Category: News

  • ယူကရိန်းအရေး ထရန့်နှင့် ဥရောပခေါင်းဆောင်များ ‘ခွန်းကြီး ခွန်းငယ်’ စကားများ

    ယူကရိန်းအရေး ထရန့်နှင့် ဥရောပခေါင်းဆောင်များ ‘ခွန်းကြီး ခွန်းငယ်’ စကားများ

    ရုရှား ကျူးကျော်မှုအား မည်သို့အဆုံးသတ်ကြမည်ဆိုခြင်းအပေါ် သဘောထား ကွဲလွဲမှု ပိုမိုကြီးထွားလာနေသည့် နောက်ဆုံး လက္ခဏာအဖြစ် ယူကရိန်းအရေးနှင့်ပတ်သက်ကာ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီခေါင်းဆောင်များ “ခပ်ကြမ်းကြမ်း စကားလုံးများ” ဖြင့် အပြန်အလှန် ပြောဆိုခဲ့ကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား၊ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်တို့နှင့် ဖုန်းခေါ်ဆိုမှုအကြောင်း မေးမြန်းသည်ကို ထရန့်က “ကျွန်တော်တို့ ယူကရိန်းအရေး ဆွေးနွေးရာမှာ စကား လုံးတွေ ကြမ်းကုန်ကြတယ်” ဟု သတင်းထောက်များအား ပြောသည်။ “လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားတာလေးတွေ ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်၊ အခြေအနေ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ၊ ပြီးတော့ ကျွန်တော်တို့က အစည်း အဝေးမစခင် အချို့ကိစ္စတွေကို သိထားချင်ကြတယ်”…

  • မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့  သုံးဖွဲ့ ပေါင်းစည်း

    မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပေါင်းစည်း

    မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပေါင်းစည်း မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြိုသစ်နယ်တွင် စစ်ကော်မရှင် တော်လှန်ရေးတပ်ဖွဲ့ (၃) ဖွဲ့ ပေါင်းစည်းလိုက်ကြောင်း ဗိဿနိုး ကာကွယ်ရေးတပ်မတော် စစ်ဦးစီး၏ ထုတ်ပြန်ချက်အရသိရသည်။ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးမဟာဗျူဟာများကို ပိုမိုခိုင်မာစေရန် တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြိုသစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံး ဖွဲ့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ” ပြန့်ကြဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို တစ်စုတစ်စည်းတည်း ဖြစ်စေဖို့ စစ်စည်းကမ်း ပိုမိုကောင်းမွန်ပြီး ကျစ်လစ်ခိုင်မာတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်လာစေဖိုနဲ့ စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ စစ်ရေးမဟာဗျူဟာများကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီးပေါင်းစည်းတာပါ။ ” ဟု…

  • စစ်ကော်မရှင်စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

    စစ်ကော်မရှင်စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်

    မိုးကုတ်မြို့ရှိ စစ်ကော်မရှင်စခန်းကုန်းကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ် စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူထားပြီးဖြစ်သည့် မိုးကုတ်မြို့အတွင်းဘက်ကို တော်လှန်ရေးတပ်များ တိုက်စစ်ဆင်ခဲ့ရာ ဓာတ်တော်ကုန်းကို ပြန်လည်ထိန်းချုပ် တပ်စွဲထားနိုင်ကြောင်း သိရသည်။ မိုးကုတ်မြို့ရှိ စခမ်းကြီးရွာကို စိုးမိုးထားသည့် ဓာတ်တော်ကုန်းစခန်းကို ဒီဇင်ဘာ ဒုတိယပတ်အတွင်း တော်လှန်ရေးတပ်များက ပြန်လည်ထိန်းချုပ် နေရာယူထားခြင်းဖြစ်သည်။ “မိုးကုတ်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးကျည်ပေါက်ကွဲသံတွေ မြို့အနောက်ခြမ်းကနေတောင် ကြားနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မိုးကုတ်မြို့ အနောက်ခြမ်းရှိ စစ်ရေးအရအရေးပါသည့် ဂွေးပင်စခန်းနှင့် အနီးဆုံးဖြစ်သည့် ဓာတ်တော်ကုန်းစခန်းမှနေ၍ စစ်ရေးအရ စစ်ကော်မရှင်တပ်ကိုတော်လှန်ရေးတပ်များက ခြိမ်းခြောက်မှုများ စတင်ပြုလုပ်လာနိုင်ကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက် ကိုးနာရီအချိန်ခန့်မှစပြီး စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မိုးကုတ်မြို့အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ မြို့အရှေ့ပိုင်းရှိ ပြောင်ခေါင်းထိပ်ရွာအနီးဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ၊ ပေါက်ကွဲသံများ…

  • မယားကြီးသိမှာစိုး၍ ၁၀ လွှာ ပြတင်းပေါက်မှ ရှောင်ပြေးသည့် တရုတ်အမျိုးသမီးဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့

    ချစ်သူ၏ဇနီး မတွေ့စေရန် အထပ်မြင့်တိုက်ခန်းမှ ထွက်ပြေးခဲ့သည့် တရုတ်အမျိုးသမီးတဦး၏ ဗီဒီယိုသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ဗီဒီယိုဖိုင်တွင် စကတ်တို ဝတ်ဆင်ထားသော ထိုအမျိုးသမီးက အဆောက်အအုံ၏ အပြင်ဘက်နံရံများနှင့် ရေပိုက်များကို ကုပ်တွယ်သွားနေသည်ကို တွေ့ရသည်။ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ ထိုမြင်ကွင်းက တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာသုံးစွဲသူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ လူနေအိမ်ရာအဆောက်အအုံတခုတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဖြူရောင်စကတ်တို ဝတ်ဆင်ထားသော အနက်ရောင်ဆံပင်အရှည်နှင့် အမည်မသိ အမျိုးသမီးတဦးသည် အဆောက်အအုံ၏ ၁၀ လွှာခန်းအပြင်ဘက် နံရံ၌ ကုပ်တွယ်သွားနေသည်ကို ဗီဒီယိုတွင် တွေ့ရသည်။ သူမသည် အဆိုပါအိမ်မှ အမျိုးသားနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲနေမှုများ ရှိကြောင်း ETtoday သတင်းတွင် ဖော်ပြထားသည်။ အမျိုးသား၏ဇနီးဖြစ်သူ ရုတ်တရက် အိမ်ပြန်ရောက်လာသောအခါ…

  • လံကြုတ်ရွေးကောက်ပွဲ ပြီးလျှင် စစ်တပ်၏ ရုံခါပွဲ လာနိုင်သလား

    မြန်မာစစ်တပ်က ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြီး ဇန်နဝါရီလ၌ အဆုံးသတ်မည်ဟု ကြေညာထားသည်။ ရလဒ်နှစ်ခုကတော့ သေချာသည်။ တစ်ခုမှာ စစ်တပ်နှင့် တစ်ဘက်တည်း ရပ်တည်သည့် နိုင်ငံရေးပါတီက အနိုင်ရသူအဖြစ် မှတ်တမ်းဝင်မည်။ နောက်တစ်ခုမှာ အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍသည် ယခုထက်ပို၍ မှေးမှိန်သွားမည်။ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်နီးပါး ကြာလာချိန်၌ နိုင်ငံသည် ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိကာ စစ်တပ်သည်လည်း ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားကို အံတုစစ်ပြိုင်နေရသည်။ သမ္မတဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် တော်လှန်ရေးနှင့် ဆက်နွယ်သူ၊ တိုက်ခိုက်ရေးသမား၊ နိုင်ငံရေးသမား ထောင်ပေါင်းများစွာသည်…