Author: Baby Yit Lone

  • မုံရွာ ချောင်းဦးနယ်က ကျီကုန်းရွာကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်

    မုံရွာ ချောင်းဦးနယ်က ကျီကုန်းရွာကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်

    ရေခဲသေတ္တာနဲ့ ဆန်၊ဆီကအစ ရွာအတွင်းက ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားနဲ့ တင်ကာ နမခထဲ သယ်ယူနေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်း(အနောက်)ရွာကို အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ပထမအဆုံးအဖြစ် စစ်အုပ်စုက စီးနင်းကာ လူသတ်၊ မီးရှို့၊ ဖောက်ထွင်း၊ လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ချောင်းဦးနယ် ခင်မွန်ရွာ ပျူစောထီးစခန်းကတဆင့် နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်း မီးရှို့တာလို့ ဆိုပါတယ်။ စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် ရွာခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း…

  • စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်

    စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်

    ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်သား ၄ ဦး သေ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းဦး ထိခိုက်ဒဏ်ရာရကာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန် ရေးဘီလူးအဖွဲ့က အာယုတောင်ကျေးရွာရုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အာယုတောင်ကျေးရွာ ရုံးနဲ့ လင်းဦး ရှိတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်တယ်။ ဒုတိယအကြိမ်ပေါ့။ တိုက်ခိုက်တဲ့အခါမှာ သူ့အဖွဲ့က တပ်သား ၄ ဦး ကျတယ်။…

  • မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ

    မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ

    စစ်ခေါင်းဆောင်ညွှန်ကြားခဲ့သော မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာထိပ်တွင် တည်ရှိသော ကင်းဆိပ်သင်္ချိုင်းတွင် နေထိုင်ကြ သည်ဟု ယုံကြည်ရသော ပရလောကသားများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားခဲ့သည့် မီးရထားလမ်းသစ် စီမံကိန်းဧရိယာနှင့် မလွတ်သည့်အတွက် ပြောင်းရွှေ့ ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ သင်္ချိုင်းသည် ကင်းဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ၏ အပိုင်ဖြစ်ပြီး မီးရထားလမ်းသစ် ဖောက်လုပ်မည့်နေရာနှင့် တိုက်ရိုက်ထိမိနေသောကြောင့် သတ်မှတ်နေရာသစ်သို့ ပြောင်းရွေ့ပေးရခြင်း ဖြစ်သည်။ “သချိုင်း အကုန်ပါသလား၊ တစ်ခြမ်းပါသလား အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ ပရလောက သားတွေအတွက် အကျွတ်အလွတ်ပွဲ နဲ့ ပြောင်းရွေ့ဖို့တော့ လုပ်ဆောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။…

  • ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာ

    ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာ

    အမေရိကန်နိုင်ငံ၊ လတ်ဗီးဂပ်စ်မှာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှူအာဗန်က လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပထမအချီမှာပဲ အနိုင်ရသွားပါတယ်။ ပွဲအစ တမိနစ်မပြည့်ခင် ပထမအချီ ၂၆ စက္ကန့်မှာပဲ ပန်တိုဂျာရဲ့ ခြေကန်ချက်ကို ဗန်က ဖမ်းဆွဲယူလိုက်ပြီးနောက် ဘရာဇီးဖိုက်တာ ပန်တိုဂျာအကျမှာ လက်ထိခိုက်သွားလို့ ဆက် မထိုးနိုင်တော့ဘဲ အရှုံးပေးလိုက်ရတာပါ။ အသက် ၂၃ နှစ်အရွယ် ဂျိုရှူအာဗန်ဟာ UFC ချန်ပီယံဖြစ်လာတဲ့ ပထမဆုံး မြန်မာဖိုက်တာ တယောက် ဖြစ်သလို အာရှနွယ်ဖွားတွေထဲမှာလည်း ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွား ပါတယ်။

  • A Royal Montana Christmas

    A Royal Montana Christmas

    A Royal Montana Christmas (2025) ဒီဇာတ်ကားလေးကတော့ ဒီဇင်ဘာလရောက်လာလို့ ခရစ္စမတ်အချစ်ဇာတ်လမ်းကြည့်ရှုချင်တဲ့ ပရိတ်သတ်တွေအတွက်ကြည့်ရှုရမယ့် Christmas Romance and Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Lucifer, The Good Doctor က မင်းသမီး Fiona Gublemann လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း Zelarnia ဆိုတဲ့ နိုင်ငံငယ်လေးရဲ့ မင်းသမီးလေး Victoria ဟာ တော်ဝင်ထီးနန်းရဲ့ တာဝန်တွေနဲ့ ဖိအားတွေကနေ ခဏတာလွတ်မြောက်ဖို့အတွက် ခရစ္စမတ်အကြိုကာလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့အတူ သူမကလေးဘဝတုန်းက သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ ပျော်ရွှင်ဖွယ်အမှတ်တရတွေရှိတဲ့ အမေရိကန်နိုင်ငံ၊ Montana ပြည်နယ်ကမွေးမြူရေးခြံလေးကို အပန်းဖြေထွက်လာပါတော့တယ်။ ဒီခရီးစဉ်မှာ သူမဟာ နိုင်ငံရဲ့တော်ဝင်တာဝန်တွေကို မထမ်းဆောင်ခင် စိတ်အပန်းဖြေဖို့နဲ့ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း ခြံပိုင်ရှင်ရဲ့သားဖြစ်သူ အတိတ်က သူ့ရဲ့ဘေ့စ်ဘောအားကစားသမားဘဝအိပ်မက်တွေ…