Category: News
-

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များသည် ဒီမိုကရေစီနည်းလမ်းတကျ ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများ၏ သဘောထားကို လျစ်လျူရှုရာရောက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် သဘောထားထုတ်ပြန်လိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် – စိတ်ရှည်သည်းခံမှု လွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမှု အဆိုပါ အပြုသဘောမဆောင်သည့် လုပ်ရပ်များကို အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် ပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို စော်ကားရာရောက်သည်။ ပြည်တွင်းရေး စွက်ဖက်မှု…
-

အမှန်တရားကို ဖုံးထားတဲ့ ပက်ထရစ်ရှာကေ့စ်
ရှာရှာရဲ့caseအပေါ် ကျွန်တော့်ရဲ့ အမြင်ကတော့ ဒဲ့ကြီးလိမ်နေတယ် အမှန်တရားကို ဖုံးထားတယ်လို့ ကို မြင်ပါတယ်။ ဒါဟာ ရိုးရိုးလေး ဖြစ်နေတဲ့ကိစ္စ မဟုတ်တော့ဘဲ အစီအစဉ်တကျနဲ့ လုပ်ဆောင်နေတဲ့ သက်သေဖျောက်ဖျက်မှု တစ်ခု ဖြစ်နေပါတယ်။ ၁။ အချိန်ဆွဲပြီး သက်သေဖျောက်ခြင်း (Buying Time) Mint ဘက်က Patria ကို ပြန်မလွှတ်တာ ဒါမှမဟုတ် ဖုန်းပေးမကိုင်တာဟာ အကြောင်းပြချက် တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ Patria ကို အပြင်ကလူတွေ၊ ရဲတွေနဲ့ တိုက်ရိုက် မတွေ့ဆုံစေချင်တာ ပါ။ ဆေးစစ်ချက်: မုဒိမ်းမှုမှာ အချိန်ကြာလေလေ ခန္ဓာကိုယ်ပေါ်က သက်သေတွေ (DNA, ဒဏ်ရာ) က ပျောက်ပျက်သွားလေလေ ဖြစ်ပါတယ်။ ဒါကြောင့် သူက ရက်ကျော်အောင် အချိန်ဆွဲနေတာ ဖြစ်နိုင်ပါတယ်။…
-

UFC ဆရာအကြီးတွေ အကုန်အံ့အားသင့်ခဲ့ရတဲ့ ဗန်ရဲ့စကေးလ်
မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ချန်ပီယံ Joshua Van က စိန်ခေါ်သူ ဂျပန်ဖိုက်တာကို အနိုင်ထိုးပြီး UFC ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ် အနိုင်ရ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် အမေရိကန်နိုင်ငံသား မြန်မာ့ကျားသစ် ဂျိုရှုအာဗန် (Joshua Van) သည် ယနေ့ကျင်းပသည့် UFC Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား စိန်ခေါ်သူ တက်ဆူရို တိုင်ရာ (Tatsuro Taira) ကို အပြတ်အသတ် အနိုင်ယူပြီး ၎င်း၏ ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ပြုလုပ်သည့် ပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှသားဖိုက်တာ နှစ်ဦး ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ရသည့် သမိုင်းဝင်ပွဲစဉ်တစ်ခု ဖြစ်သည်။ စိန်ခေါ်သူ ဂျပန်ဖိုက်တာ…
-

စစ်မှုထမ်းပြီးသူများ အလုပ်မရပါက စစ်မှုပြန်ထမ်းရန် တပ်ချုပ်သစ်ပြော
စစ်မှုထမ်း ၂ နှစ်ပြည့်ပြီးသူတွေကို အာဏာရှင်စစ်တပ်အနေနဲ့ အလုပ်အကိုင်ရရှိအောင် စီမံပေး နေပြီး အလုပ်မရရင် စစ်မှုပြန်ထမ်းနိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။ မေ ၈ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ နေပြည်တော်တိုင်း အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံတော်အတွက် အရေးကြုံချိန် နိုင်ငံ့သားကောင်း တယောက်ပီသစွာနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ကျေးဇူးတင်ပြီး အလုပ်အကိုင်ရရှိရေးအတွက် စစ်တပ်အနေနဲ့ စီမံဆောင်ရွက်ပေးနေပြီး အလုပ်မရလို့ စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင် လိုပါက ကြိုဆိုတယ်”လို့ ပြောပါတယ်။ ပြန်လည်ဝင်ရောက်လာမဲ့ စစ်မှုထမ်းတွေကိုလည်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေက မိသားစု သဖွယ် ညီရင်းအစ်ကိုပမာ လက်တွဲခေါ်ယူသွားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုပါတယ်။…
-

ထားဝယ် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ မေလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးပေးနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် နေအိမ်၌ ရှိနေစဉ် အမည်မသိသေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှု အတွင်း ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် မယားဖြစ်သူတို့…