Category: News

  • မင်းအောင်လှိုင် မြေအောက်ရထားအိပ်မက်နဲ့ စီးပွားရေးဂယက်

    မင်းအောင်လှိုင် မြေအောက်ရထားအိပ်မက်နဲ့ စီးပွားရေးဂယက်

    ရန်ကုန်တွင် မြေအောက်ရထားလမ်း တည်ဆောက်အသုံးပြုရန်နှင့် မန္တလေးတွင် အမေရိကန်နိုင်ငံကဲ့သို့ စိုက်ပျိုးထုတ်လုပ်တင်ပို့ကြရန် အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန် မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ကြုံတွေ့နေရချိန်၌ ရန်ကုန်တွင် နောင်အနာဂတ်၌ မြေအောက်ရထားလမ်းများ တည် ဆောက်အသုံးပြုရန်နှင့် မန္တလေးတိုင်းတွင် အမေရိကန်ပြည်ထောင်စုကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန်များကို အများအပြား ထုတ်လုပ်တင်ပို့ကြရန် အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိတ်ကူးယဉ်ဆန်စွာ ထုတ်ဖော်ပြောဆိုလာပြန်သည်။ မေ ၁၄ ရက်နေ့ နေပြည်တော်ရှိ မီးရထားစက်ခေါင်းစက်ရုံကို သွားရောက်စဉ် ရန်ကုန်တွင် မြေအောက်ရထားလမ်းများ တည် ဆောက်အသုံးပြုနိုင်ရန် လုပ်ဆောင်ရေး ပြောဆိုခဲ့ပြီး မေလ ၁၅ ရက်နေ့ မန္တလေးတိုင်းမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင်လည်း အမေရိကန်နိုင်ငံကဲ့သို့ စိုက်ပျိုးထုတ်လုပ်တင်ပို့ကြရန် မင်းအောင်လှိုင်က ပြောဆိုလာခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်က ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းတစ်လျှောက်တွင် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောဆိုပြီး၊…

  • T-ယု-တ်တွေပေးသမျှ အားလုံး စွန့်ပစ်ထားခဲ့ကြ

    T-ယု-တ်တွေပေးသမျှ အားလုံး စွန့်ပစ်ထားခဲ့ကြ

    အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးဟာ ပေကျင်းမြို့ ကနေ ထွက်ခွာတဲ့အခါ Air Force One ပေါ်သို့ မတက် ရောက်ခင်မှာပဲ တရုတ်အိမ်ရှင်တွေ ဘက်က သူတို့ကိုပေးခဲ့တဲ့ ပစ္စည်းမှန်သမျှကို စွန့်ပစ်ခဲ့ကြပါတယ်လို့ NewYork Post ရဲ့ သတင်းထောက်က ဆိုပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ ရင်ထိုးတံဆိပ်တွေ၊ ကတ်ပြားတွေနဲ့ အထိမ်းအမှတ်ပစ္စည်းတွေအားလုံးကို လေဆိပ်က အမှိုက်ပုံးထဲကိုပဲ စုပြုံထည့်ခဲ့ကြတာပါ။ တရုတ်နိုင်ငံကနေ ရလာတဲ့ ဘယ်ပစ္စည်းတစ်ခုကိုမှ လေယာဉ်ပေါ် ပေးမတင်ရဆိုတဲ့ ညွှန်ကြားချက်က အကြွင်းမဲ့ အတည်ဖြစ်ပါတယ်။ ဒီလို ကြိုတင်ကာကွယ်မှုတွေက ထွက်ခွာခါနီးအချိန်တင်မကဘဲ ခရီးစဉ်တစ်ခုလုံးမှာလည်း ရှိခဲ့တာပါ။ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို မလာခင်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင် အီလက်ထရွန်နစ် ပစ္စည်းတွေ (ဖုန်း၊ လက်တော့ပ် စတာတွေ) အားလုံးကို အိမ်မှာပဲ ထားခဲ့ကြပြီး…

  • စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ရန်လိုဟု ချင်းတပ် CPU ခေါင်းဆောင်တွေပြော

    စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ရန်လိုဟု ချင်းတပ် CPU ခေါင်းဆောင်တွေပြော

    စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ရန်လိုဟု ချင်းတပ် CPU ခေါင်းဆောင်တွေပြော ချင်း-မကွေးအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အပေါ် အတူစုပေါင်းရင်ဆိုင်ရန်လိုအပ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင်တွေက တိုက်တွန်းနှိုးဆော်ပါတယ်။ ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့နယ်ကို အင်အားရာချီပါတဲ့ စစ်တပ် စစ်ကြောင်းတွေဟာ မေလ ၁၄ရက်မှာ ဝင်ရောက်လာတဲ့ အခြေအနေမှာ CPU/CPA ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်တို့က စစ်တပ်ကို အတူပူးပေါင်း တိုက်ခိုက်ဖို့ လိုအပ်မှု အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။ ယောဒေအခြေစိုက်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ဆောမြို့နယ်မှာ လှုပ်ရှားနေကြပေမယ့် အဲဒီအဖွဲ့တွေအနေနဲ့ ဆောကိုလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်း တိုက်ခိုက်ခြင်း မလုပ်တာကို အားမလို အားမရ ဖြစ်ရဟု ဆလိုင်းထန်းချွန်းဖေက ရေးသားထားပါတယ်။ ” နေသာသလိုနေလို့ရတုန်းကနေကြပြီး အခက်ခဲဖြစ်လာပြီဆို ကိုယ်လွတ်ရုန်းပြီးထွက်ထွက်သွားကြတဲ့…

  • မနေ့ကပဲ ဆွဲခံရတဲ့ကောင်လေး T-တ်ခံလိုက်ရပါပြီ (ရုပ်သံ)

    မနေ့ကပဲ ဆွဲခံရတဲ့ကောင်လေး T-တ်ခံလိုက်ရပါပြီ (ရုပ်သံ)

    ဆောမြို့ဝင်ရောက်လာတဲ့ စစ်တပ်က ဒေသခံ ၂၀ ကျော် ဖမ်းဆီး ဖမ်းဆီးခံရတဲ့လူငယ်တဦးကိုစစ်သား​တွေကဝိုင်းနှိပ်စက်ခြိမ်း​ခြောက်ပြီးဗီဒီယိုဖိုင်ကိုလူမှုကွန်ယက်မှာတင် မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ လောင်းရှည်မြို့နယ်အခြေစိုက် ကပစ(၂၅)ကထွက်လာတဲ့ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ မနေ့က မေလ ၁၄ရက်မှာ ဆောမြို့ကို ဝင်ရောက်ခဲ့ပြိးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “မနေ့ကတော့ ရွာသားတယောက် ဆောဘက်သွားတာ ဆိုင်ကယ်နဲ့သွားတာ။ စစ်ကြောင်းဝင်နေတာကို ပေပြီးသွားတဲ့ အတွက် လူငယ်လေးတယောက်အဖမ်းခံရတယ်။ ညတုန်းကတော့ လူ ၂၀လောက်ဖမ်းတယ်လို့ သတင်းရပါတယ်”လို့ ဒေသခံက ပြောပါတယ်။ ​မေ ၁၄ ရက်​နေ့မှာ ​ဆောမြို့မှာ လူငယ်တဦးကိုဖမ်းဆီးပြီး စစ်သား​တွေက ခြိမ်း​ခြောက်…

  • စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်

    စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်

    ကောလင်းမြို့ရှိ စစ်ကော်မရှင်တပ်သား ၃၀ ကျော် အရက်ပြန်နှင့် ပိုးသတ်ဆေး မှားသောက်မိ၍ ၇ ဦးသေဆုံး ကျန်ရှိသူများကို ဝန်းသိုဆေးရုံတွင် အရေးပေါ်ကုသနေရ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သား ၃၀ ကျော်သည် ဆေးရုံသုံး အရက်ပြန်ထဲသို့ ဆားထည့်၍ အရက်အဖြစ် ပြုလုပ်သောက်သုံးရာမှ ပိုးသတ်ဆေးများနှင့်ပါ မှားယွင်းသောက်မိသဖြင့် ၇ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဖြစ်စဉ်မှာ မေလ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ကောလင်းမြို့ပေါ်၌ တပ်စွဲထားသည့် အဆိုပါ စစ်ကော်မရှင်တပ်သားများသည် ဆေးရုံသုံး အရက်ပြန်ကို ဆားနှင့်စပ်၍ သောက်သုံးခဲ့ကြရာမှ အနီးအနားတွင်ရှိသော ပိုးသတ်ဆေးပြင်းများကိုပါ အရက်ပြန်အမှတ်ဖြင့် မှားယွင်းသောက်မိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ မှားယွင်းသောက်မိခဲ့ကြသောကြောင့် စစ်ကော်မရှင်တပ်သား ၇…