Category: News

  • တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ချေမှုန်းနေ

    တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ချေမှုန်းနေ

    ကျောက်ဖြူ တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ချေမှုန်းနေ ရခိုင်ပြည် ကျောက်ဖြူမြို့အနီးရှိ ဓညဝတီရေတပ်ဌာနချုပ်၏ ရေတပ်ဌာနခွဲတစ်ခုဖြစ်သော တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ချေမှုန်းနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်မော်ဦးရေတပ်စခန်းအနီးတွင် မေလ ပထမအပတ်နှောင်းပိုင်းကစ၍ စစ်ကောင်စီ စစ်ကြောင်းများနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တို့ကြား ထိတွေ့ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ နေဗီစစ်သင်္ဘောများမှ အင်အား ရာဂဏန်းပါ စစ်ကောင်စီ စစ်ကြောင်းများမှာ ကမ်းတက် ထိုးစစ်ဆင်နေသော်လည်း AA တပ်ဖွဲ့ဝင်များ တိုက်ခိုက်ချေမှုန်းမှုကြောင့် အထိအခိုက်အများပြားဖြင့် ပြန်ဆုတ်နေရသည်ဟု ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “တောင်မော်ဦးရေတပ်အနီး အဝတောင်၊ မျှောချောင်း၊ ဒွေးချ စတဲ့ ကျေးရွာ အနီးတွေမှာ…

  • ကျောက်တော်နှင့် ဘူးသီးတောင်တွင် သက်ငယ် အဓမ္မပြုကျင့်မှုဖြစ်ပွား

    ကျောက်တော်နှင့် ဘူးသီးတောင်တွင် သက်ငယ် အဓမ္မပြုကျင့်မှုဖြစ်ပွား

    (ရခိုင်တွင် ၅ လအတွင်း အဓမ္မပြုကျင့်မှု ၈ ခုဖြစ်ပွား၊ သက်ငယ်အဓမ္မပြုကျင့်မှု ၇ ခုပါဝင်) ရခိုင်ပြည် ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အမျိုးသမီးငယ် ၃ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရပြီး တရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်အတွင်းက ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနှင့် အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးတို့မှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ၎င်းတို့နှစ်ဦးမှာ ညီအစ်မများဖြစ်ကြသည်။ အဆိုပါ ညီအစ်မ အမျိုးသမီးငယ် ၂ ဦးကို အသက် ၄၀ ကျော်အရွယ် မောင်အေးလှဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။ ကျောက်တော်လူငယ်များအစည်းအရုံး KTYA…

  • နယုန် လဆန်း တနင်္လာ ရန်ကုန်ငလျင်နိမိတ်

    နယုန် လဆန်း တနင်္လာ ရန်ကုန်ငလျင်နိမိတ်

    ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှု အထပ်မြင့်တိုက်တာများ ယိမ်းထိုးသဖြင့် ပြည်သူများ ဆင်းပြေးကြရ၊ ကျောက်တန်းမြို့ကို ဗဟိုပြု၍ ငလျင်ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိဟု မိုးလေဝသနှင့်ဇလဗေဒက သတင်းထုတ်ပြန် ရန်ကုန်မြို့တွင် ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန် ငလျင်လှုပ်ခတ်မှု အလွန်သိသာပြီး အထပ်မြင့်တိုက်တာများ ယိမ်းထိုးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ “ဒီမနက် ငလျင်လှုပ်ခတ်သွားတာက အတော်ကို သိသာတယ်။ အချိန်လည်းကြာတယ်။ ဒီလောက်ကြီး ကြမ်းကြမ်းလှုပ်တာ အတော်ကို လန့်စရာပဲ” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းလှုပ်ခတ်သော ငလျင်မှာ အလွန်ကြမ်းသောကြောင့် အထပ်မြင့်တိုက်တာများတွင် နေထိုင်သော ပြည်သူများမှာ အထပ်မြင့်တိုက်တာများမှ ပြေးဆင်းလာကြကြောင်း ပြည်သူများက ပြောဆိုသည်။ “ငလျင်အရမ်းကြမ်းတော့ အထပ်မြင့်တိုက်တာတွေအားလုံးပေါ်ကနေ အော်ပြီးတော့…

  • ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကာမကြံစည်သူနှင့် အမှုဖျောက်ထားသည့် အုပ်ချုပ်ရေးမှူး

    ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကာမကြံစည်သူနှင့် အမှုဖျောက်ထားသည့် အုပ်ချုပ်ရေးမှူး

    ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကာမကြံစည်သူနှင့် လာဘ်ငွေယူကာ အမှုဖျောက်ထားသည့် သဲဖြူကျေးရွာအုပ်ချုပ်ရေးမှူးအား ပြည်သူများမကျေနပ်ဖြစ်နေ ​ဧရာဝတီတိုင်း ၊ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ဥယျာဉ်ကုန်းကျေးရွာတွင် အသက် (၂၀) အရွယ် (၅) လသား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ကာမကြံစည်မှု ဖြစ်ပွားခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူက ငွေကြေးရယူကာ အမှုအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ လာဘ်စားနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ​ ​၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် လင်ယောက်ျားဖြစ်သူ အိမ်တွင်မရှိခိုက် ဟင်းရွက်ခူးနေစဥ် အခွင့်ကောင်းယူ၍ တစ်ရွာတည်းနေ ဖိုးချိုဆိုသူက အမျိုးသမီး၏ ဘောင်းဘီအားချွတ်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ ​ဘေးဒုက္ခရောက်နေသည့် အမျိုးသမီးက မိမိတွင် လင်ယောက်ျားရှိကြောင်းနှင့် (၅) လသား ကိုယ်ဝန်လွယ်ထားရပါသဖြင့် မပြုလုပ်ရန် ငိုယိုတောင်းပန်ခဲ့သော်လည်း…

  • ဝန်ကြီးရှောင်တခင် စစ်ဆေးမယ့်သတင်းကြောင့် ကားတိုင်းကို ရဲတွေ အလေးပြု

    ဝန်ကြီးရှောင်တခင် စစ်ဆေးမယ့်သတင်းကြောင့် ကားတိုင်းကို ရဲတွေ အလေးပြု

    စစ်ဆေးရေးဂိတ်တွေကို ဝန်ကြီးရှောင်တခင် စစ်ဆေးမယ့်သတင်းကြောင့် ကားတိုင်းကို ရဲတွေ အလေးပြု ငွေတောင်းကြမ်းတဲ့ စစ်ဆေးရေးဂိတ်တွေကို စစ်အုပ်စုခန့် ပြည်ထဲရေးဝန်ကြီးက ရှောင်တခင် ဝင်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် စစ်ဆေးဂိတ်က ရဲများအားလုံး ကားတိုင်းကို အလေးပြုနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ ယာဉ်မောင်းနဲ့ ခရီးသည်တွေအပေါ် ဆဲဆိုတာ၊ ငွေတောင်းကြမ်းတာတွေကြောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ရှောင်တခင်စစ်ဆေးမယ့် သတင်းကြောင့် အခုလို အလေးပြုတာလို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ “စစ်ဆေးရေးဂိတ်က ရဲတွေ ပိုက်ဆံတောင်းတဲ့သတင်းကို ပြည်ထဲရေးက သိသွားပြီး ဝန်ကြီးက အရပ်ဝတ်နဲ့ ဝင်စစ်မယ်ဆိုလို့ ဘယ်ကားနဲ့လာမှန်းမသိလို့ ကားတိုင်းကို အလေးပြုတာ။ နေပြည်တော်က ဂိတ်တွေဆို ၁၃ ရက်ကတည်းက တွေ့တဲ့ကားတိုင်း အလေးပြုတာ။ အခု…