Category: News
-

ကျောင်းသားတွေကို အရိုက်ကြမ်းတဲ့ဆရာမ
ကျောင်းသားတွေကို အရိုက်ကြမ်းတဲ့ဆရာမ ဝေဖန်ခံနေရ ကျောင်းသားတွေကို ရိုက်နှက်ဆုံးမနေတဲ့ အာဏာသိမ်းအစိုးရလက်အောက်ခံကျောင်းတကျောင်းက ကျောင်းဆရာမတဦးရဲ့ ရုပ်သံမှတ်တမ်း တခုလူမှုကွန်ယက်စာမျက်နှာမှာထွက်ပေါ်လာပါတယ်။ ဘယ်နေရာဘယ်ဒေသမှာဖြစ်ပွားခဲ့တယ်ဆိုတာ အတည်မပြုနိုင်သေးပေမယ့် ကျောင်းသားတွေအပေါ်ဆရာမရဲ့ ရိုက်နှက်နေမှုကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒေါသတကြီးဝေဖန်နေကြပါတယ်။
-

(၆၁)နှစ်အရွယ် အဒေါ်ကြီးကို ပြုကျင့်ခဲ့တဲ့ (၈၄)နှစ်အရွယ် ဘုန်းကြီး
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ဖတ်သလွန်ပြည်နယ်က အသက် (၆၁) နှစ်အရွယ် အမျိုးသမီးကြီးဟာ နေ့စဉ်လိုလို ဘုန်းကြီးကျောင်းကို သွားရောက်ပြီး ကျောင်းက ခွေးလေးတွေ၊ ကြောင်လေးတွေကို အစာကျွေးလေ့ရှိသူပါ။ အဲဒီနေ့ကလည်း ပုံမှန်အတိုင်းပဲ ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့ရာကနေ အသက် (၈၄) နှစ်အရွယ် ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘုန်းကြီးက သူ့ကို အစာတွေယူဖို့အတွက် ကျောင်းထဲ ဝင်ခိုင်းခဲ့ရာကနေ ဖြစ်ရပ်ဆိုးကြီး စတင်လာခဲ့ပါတယ်။ ကျောင်းထဲရောက်တဲ့အခါ ဘုန်းကြီးက “ကံကြမ္မာကို အကြောင်းပြုပြီး ပျော်ရွှင်အောင်လုပ်ပေးမယ်” လို့ အကြောင်းပြကာ အတင်းအဓမ္မ အဝတ်အစားတွေ ချွတ်ခိုင်းပြီး အဓမ္မကျင့်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် အဆိုပါအမျိုးသမီးကြီးဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး ဆေးရုံမှာ (၅) ရက်တိုင်တိုင် ကုသမှုခံယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဘုန်းကြီးရဲ့…
-

တရုတ် ဖိနပ်စက်ရုံ
တရုတ်မှာ ဖိနပ်စက်ရုံ မီးလောင်ရာက ၂၈ ဦးထက်မနည်း သေဆုံး တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းက ဖိနပ်စက်ရုံ မီးလောင်မှုမှာ အဖိုးတန် လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရကြောင်း သမ္မတ ရှီကျင့်ဖျင်ကလည်း ပြောပါတယ်။ ဇူလိုင် ၉ ရက်နေ့တုန်းက ဖူကျန်းပြည်နယ်၊ ကျင့်ကျန်းမြို့မှာရှိတဲ့ ဟွိုင်တန် ဖိနပ်စက်ရုံမှာ အငြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးသတ် တပ်ဖွဲ့တွေဟာ စက်ရုံထဲက မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ဖို့ နာရီအတော်များများ အချိန်ယူခဲ့ရပါတယ်။ ဇူလိုင် ၉ ရက် ညပိုင်းထိ အသေအပျောက် ၂၈ ဦး စာရင်းရထားပေမယ့် မီးသတ်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဝင်မရှင်းလင်းရသေးတဲ့…
-

အစ္စလာမ်မှ ဗုဒ္ဓဘာသာ၀င်အဖြစ်သို့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခံယူပွဲ အခမ်းအနား
အစ္စလာမ်မိသားစုဝင်(၉)စု၊ ဦးရေ(၄၃)ဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်း မြိတ်မြို့၌ အစ္စလာမ် ဘာသာ၀င် အိမ်ထောင်စု (၉)စုက ဗုဒ္ဓဘာသာ၀င် အဖြစ်သို့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခံယူပွဲ အခမ်းအနား ကျင်းပ အစ္စလာမ် ဘာသာ၀င် အိမ်ထောင်စု (၉)စုမှ မိသားစု၀င် (၄၃)ဦးတို့သည် အစ္စလာမ် ဘာသာ၀င် အဖြစ်မှ ဗုဒ္ဓဘာသာ၀င် အဖြစ်သို့ ကူးပြောင်းခံယူပွဲ အခမ်းအနားအား မြိတ်မြို့ မြစ်ငယ်ရပ် ရွှေကျောင်း ပရိယတ္တိ စာသင်တိုက်၌ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး သံဃမဟာနာယက အဖွဲ့နှင့် မြိတ်မြို့နယ် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်ဆရာတော်များ၊ မြိတ်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့…
-

KIA ဂိတ်ကို MNDAA ဝင်ရောက်ဖျက်ဆီးပြီး တပ်ဖွဲ့ဝင် ၁ ဦးကို ရိုက်နှက်
ကွတ်ခိုင်၊ မော်ဟန်ရှိ KIA ဂိတ်ကို MNDAA ဝင်ရောက်ဖျက်ဆီးပြီး တပ်ဖွဲ့ဝင် ၁ ဦးကို ရိုက်နှက်သဖြင့် နှစ်ဖက်တင်းမာမှုဖြစ်ပွား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ အင်အားသုံး ဝင်ရောက်ဖျက်ဆီးကာ KIA တပ်ဖွဲ့ဝင်တဦးကို ရိုက်နှက်ခဲ့သဖြင့် နှစ်ဖက်တပ်များအကြား တင်းမာခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံက သိရသည်။ ဆယ်စုနှစ်တခုကျော် သက်တမ်းရှိသည့် အဆိုပါ KIA တပ်မဟာ (၁၀)၊ တပ်ရင်း (၂) ၏ ဂိတ်တွင် MNDAA တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစီးအား ဂိတ်ကြေး ငွေကျပ် သုံးသိန်း ကောက်ခံရာမှတဆင့် စကားအခြေအတင်ဖြစ်ကာ…