဲ့အတူချစ်ခွင့်ရဖို့အတွက် ကြိုးစားချိန် ရက်၃၀ရခဲ့ပါတယ်။ ဒီရက်၃၀အတွင်းမှာ မက်အနေနဲ့ နက်ကို ချစ်ရေးမဆိုခဲ့ရင် တကယ်အချစ်စစ်နဲ့မချစ်မိကြရင် နက်ဟာ မက်နဲ့ထပ်ကွေကွင်းရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် နက်တစ်ယောက် ချစ်ရသူမက်နဲ့နီးစပ်သွားမလား ဒီမစ်ရှင်အောင်မြင်ပါ့မလား။ နောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာ “မက်ကို အရမ်းချစ်တဲ့နက်” ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြရအောင်ပါ။
-

The Devil’s Bath
The Devil’s Bath (2025) ၁၇ ရာစု ၁၈ ရာစုကာလတွေမှာ စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း အစရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ နတ်ဆိုးရဲ့လွှမ်းမိုးမှု အဖြစ်ယူဆကြပြီး မိမိကိုယ်ကိုသတ်သေခြင်းဟာအပြစ်ကြီးတစ်ခုဖြစ်တဲ့အတွက် ထာ၀ရအပြစ်စီရင်ခြင်းကိုခံရမယ်ဆိုတဲ့ အစွဲရှိခဲ့ပါတယ်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုသတ်သေလိုသူတွေက လူသတ်မှုကိုတမင်ကျူးလွန်ပြီးနောက် တရားရုံးမှာပြစ်ဒဏ်စီရင်ခံပြီး ကွပ်မျက်ခံလေ့ရှိကြပါတယ်။ ဒီလုပ်ရပ်ကိုလုပ်တဲ့သူတွေက များသောအားဖြင့် အမျိုးသမီးတွေဖြစ်လေ့ရှိပြီး သူတို့သားကောင်တွေကလည်း ကလေးငယ်တွေသာ အဖြစ်များပါတယ်။ ဒီဇာတ်လမ်းကိုလည်း အဲ့ဒီလိုဖြစ်ရပ်တစ်ခုနဲ့စပြီးဖွင့်လှစ်ထားတာပါ။ ဟော်ရာကားဆိုပေမယ့် တစ္ဆေသရဲတွေ၊ မကောင်းဆိုးဝါးတွေမပါပဲနဲ့လူသားတွေရဲ့အစွန်းရောက်ယုံကြည်ချက်တွေ၊အယူအဆမှားတွေ၊ လှုမှုပတ်ဝန်းကျင်ရဲ့တလွဲစံနှုန်းနဲ့ဖိအားပေးမှုတွေကိုသာ ဗီလိန်အဖြစ်ကောင်းကောင်းကြီး ပုံဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာလင်ရုပ်ရှင်ပွဲတော်အပါအဝင် ဆုပေးပွဲအတော်များများမှာ အဓိကဆုကြီးတွေရရှိခဲ့ပြီး ၂၀၂၅ အော်စကာမှာလည်း Best International Feature Film အတွက် ဩစတြီးယားနိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရတဲ့ အနုပညာလက်ရာမြောက်ကားကောင်းတစ်ကားပါ။
-

ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေ
နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေသည်ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ထုတ်ပြန်သည်။ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံလျက်ရှိသည့် အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Page သို့ လည်းကောင်း၊ ဗဟိုသဘင်အလုပ်အမှုဆောင်များထံသို့လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိ နေသည့် ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့သည် နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေစဉ် ပရိတ်သတ်အတွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး အမြင်မသင့်သော ကလေးသူငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာပြုမူခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ များစွာစိတ်မကောင်း ဖြစ်ရသည်ဟု အစည်းအရုံးက ဖော်ပြထားသည်။ ထိုကိစ္စရပ်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိပါကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများအား ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ကြေညာသည်။ သဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဇာတ်အဖွဲ့၏…