Category: News

  • ယောက်ျားတွေပဲ ဆိုင်ကယ်ခိုးတယ် ထင်နေရင် မှားမယ်

    ယောက်ျားတွေပဲ ဆိုင်ကယ်ခိုးတယ် ထင်နေရင် မှားမယ်

    ယောက်ျားတွေပဲ ဆိုင်ကယ်ခိုးတယ် ထင်နေရင် မှားမယ် (ကလေးပါခေါ်ပြီး မိသားစုလိုက် ဆိုင်ကယ်ခိုးတဲ့ အမျိုးသမီး.. သက်သေနဲ့တကွ မိပြီ)” ဆိုင်ကယ်သူခိုးဆိုရင် ယောက်ျားလေးတွေပဲ ခိုးတယ်လို့ ထင်ထားရင်တော့ အခုဖြစ်စဉ်ကို ကြည့်ပြီး အထူးသတိထားကြဖို့ လိုနေပါပြီ။ မော်လမြိုင်မှာ ကလေးပါခေါ်ပြီး မိသားစုလိုက် အကွက်ကျကျ ခိုးယူသွားတဲ့ အဖြစ်အပျက်တစ်ခုကို ပြည်သူတွေ သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ 😱 ဆေးခန်းလာပြသလို အကွက်ဆင် ခိုးယူမှု ဖြစ်စဉ်ကတော့ မော်လမြိုင်မြို့က ရွှေလမင်းဆေးရုံ ဆိုင်ကယ်ပါကင်မှာ ဖြစ်ပွားခဲ့တာပါ။ CCTV မှတ်တမ်းတွေအရ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တစ်ဦး ပါဝင်တဲ့ မိသားစုဟာ သူတို့စီးလာတဲ့ ဆိုင်ကယ်ကို ပါကင်မှာ ရပ်ပြီး ဆေးခန်းထဲ ဝင်ပြဟန်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် အမျိုးသမီးဖြစ်သူက ဆိုင်ကယ်ပါကင်ကို ပြန်လာပြီး ခိုးမယ့်ဆိုင်ကယ်ကို ရွေးချယ်ကာ…

  • သတင်းစာမှာ ဇာတ်တော်ကြီးကိစ္စ ပါလာပြီ

    သတင်းစာမှာ ဇာတ်တော်ကြီးကိစ္စ ပါလာပြီ

    သတင်းစာမှာ ဇာတ်တော်ကြီးကိစ္စ ပါလာပြီ တဲ့ ! 📰✨ ​မြန်မာ့ဇာတ်သဘင် တစ်ခေတ်ပြန်ထလာခဲ့ပါပြီ။ ​နှစ်ပေါင်း (၄၀) လောက်ကတည်းက တဖြည်းဖြည်း မှေးမှိန်လာခဲ့တဲ့ ဇာတ်တော်ကြီးတွေ ပြန်လည်ထွန်းကားဖို့၊ ရှေးဇာတ်စာ ဇာတ်စကားတွေကို ထိန်းသိမ်းနိုင်ဖို့အတွက်… ထိန်းသိမ်းနိုင်စွမ်း အရည်အချင်းရှိအောင် ဇာတ်ဆရာရော ဇာတ်မင်းသားပါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြရတာပါ။ ​”အရှိန်တစ်ခုရလို့ ငါတို့တော့ လုပ်ကြည့်မယ်” ဆိုပြီး စတင်လိုက်ချိန်မှာ ​”အောင်မြင်ပါ့မလား” ဆိုတဲ့ မေးခွန်းတွေက အထပ်ထပ်… ​”ကျရှုံးခဲ့ရင် ဘယ်လိုဖြေသိမ့်မလဲ” ဆိုတာကအစ တွေးခဲ့ရပါတယ်။ ​ဒါပေမဲ့ အရှုံးကို ရင်ဆိုင်နိုင်ဖို့ ဆရာတပည့်နှစ်ယောက် အားတွေမွေးပြီး “ဘုရင်နောင် ဖောင်ဖျက်” သကဲ့သို့ ဒီပွဲကို ရဲရဲဝံ့ဝံ့ ဆင်နွှဲခဲ့ကြပါတယ်။ ​မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဇာတ်စာဇာတ်စကားတွေ၊ ဇာတ်တော်ကြီးတွေ မပျောက်ပျက်ရအောင် ဆိုကရေးတီး ပြိုင်ပွဲတွေကအစ နိုင်ငံတော်အဆင့်အထိပါ…

  • DEMU အမြန်ရထားပေါ်က ဒေါ်မြသန်းတို့အဖွဲ့ (ရုပ်သံ)

    DEMU အမြန်ရထားပေါ်က ဒေါ်မြသန်းတို့အဖွဲ့ (ရုပ်သံ)

    မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ်တွင် စည်းကမ်း မလိုက်နာသည့် ဆရာမကြီးဒေါ်မြသန်းဦးစီးသော မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့ကို အရေးယူရန် လူမှုကွန်ယက်စာမျက်နှာမှ တဆင့် တောင်းဆိုထား မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ်တွင် စည်းကမ်း မလိုက်နာသည့် ဆရာမကြီး ဒေါ်မြသန်းဦးစီး‌သော မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့ကိုအရေးယူပေးရန် လူမှုကွန်ယက်စာမျက်နှာမှ တဆင့် တောင်းဆိုထားကြောင်း သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ အမှတ်(၈၄) အစုန် မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ်တွင် မော်လမြိုင်မှ လိုက်ပါစီးနင်းလာသည့် ဆရာမကြီး ဒေါ်မြသန်းဦးစီးသော မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့သည့် ထိုင်ခုံလက်တန်းအပေါ်ထိုင်ခြင်း၊ ကခုန်ခြင်း၊ ထိုင်ခုံအပေါ် မတ်တပ်ရပ် ကခုန်ခြင်းနှင့် အတက်အဆင်းနေရာပိတ်ဆို့အော်ဟစ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး တခြားခရီးသွားပြည်သူများကို စိတ်အနှောက်ယှက်ဖြစ်စေခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ရထားပေါ်တွင် ထိုသို့ စည်းကမ်းမဲ့စွာ ပြုမူဆောင်ရွက်နေသည့်အပြင် တာဝန်ကျဝန်ထမ်းများ…

  • ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး

    ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး

    ရက် ၂၀ ကြာ အားရအောင်ပြုကျင့်နှိပ်စက်ပြီးမှ မျက်လုံးစည်းပြီး ထွက်ပြေးခိုင်းသတဲ့…… ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး ရှင်ငြိမ်း// ၂၀၂၃ခုနှစ်၊ ဇူလိုင် ၂၀ က သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြသည်။// အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)သူနာပြုဆရာမလေး မေဇွန်မိုးဟာ ထိခိုက်၊ နာမကျန်းတဲ့ဒေသကာကွယ်ရေးတပ်(PDF)တွေကို ဆေးကုသပေးရင်း စစ်တပ်လက်ချက်နဲ့ ပဲခူးရိုးမတောမှာ ကြွေလွင့်ခဲ့ရပါတယ်။ “သမီးက အသက်သေတာတောင်တစ်စစီဖြစ်ရတယ်။ အဓမ္မလည်းကျင့်ခံရပြီး ရက်ရက်စက်စက်သတ်ခံရတာဆိုတော့ မိဘ တွေပူဆွေးမှုက ပြောမပြတတ်အောင်ပဲ။ သူ့အဖေဆို သမီးသတင်းကြားနဲ့သတိလစ်သွားတယ်။” လို့ ဒေါ်မိ(အမည်လွှဲ)က ပြောပါတယ်။ အသားဖြူဖြူနဲ့ နူညံ့သိမ့်မွေ့စွာပြောဆိုနေထိုင်တတ်တဲ့ မမေဇွန်မိုးဟာ သူအသတ်မခံရမီအချိန်ထိ ဒေသခံတွေနဲ့ ဒေသကာ ကွယ်ရေးတပ်(PDF)တွေကို သူတတ်တဲ့ပညာနဲ့ဆေးကုပေးနေသူဖြစ်တယ်။ အသက် ၂၈ နှစ်အရွယ်မမေဇွန်မိုးဟာ မိဘ၊ ညီမဖြစ်သူတို့နဲ့အတူ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ အေးအေးချမ်းချမ်းနေထိုင်ခဲ့တဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။…

  • ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်း (ရုပ်သံ)

    ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်း (ရုပ်သံ)

    ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်း (ရုပ်သံ) ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းခိုင်းဖို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က Tiktok ကနေ စစ်မှုထမ်းကိစ္စ ပြောဆိုရာမှာ အနုပညာရှင်တွေကို စစ်မှုထမ်းခိုင်းဖို့ ထည့်သွင်း တိုက်တွန်းခဲ့တာပါ။ စစ်မှုထမ်းတွေဟာ အောက်ခြေက လူငမွဲတွေသာပါနေပြီး ရုပ်ရှင်လောကက လူငယ်တွေ တစ်ဦးမျှ စစ်မှုထမ်း မပါဘူးလို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ “ရုပ်ရှင်လောကက အားကောင်းမောင်းသန် ရုပ်ရှင်မင်းသားလူငယ်တစ်ယောက်မှ မပါဘူး။ သူများနိုင်ငံတွေမှာဆို ကြည့်လိုက်ပါဦး။ အဲဒီရုပ်ရှင်လောက၊ ရုပ်ရှင်မင်းသားမင်းသမီးတွေက ပြောရလို့ရှိရင် သာကူးတွေ၊ သာပေါင်းညာစားတွေလို့ပဲ ပြောရမှာ။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ ဒါ့ကြောင့် ရုပ်ရှင်အနုပညာရှင်တွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အာဏာသိမ်းစစ်တ​ပ်ကို ပေါက်ကိုယ်တော်​က တိုက်တွန်းပြောပါတယ်။…