Category: News

  • ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်”လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။ ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း…

  • ငုံးဥပြုတ်ရောင်းတဲ့ “သုခိတ” လူသားလေး

    ငုံးဥပြုတ်ရောင်းတဲ့ “သုခိတ” လူသားလေး

    🌻 ငုံးဥပြုတ်ရောင်းတဲ့ “သုခိတ” လူသားလေး 🌻 ​ဒီကောင်လေးအကြောင်းကို မိတ်ဆွေတို့သိအောင် ကျွန်တော်ပြောပြချင်ပါတယ်…။ ​ဒီကောင်လေးကို ကျွန်တော်စတွေ့ခဲ့တာက သန်လျင်တံတားအဆင်းနဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာဘက်နားက လမ်းလေးခွဆုံတဲ့ မီးပွိုင့်ထိပ်မှာပါ….။ ​အဲဒီနေ့က ကျွန်တော် မြို့ထဲဘက်က ပြန်လာပြီး အဲဒီမီးပွိုင့်ထိပ်ရောက်တော့ မီးနီသွားလို့ ကျွန်တော့်ကားလေးကို ရပ်လိုက်တဲ့အချိန်မှာ…. ” ကိုကြီးရေ..ငုံးဥပြုတ်ယူအုံးမလား” ​အသံကြားလို့ ကျွန်တော့်ကားဘေးကို ကြည့်လိုက်တော့ လက်နှစ်ဖက်မှာ ချိုင်းထောက်နှစ်ခုကို လက်မောင်းရင်းမှာ ထောက်ပြီး ငုံးဥပြုတ်ခြင်းလေးကို လက်မှာကိုင်ထားကာ စျေးလာရောင်းတဲ့ ကောင်လေးတစ်ယောက်….။ ​ကျွန်တော် ငုံးဥပြုတ်ကို စားချင်စိတ်မရှိပေမယ့် ဒီကောင်လေးကိုကြည့်ပြီး သနားသွားတာနဲ့ တစ်ထုပ်လောက်တော့ အားပေးအုံးမှပါလေလို့ တွေးမိပြီး… ” တစ်ထုပ် ဘယ်လောက်လဲ ညီလေး” ” တစ်ထုပ်ကို တစ်ထောင်ပါ အကို” ​ကျွန်တော် ငုံးဥပြုတ်တစ်ထုပ်ကိုယူလိုက်ပြီး ပိုက်ဆံရှင်းဖို့ အိတ်ထဲကို…

  • အင်းတော်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

    အင်းတော်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

    ကျေးရွာအချို့ရှိ စစ်တပ်ခြေကုပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထား ‎‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တောင်ဘက်ခြမ်းရှိ လယ်ပြင်၊ နန်းကင်း နှင့် နတ်မဟုတ်ကလေး စသည့် ကျေးရွာတဝိုက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ ‎‎ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က နတ်မဟုတ်ကလေးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်၏ ခြေကုပ် စခန်းငယ်တစ်ခုကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ၂ နာရီခန့်အကြာ စီးနင်းတိုက်ခိုက်ပြီး‌နောက် သိမ်းပိုက်နိုင်ခဲ့သည်။ ‎”မနေ့ကတည်းက ဂျက်ဖိုက်တာရော၊ ထောက်ပို့သယ်ယူ လေယာဉ်ရောဝဲနေတာ မပခ (မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) ကိုဝင်တဲ့ ယာဉ်တန်းတွေပြန်းဆင်းမှာကြောင့်လို့လည်း ပြောတယ်။ အင်းတော်၊ ကသာဘက်ကတော့ အဖွဲ့စုံက ဝင်တိုက်နေတဲ့သဘောပဲ။ AA ရှိမယ်။ KIA ရှိမယ်။ NUG တပ်တွေရှိမယ်။…

  • ရဲဝင်းဦး ရဲ့ စစ်ဆင် ရေးကြီး ကျရှုံးပြီ

    ရဲဝင်းဦး ရဲ့ စစ်ဆင် ရေးကြီး ကျရှုံးပြီ

     အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ် ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွား ပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါ တယ်။ တရုတ်စီမံကိန်းတွေကိုအကာအကွယ်ယူပြီး စနဲမြို့ ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ် ကြောင်းတွေဟာ စစ်ဆင်ရေး ဆယ်ရက်ခန့်အကြာ မှာပဲ အထိနာပြီး ပြန်ဆုတ်သွားပြီလို့ကျောက်ဖြူမြို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ စနဲမြို့ကိုတန်ပြန်ထိုးစစ်ဆင်ဖို့ စစ်တပ်က ဧပြီလကတည်းက အင်အားဖြည့်ပြီး မေလ ၁ဝ ရက်မှာစစ်ရေးစတင်ဖော်ဆောင်လာတာ ဖြစ်ပါတယ်။ စနဲမြို့ကနေ ၂၈ မိုင်ခန့်သာဝေးနဲ့ ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းအနီးက တောင်မော်ဦးရေတပ် စခန်းမှာ အင်အားတွေစုဖွဲ့ပြီး ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။ “မဒေးကျွန်းမှာက…

  • ဧရာဝတီတိုင်းနယ်လုံဝန်ကြီး၏ တူဖြစ်သူကို ဖမ်းဆီးခဲ့သည့် တပ်ရင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံနေရ

    ဧရာဝတီတိုင်းနယ်လုံဝန်ကြီး၏ တူဖြစ်သူကို ဖမ်းဆီးခဲ့သည့် တပ်ရင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံနေရ

    ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို လာလည်တဲ့ စစ်အာဏာရှင်ခန့် တိုင်းနယ်လုံဝန်ကြီးရဲ့ တူဖြစ်သူကို မြို့အဝင် X Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီး စစ်ကြောရေးနဲ့တည်းခိုရေးတပ်ကို ပို့လိုက်တဲ့ အမှတ် ၂၀၅ တပ်ရင်းမှူးနဲ့အဖွဲ့ စစ်ဆေးခံနေရတယ်လို့ ထန်းတပင်မြိုခံတွေဆီက သိရပါတယ်။ မေ ၃၁ ရက် ညနေက ရန်ကုန်မြို့အဝင် X Ray စစ်ဆေးဂိတ်မှာ အာဏာရှင်စစ်တပ်က ကားတစီးပေါ်ကနေ လူငယ် ၂ ယောက်ကို ဖမ်းဆီးပြီး ဘုရင့်နောင် စစ်ကြောရေးနဲ့ တည်းခိုရေးတပ်ကို ပို့လိုက်ရာ လူငယ်တယောက်ဟာ ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးရဲ့တူ ဖြစ်နေတာကြောင့် စစ်ဆေးခံရတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “ဖမ်းခံရတဲ့ ကောင်လေးက စစ်ကြောရေးကနေ သူ့အိမ်ကို ဖုန်းဆက်လိုက်တာ၊ သူ့မိဘတွေ လိုက်လာပြီး ပြဿနာရှာတာ။ အဲဒီကျမှ…