Author: Baby Yit Lone

  • Crimes and Misdemeanors

    Crimes and Misdemeanors

    Crimes and Misdemeanors (1989) နယူးယောက်ကာမှာ ဘုရားသခင်ကိုရှာဖို့ အလွတ်စုံထောက်ငှားတဲ့အကြောင်း ဝူဒီအယ်လန်က ဝတ္ထုတိုတစ်ပုဒ်ရေးဖူးတယ်။ အဲဒီဇာတ်မှာ စုံထောက်က ဘုရားသခင်ကိုရှာမတွေ့ဘဲ ဘုရားသခင်ကို ဖြစ်တည်မှုပဓာနဝါဒီတစ်ယောက်က သတ်လိုက်ပြီဆိုတာကိုပဲ သိခဲ့ရတယ်။ အင်ဂမာဘာ့ခ်မန်းက ဝူဒီအယ်လန်ကို လွှမ်းမိုးမှုအရှိဆုံး ဒါရိုက်တာလို့ အယ်လန်ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ အယ်လန်က ဘာ့ခ်မန်းက သူကြည့်ဖူးသမျှထဲ အကြီးကျယ်ဆုံးရုပ်ရှင်ဖန်တီးသူလို့မြင်ခဲ့တယ်။ ဒါကြောင့်မို့လည်း နေမယ် အယ်လန်ရဲ့တစ်ချို့ရုပ်ရှင်တွေက တစ်ခုခုကို ချပြတာမဟုတ်ဘဲ မေးခွန်းတစ်ခုခုထုတ်နေသလိုဖြစ်နေတာတွေလည်းရှိတယ်။ ဘာ့ခ်မန်းကတော့ အမြဲအဲဒီအလုပ်ကိုပဲ လုပ်ခဲ့တာပါ။ ဘာ့ခ်မန်းဟာ ဘုရားသခင်ကို ရှာတယ်။ ဖြစ်တည်မှုကို ရှာတယ်။ ဒါပေမဲ့ ဘာ့ခ်မန်းက ယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတာ။ အယ်လန်ကတော့ Absurdityနဲ့ Existentialismတို့ဘက် ပိုရောက်တယ်ဆိုတော့ သူက မယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတယ်။ သူ့Idolနဲ့ ဝူဒီအယ်လန်က ဆုံဖူးရင်းနှီးဖူးခဲ့တုန်းကတော့ ဘယ်လိုများအပေါက်အလမ်းတည့်ကြသလဲ မသိဘူးပေါ့။…

  • PDF တွေတပ်စွဲထားတဲ့နေရာအထိ တပ်ဖြန့်ပြီးကာကွယ်ပေးမယ်ဆိုတာက များသွားပြီ

    တရုတ်ဖိအားကြောင့် မိုးကုတ်ကနေ ဆုတ်ခွါပေးဖို့သဘောတူရတဲ့အထိ TNLA ကို အပြစ်မတင်ရက်သေးဘူး။ အခု အကြမ်းဖက်တွေ အန္တရယ်ကင်းကင်းဝင်လာနိုင်ဖို့ TNLA က PDF တွေတပ်စွဲထားတဲ့နေရာအထိ တပ်ဖြန့်ပြီးကာကွယ်ပေးမယ်ဆိုတာက များသွားပြီလို့ပြောရမယ်။ ဒါက တရုတ်ဖိအားမဟုတ်တော့ဘူး၊ အကြမ်းဖက်စစ်တပ်နဲ့ အပေးအယူသဘောလုပ်တာဆိုတာ သိသာလွန်းအားကြီးသွားပြီလို့ပြောချင်တယ်။ အသေခံတိုက်ယူ၊ သိမ်းယူတုန်းက PDF တွေရဲ့အသက်တွေအများကြီးစတေးခဲ့ရပြီး ဘယ်လိုမှအပြန်အလှန်၊ အသိအမှတ်ပြုလေးစားမှုမရှိတာ စိတ်ထဲတော်တော်ဘဝင်မကျဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ၊ TNLA တို့နှင့် သွားပေါင်းတိုက်တဲ့ PDF တွေက NUG ကို ခွင့်ပြုချက်တောင်းပြီး ၊ အသိပေးပြီးသွားပူးပေါင်းတာမဟုတ်ခဲ့ဘူး။ NUG နှင့် MNDAA , TNLA တို့ညှိနှိုင်း၊ နိုင်ငံရေးစစ်ရေးမဟာဗျုဟာချပြီးတိုက်ခဲ့တာမဟုတ်တော့ ERO တွေက ဘာနိုင်ငံရေးဩဇာမှမရှိတဲ့ PDF တွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မမြင်ပဲ သူတို့ဆက်ဆံချင်သလိုဆက်ဆံကြတာဖြစ်တယ်။…

  • အရှေ့တောင်အာရှရှိ ကျားဖြန့်ခေါင်းဆောင်များဖမ်းမိရေး အမေရိကန်က ဧရာမဆုကြေးငွေဖြင့် ကမ်း လှမ်း

    အမေရိကန်အရာရှိများသည် လွန်ခဲ့သည့်ငါးနှစ်နီးပါးက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့ သောစစ်ကော်မရှင်တပ်မှ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတပ်အတွက် အဓိကငွေကြေးထောက်ပံ့သူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို တုန်လှုပ်သွားစေဟန်ရှိသည့် ပြင်းထန်သော အစီအမံတရပ်ကို ယခုလ အစောပိုင်းက ချမှတ်ခဲ့သည်။ အမေရိကန်အကြီးတန်းအရာရှိများက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လိမ်လည်မှုစင်တာနှိမ်နင်းရေး တပ်ဖွဲ့ (US Scam Centre Strike Force)ကို ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ လူလိမ်ဂိုဏ်းများအား နှိမ်နင်းရေးကြိုးပမ်းမှုများမှာ ပိုမိုပြင်းထန်လာသည်။ ထို့နောက် စစ်ကော်မရှင်အရာရှိများသည် ပြီးခဲ့သည့်သီတင်းပတ်က ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင် သော (BGF/KNA) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ရှိ လိမ်လည်မှုစင်တာများကို ချက်ချင်းနှိမ်နင်းရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်းပြောခဲ့သည်ဟု Reuters သတင်းဌာနက နိုဝင်ဘာ ၂၁ က ဖော်ပြခဲ့သည်။ လိမ်လည်မှုစင်တာများကြောင့်…

  • စစ်ကော်မရှင်ပြန်ဝင်လာမှာကြောင့် မိုးကုတ်မြို့သားအားလုံးနီးပါးမြို့ကိုစွန့်ခွာနေ

    စစ်ကော်မရှင်ပြန်ဝင်လာမှာကြောင့် မိုးကုတ်မြို့သားအားလုံးနီးပါးမြို့ကိုစွန့်ခွာနေ

    တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ မိုးကုတ်မြို့သား အားလုံးနီးပါးလောက် အခုရက်ပိုင်း မြို့ကို စွန့်ခွာသွားကြပြီလို့ အဲဒီမြို့က စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဒီနေ့ပြောပါတယ်။ မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အစပ်က ဒီမြို့ကို မဟာမိတ်တွေနဲ့အတူ သိမ်းထားတဲ့ တအာန်းတပ်(TNLA) က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကော်မရှင်ကို ဒီလကုန်မှာ ပြန်လွှဲပေးမယ်လို့ ကတိပြုခဲ့ရပြီးနောက် မြို့သူမြို့သားတွေ အခုလို မြို့ကို စွန့်ခွါထွက်ပြေးနေကြတာပါ။ “မြို့သူမြို့သားတွေက တော်တော်များများ ရွှေ့ပြောင်းသွားကြပါပြီ။ ဒီ ၃၀ ရက်မှာ စစ်ကော်မရှင်တပ်တွေ ပြန်ဝင်လာမှာလို့ သူတို့(TNLA)က ပြောပြထားပါတယ်” လို့ မိုးကုတ်မြို့သား စစ်ရေးသတင်းရင်းမြစ်က ဒီနေ့လယ်မှာ ပြောပါတယ်။ မြို့ကိုသိမ်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေဟာ TNLA နဲ့ စစ်ကော်မရှင်ကြားက အပစ်ရပ်စာချုပ်ကြောင့် မြို့ပြင် ကျေးလက်ဘက်မှာ ပြောင်းရွှေ့နေရာယူနေကြပြီလို့လည်း သူကပြောပါတယ်။ “ကျေးလက်လမ်းပိုင်းတွေနဲ့ နယ်မြေတွေကိုတော့…

  • ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်း ဗုံးပစ်ခံရ

    ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်း ဗုံးပစ်ခံရ

    အာဏာသိမ်းစစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ်ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ် ရှိ ကျောက်တံတားမြို့မရဲစခန်းကို ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်အစောပိုင်း ၁ နာရီအချိန်ခန့်တွင် လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဟု Operation Flame (OF) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုတွင် ရဲစခန်းရှေ့ကင်းတဲအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်ကို မသိရသေးကြောင်း OF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။ “မနက်အစောပိုင်းကြီး ပေါက်ကွဲသံ နှစ်ကြိမ်ကြားရတယ်။ ကားဘီးပေါက်တယ် ထင်လိုက်တာ မနက်ကျမှ ကျောက်တံတားရဲစခန်း ဗုံးခွဲခံရတယ်ဆိုတာ သိတာ။” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူက ဆိုသည်။ ယခုတိုက်ခိုက်မှုကို Opeartion Flame အဖွဲ့က “Fire Power” စစ်ဆင်ရေးဟု အမည်ပေးထား…