Category: News
-

ဟင်္သာတတွင် ကျောင်းသားများအား အိမ်သာနံရံရှိ ရွှံ့စေးများကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမ
ဟင်္သာတမြို့ အလက လက်ပံစု (နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အလက လက်ပံစု (နောက်) ကျောင်းမှာ အလယ်တန်းပြဆရာမက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းသားတွေကို လျှာနဲ့လျက်ခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့က စစ်ဆေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၃၀ ရက်က အလက လက်ပံစု(နောက်) စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ်တန်းပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့ရှိသွားပြီး ရွှံ့ပေအောင်လုပ်တဲ့သူ မေးမရတဲ့အတွက် ကျောင်းသားတွေကို ခေါ်ပြီး လျှာနဲ့ လျက်ခိုင်းခဲ့တာကြောင့် မိဘတွေက သိရှိပြီးနောက် စုပေါင်းတိုင်ကြားလို့…
-

ဘွဲ့ယူပြီးပြန်လာတဲ့ သားငယ်လေးရဲ့ ရင်နင့်စရာ မိဘဆီ အပြန်လမ်း
“ဘွဲ့ယူပြီးမှ အိမ်ပြန်လာမယ်… အိုမင်းလာတဲ့ မိဘတွေကို ကိုယ်တိုင် ပြန်လုပ်ကျွေးတော့မယ်” ဆိုသည့် ကတိစကားသည် ယခုတော့ လေထဲမှာပင် ပျောက်ကွယ်သွားခဲ့ရပါပြီ။ ဝေးလံသော အရပ်မှနေ၍ ပညာဗဟုသုတများကို ဆည်းပူးရင်း မိဘတို့၏ အားကိုးရာဖြစ်ရန် ကြိုးစားနေသည့် မောင်လေးတစ်ယောက်၏ အိမ်အပြန်လမ်းသည် အိမ်မရောက်ခင် လမ်းခုလတ်မှာတင် ရက်စက်စွာ အဆုံးသတ်သွားခဲ့ရသည်။ နေပြည်တော် ရေဆင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မောင်လေးသည် မိဘများနှင့် မဆုံတွေ့ရသည်မှာ (၃) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိဘကို လွမ်းသော်လည်း “ပညာရေးနှောင့်နှေးမည်စိုး၍” ဟူသော စိတ်ဖြင့် အထီးကျန်စွာ ကြိုးစားနေခဲ့သူ ဖြစ်သည်။ ယခုနှစ်သည် သူ၏ ပညာသင်နှစ် နောက်ဆုံးနှစ် (Final Year) ဖြစ်သကဲ့သို့၊ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်ရန် လက်တစ်ကမ်းအလို အချိန်လည်း ဖြစ်သည်။ မိဘလက်ထဲသို့…
-

ညဉ့်နက်မှ အိပ်ရာဝင်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမို မြင့်မားခြင်းနှင့် ဆက်စပ်
ညဉ့်နက်မှ အိပ်လေ့ရှိသူများ (Night owls) သည် အထူးသဖြင့် အသက်ကြီးလာချိန်တွင် နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ပိုမိုရင်ဆိုင်ရနိုင်ပြီး၊ အမျိုးသမီးများတွင် ပိုမိုသိသာစွာ သက်ရောက်မှုရှိကြောင်း သုတေသန တွေ့ရှိသည်။ အမေရိကန် နှလုံးအဖွဲ့ချုပ်၏ Life’s Essential 8 တိုင်းတာချက်အရ ညပိုင်းတွင် ပိုမို တက်ကြွလေ့ရှိသော အလယ်အလတ်အရွယ်နှင့် သက်ကြီးပိုင်းအရွယ် လူကြီးများ အထူးသဖြင့် အမျိုးသမီးများသည် မနက်ပိုင်း သို့မဟုတ် ညနေပိုင်းကို အထူးတလည် နှစ်သက်မှု မရှိသူများနှင့် နှိုင်းယှဉ်ပါက ယေဘုယျ နှလုံးကျန်းမာရေး ပိုမို ညံ့တတ်ကြောင်း ပြသနေသည်။ UK Biobank ၏ အချက်အလက်များကို ယခု သုတေသန၌ ခွဲခြမ်းစိတ်ဖြာချက်အရ ညဉ့်နက်မှအိပ်သူများတွင် တွေ့ရလေ့ရှိသော အာဟာရ မပြည့်ဝသည့် စားသောက်မှုပုံစံ၊ အိပ်စက်မှု နည်းပါးခြင်းနှင့်…
-

မိုက်ခရိုပလတ်စတစ် အများဆုံးပါဝင်သော အစားအစာများ
သတင်းများကို အနည်းငယ်မျှ သတိထားကြည့်မိရုံဖြင့် မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်ကို ဖော်ပြ နေသည့် သတင်းခေါင်းစဉ်များကို တွေ့မြင်ရမည်ဖြစ်သည်။ မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ပလတ်စတစ်ပစ္စည်းတခု ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော ပလတ်စတစ်အမှုန်အမွှားအပိုင်းအစကလေးများဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့်က “မိုက်ခရိုပလတ်စတစ်” ဆိုသည့်စကားလုံးမှာ စိမ်းနေခဲ့သော်လည်း ယနေ့ခေတ်တွင် ကျန်းမာရေးဆိုးကျိုးကို အထူးတလည် စိုးရိမ်နေသူမဟုတ်စေကာမူ လူတိုင်းနီးပါး ပြောဆိုနေကြသည့် အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ယင်း၏အမည်အတိုင်းပင် အလျား ငါးမီလီမီတာအောက်ရှိသော အလွန် သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ ယင်းတို့သည် ပလတ်စတစ်များ သဘာဝ အတိုင်းဆွေးမြည့်ပျက်စီးနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြွင်းအကျန်များ ဖြစ်ကြသည်။ ပလတ်စတစ်များသည် သဘာဝအတိုင်း ဆွေးမြည့်မသွားဘဲ အလွန်သေးငယ်သော အမှုန်များအဖြစ်သာ အဆင့်ဆင့် ပြိုကွဲသွားကြသည်။ ထိုအမှုန်များသည် လေနှင့်ရေတို့မှတဆင့် ပတ်ဝန်းကျင်အတွင်းသို့ အမြောက်အမြား ပျံ့နှံ့ရောက်ရှိကာ ထိတွေ့သမျှအရာအားလုံးကို…
-

မိုးမိတ်ရှိ စစ်ကော်မရှင်၏ လက်နက်ဂိုဒေါင် ဒရုန်းဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူများပြား
ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကော််မရှင်၏ လက်နက်ခဲယမ်းများ သိုလှောင်ထားသည့်ဂိုဒေါင်ကို တော် လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူထားသည့် ရွှေဇာလီကျေးရွာရှိ လက်နက်ခဲယမ်းသိုလှောင်ရုံ တစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသည့်အတွက် ဂိုဒေါင်ပေါက်ကွဲပြီး စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးသူများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ထိခိုက်မှုများတယ်လို့တော့ သိတယ်။ သူတို့အုပ်စိုးထားတဲ့နေရာဆိုတော့ အတိအကျတော့မသိရဘူး။ ပေါက်ကွဲအသံတွေပြီးနောက်မှာ အလောင်းတွေသယ်ထုတ်တာတွေတော့ ရှိတယ်”ဟု မိုးမိတ်မြို့ခံ တစ်ဦးက ပြောသည်။ စစ်ကော်မရှင်က ရွှေလီမြစ်ဆုံတံတားတွင် ခြေကုပ်ယူနိုင်ရန် ပြင်ဆင်နေပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိသေးချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာခြင်းဖြစ်ကာ အဆိုပါ လက်နက် ခဲယမ်းဂိုဒေါင်သည် နမိတ်ချောင်း တစ်ဖက်ကမ်းတွင်ရှိပြီး စစ်ကော်မရှင်တပ်များ အများအပြားနေရာယူထားကြောင်း သိရသည်။ မိုးမိတ်မြို့တွင် ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က…