Author: Baby Yit Lone

  • လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး

    လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး

    တပ်ရင်းမှူး သုံးဦးဒဏ်ရာရပြီး စုစုပေါင်းသေဆုံးနဲ့ ဒဏ်ရာစာရင်း ၆၀၀ ကျော်နေဟု ကရင်သတင်းရင်းမြစ်ပြော ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း စစ်ကောင်စီရဲ့တပ်မ(၂၂)က တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ ကျော်အထိရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ လက်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ လေးကေ့ကော်ဒေသတိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီး စစ်တပ်က မင်းလက်ပံရွာမှာဘဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။ လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၃)ဒုတပ်ရင်းမှူးနဲ့ ခမရ(၂၀၁)တပ်ရင်းမှူး သေဆုံးပြီး တပ်ရင်းမှူးသုံးဦး ဒဏ်ရာရထားတယ်လို့ တပ်မဟာ(၆)နယ်မြေက သတင်းရင်းမြစ်က ပြောပါတယ်။ “တပ်မ(၂၂)က သေဆုံး သုံးရာကျော်ပြီ။ တပ်ရင်းမှူ အဆင့် သုံးယောက်ဒဏ်ရာရ ။ 2ICက နှစ်ရက် သုံးရက်က…

  • စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်

    စစ်ကော်မရှင်၏လက်နက်ထုတ်လုပ်ရေး “အသက်သွေးကြော” ကို PDF များဖြတ်တောက်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အဓိက လက်နက်ထုတ်လုပ်ရေး အခြေစိုက်စခန်းများနှင့်ထောက်ပံ့ရေး လမ်းကြောင်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက နှစ်သစ်ကူးကာလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ကော်မရှင်တပ်၏ လက်နက်ထုတ်စက်ရုံ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂)သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေး ဓာတ်တိုင်များကို နှစ်သစ်ကူးကာလအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပခုက္ကူခရိုင်စစ်ဌာနက ယမန်နေ့(ဇန်နဝါရီလ ၁ ရက်)တွင် ထုတ်ပြန်ထားသည်။ ကပစ ၂၂ စက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတ်တိုင်များအား မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပခုက္ကူခရိုင်စစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းခွဲဖျက်ဆီးလိုက်သည့် ဓာတ်တိုင်အရေအတွက်နှင့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။…

  • ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့

    ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့

    အမျိုးသမီးတစ်ဦးကို ရေတပ်အရာရှိတစ်ဦးက မု-ဒိမ်းကျင့်ပြီး ကားနောက်မှာ ကိုယ်လုံးတီး ပစ်ထားခဲ့လို့ လျော်ကြေးပေးပြီး ကျေအေးလိုက်ရ ထိုင်းရေတပ်အရာရှိတစ်ဦးဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မု-ဒိမ်းကျင့်ပြီးနောက် ထရပ်ကားအသေးစားရဲ့ နောက်ခန်းမှာ အဝတ်ဗလာနဲ့တင်ကာ အိမ်ပြန်လိုက်ပို့ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ချွန်ဘူရီ မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူအမျိုးသမီးက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ Sattahip ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ အမျိုးသမီးဟာ သူငယ်ချင်းတွေနဲ့အတူ ဆိုင်တစ်ဆိုင်မှာ သောက်စားနေစဉ် အဲဒီအမျိုးသားက အိမ်လိုက်ပို့ပေးမယ်လို့ ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့တာပါ။ ဒါပေမယ့် သူမရဲ့နေအိမ်ကိုမပို့ဘဲ ရေတပ်၀န်ထမ်းအိမ်ရာကို ခေါ်သွားပြီး အခန်းထဲခေါ်မရတဲ့အဆုံး ရပ်ထားတဲ့ ကားပေါ်မှာပဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ကျူးလွန်ပြီးနောက်မှာတော့ အမျိုးသမီးကို ကားနောက်ခန်းမှာ အဝတ်ဗလာနဲ့တင်ပြီး ၅၊ ၆ ကီလိုမီတာလောက်ဝေးတဲ့…

  • မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးမြို့က ဧရာဝတီမြစ်သောင်ပြင်ကို ဝင်ကြေးပေးပြီးသွားရောက်နေရတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။ နေ့စဉ် လာရောက်အပန်းဖြေသူ ဦးရေ ရာနဲ့ချီရှိတဲ့ မကွေးမြို့သောင်ပြင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝါးတွေနဲ့အတားဆီးလုပ်ပြီး လူတစ်ဦးကို ဝင်ကြေးအဖြစ် ၅၀၀ ကောက်နေတယ်လို့သိရပါတယ်။ “အခါတိုင်းနှစ်အဲဒီလောက်လူမစည်ဘူး ဒီနှစ်မှာသဲသောင်ပြင် အတားဆီးလုပ်ပြီး ဝင်ကြေး ကောက်တာ။ Tiktok မှာ တွေ့ပြီး လာရောက်အပန်းဖြေသူများလာတာ။ ထွေအုပ်က သူတို့ ရန်ပုံငွေပေါ့ဗျာ လုပ်စားတာပါဗျာ အရင်နှစ်တွေက နှစ်တိုင်းပဲ မကွေး တံတား အောက်မြောက်ဘက်မှာ အပန်းဖြေ ဈေးဆိုင်ခန်းတွေ နှစ်တိုင်း ရှိတယ် ဘာပိုက်ဆံ မှာ မပေးရပါဘူး အဲဒီတုန်း က အခုလောက်ထိ လူမများဘူး။ အခုက မကွေးတံတား တောင်ဘက်မှာ သဲသောင်ပြင် ကျယ်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း “…

  • ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရ

    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရ

    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်တစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက် မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေ ပြည်သူဆီက ချောဆွဲလာတဲ့ ဖလပ်ခွန်တစ်စီးကို အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ လောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်မ ၉၉ လက်အောက်ခံ ဒုတပ်ကြပ်တစ်ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ “သူတို့လာမှာသတင်းရလို့ကြိုတင်စောင့်ခဲ့တာ၊ ပြည်သူဖလပ်ခွန်ကို…