Category: News

  • အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက် ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်နှင့် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောဆိုချက်အရ သိရသည်။ ယမန်နေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင်ရှိ ပျူစော ထီးစခန်းကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း…

  • အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

    အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

    အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား ဖမ်းဆီး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားတွေကို မေလ ၉ ရက်မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ မေလ ၉ ရက် နေ့လယ်က လူခေါ်ပွဲစား တာတီး (ခ) ဇော်လင်းထွန်းကို အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးမှာ ဖမ်းမိခဲ့ပြီး ချစ်သား (ခ) စိုးသီဟကို ခရေပင်လမ်းနဲ့ အမှတ် (၃) လမ်းဆုံမှာ ထပ်မံဖမ်းမိကာ ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးကို ရဲတွေက ရှာဖွေနေတယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ဝင်းထဲက Taxi နဲ့ ကယ်ရီသမားတွေဆီက…

  • သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး

    သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး

    လွိုင်ကော်မှာ သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ လူငယ် ၆ ဦး ရေဆင်းကူးရာက မောင်နှမဝမ်းကွဲ တော်စပ်သူ ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာက သဲချောင်းမှာ လူငယ် ၆ ဦး ရေဆင်းကူးရာက ယောက်ျား ၂ ဦးနဲ့ မိန်းကလေး ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ချောင်းဆိုပေမယ့် ရေသေဖြစ်နေတဲ့ ကန်လိုမျိုးပါ၊ ကလေးမလေးက ရေမကူးတတ်ဘူး၊ ရေနစ်လို့ ကျန်တဲ့ ကလေး ၂ ယောက်က လိုက်ဆယ်တာကနေ ၃ ယောက်လုံး…

  • သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး  သေဆုံး

    သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး သေဆုံး

    သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ယမန်နေ့ မေလ (၁၀) ရက် ညေနေ (၄) နာရီ (၃၀) မိနစ်ခန့်က အဆိုပါ သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ – ဘားအံကားလမ်းမိုင်တိုင်အမှတ် (၃/၇) နှင့် (၃/၈) ကြားတွင် သထုံမြို့၊ သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာရှိ သထုံတာယာစက်ရုံဘက်သို့ အမျိုးသမီးငယ် သုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် ဘားအံဘက်မှ သထုံဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော Honda Fit အမျိုးအစား မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးငယ် သုံးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင်…

  • ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

    ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

    ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ သတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ လည်လှီးသတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေါက်တာကောင်းစံ၏ မိတ်ဆွေများက ပြောဆိုသည်။ မေလ ၂ ရက်နေ့ ဒေါက်တာကောင်းစံ၏ ဇနီးဖြစ်သူမှာ ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးတို့၏ အုပ်စုဖွဲ့ လည်လှီးသတ်ဖြတ်ခြင်း ခံခဲ့ရပြီး အဆိုပါ လူသတ်မှုကို ကျူးလွန်သူများမှာ လက်ရှိ တပ်တွင် ရာထူးရှိနေဆဲ အရာရှိကြီးများ၏ သားသမီးများဖြစ်နေခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်က တရားခံကို သိရှိထားသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ…