Category: News

  • ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံး

    ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံး

    ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရရှိ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့တွင် နံနက်ပိုင်း ၄နာရီခန့် အချိန်မှစတင်၍ ပေါက်မြို့နယ်အရှေ့ပိုင်း၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီး ကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ခဲ့ကြောင်း၊ဇွန်လ ၄ ရက်နေ့တွင်မွန်းလွဲပိုင်းတွင် ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျုစောထီးကျေးရွာစစ်စခန်တို့ကို အပြီးပိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။…

  • ဂျပန်နိုင်ငံတွင် ခြေတစ်ဖက် ကျိုးထားသည့် သမင်အပေါ်တက်ထိုင်ရန် ကြိုးစားခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး ဝေဖန်ခံနေရ

    ဂျပန်နိုင်ငံတွင် ခြေတစ်ဖက် ကျိုးထားသည့် သမင်အပေါ်တက်ထိုင်ရန် ကြိုးစားခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး ဝေဖန်ခံနေရ

    ဂျပန်နိုင်ငံ၊ နာရာပန်းခြံအတွင်း သမင်တစ်ကောင်၏ ကျောပေါ်သို့ အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ရန်အတွက် အတင်းအဓမ္မ တက်ထိုင်ရန် ကြိုးပမ်းနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး နိုင်ငံတကာ သတင်းဌာနအချို့တွင်ပါ ဖော်ပြခြင်း ခံခဲ့ရသည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းထဲတွင် အမျိုးသမီးဖြစ်သူသည် ထွက်ပြေးနေသည့် သမင်တစ်ကောင်နောက်သို့ လိုက်လံမောင်းနှင်နေသည်ကို တွေ့ရပြီး၊ ထို့နောက် သမင်ကို အမှီလိုက်ကာ ကျောပေါ်တက်ရန် ထပ်မံကြိုးပမ်းခဲ့သည်။ ၎င်းနှင့်အတူပါလာသည့် အမျိုးသားကမူ အဆိုပါဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ကူးပေးနေခဲ့ခြင်း ဖြစ်သည်။ နာရာမြို့ရှိ သမင်များကို ကူညီစောင့်ရှောက်ပေးနေသည့် စေတနာ့ဝန်ထမ်းများ၏ ထုတ်ဖော်ပြောကြားချက်အရ ဗီဒီယိုထဲပါ သမင်လေးမှာ မော်တော်ယာဉ်မတော်တဆမှုကြောင့် ရှေ့ခြေထောက်တစ်ဖက် ကျိုးထားသဖြင့် လမ်း ကောင်းကောင်းမလျှောက်နိုင်ဘဲ နာကျင်နေသည့် သမင်လေးဖြစ်ကြောင်း သိရသည်။ စေတနာ့ဝန်ထမ်းများက အဆိုပါအမျိုးသမီး၏ လုပ်ရပ်မှာ တိရစ္ဆာန်အပေါ် ညှင်းပန်းနှိပ်စက်ခြင်းဖြစ်ပြီး လုံးဝခွင့်မလွှတ်နိုင်စရာ အောက်တန်းကျသည့်…

  • ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ

    ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ

    ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် မိုးဆက်ကောင်းနိုင် ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ယမန်နေ့ (ဇွန်လ ၄ ရက်) ညက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ရေကြီးမှုများ ဖြစ်ခဲ့ပြီး နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ ရပ်နားထားသည့် မော်တော်ယာဉ်အချို့ ရေမြုပ်ခြင်းနှင့် ပစ္စည်းအချို့ ရေကြီးမှုကြောင့် ပျက်စီးမှုများရှိခဲ့သည်။ “အလုံမှာက ရေမကြီးတာကြာပြီ။ ညက မိုးကြောင့် အိမ်တွေထဲ ရေတွေဝင်ပြီး တချို့မြေညီထပ်အိမ်တွေဆို တန်ဖိုးကြီးပစ္စည်းတွေ ပျက်စီးမှုတွေ ကြုံခဲ့ရတယ်။ မိုးရာသီစစချင်းမှာတောင် ဒီလိုရေကြီးတာ ကြုံရတော့ မိုးတွင်းမှာ ရေကြီးမှုအတွက် ကြိုပြင်ရတော့မယ့် အခြေအနေပါ” ဟု အလုံမြို့နယ် ဒေသခံတဦးက ပြောသည်။ ရန်ကုန်တွင် ယမန်နေ့ ညက…

  • စစ်ကိုင်းမြို့ပေါ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

    စစ်ကိုင်းမြို့ပေါ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

    ဗုံးပေါက်ကွဲသော လ၀ကရုံးမှာ စစ်တပ်နှင့်ပျူစောထီးများက နှစ်ရှည်လများစွာ လုံခြုံရေးယူထားသည့်နေရာဖြစ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း စစ်ကိုင်းမြို့အခြေစိုက် ပရဟိတအဖွဲ့များက ပြောဆိုသည်။ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ် လ၀ကရုံး ဝင်ပေါက်ဘေးတွင် ဗုံးစတင်ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လ၀ကရုံးမှ ဝန်ထမ်းတချို့နှင့် ပြည်သူ တချို့ စုစုပေါင်း ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိသွားကြောင်း၊ သေဆုံးသူမရှိကြောင်း သိရှိရသည်။ “ဖြစ်တာက ရုံးဝင်ပေါက်ဘေးမှာ ဗုံးကွဲတာ။ ဝန်ထမ်းတွေနဲ့ လူတွေ ဒဏ်ရာရတာရှိတယ်။ ဗုံးပေါက်တဲ့နေရာက UDI ကတ်နဲ့ မှတ်ပုံတင်တွေ စိစစ်ဖောင်တင်တဲ့နေရာပါ။ ဒရုန်း ဗုံးကျတာမဟုတ်ဘူး” ဟု လူနာများကို ဆေးရုံတင်ပို့ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက…

  • မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်

    မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်

    အကြမ်းဖက်စစ်တပ်က မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ် နေရာအနှံ့တွင် စွန့်ပစ်ထား လတ်တလော အလောင်း ၄၀ ကျော်တွေ့ရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ်နေရာအနှံ့အပြားတွင် စွန့်ပစ်ထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ ညောင်ဦးအခြေစိုက် ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးများ ပူးပေါင်းထားသည့် အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် မေလဆန်းပိုင်းကတည်းက မြစ်ခြေမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် လမ်းတောက်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင်၊ မေလနှောင်းပိုင်း မြစ်ခြေမြို့ပေါ်သို့ ရောက်ရှိလာချိန်တွင်လည်း နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။…