Category: News

  • ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

    ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

    မြန်မာ-ထိုင်းနယ်စပ်မှာ တစ်ခုတည်းကျန်နေတဲ့ ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေမြိုင်ကျေးရွာအနီးက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မတ်လ ၃၁ရက် အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝေါ်လေမြိုင်မြို့အနီးက စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ ထီးသဲလယ် တပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ ” တိုက်ပွဲက ဖြစ်နေကြတုန်းပဲ။အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်”လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကာမီကာဇေဒရုန်းတွေနဲ့ ပါ ခုခံနေတယ်လို့ ပြောပါတယ်။ “ဒီနေ့တစ်နေကုန်နီးပါး လေယာဥ်လာလိုက်၊ ဒရုန်းတွေလာလိုက်ပဲ အဆက်မပြတ် အသံတွေကြားနေရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။ တဖက်မှာလည်း ဝေါ်လေဗျူဟာကုန်းတပ်စခန်းက တပ်ဖွဲ့ဝင်တွေကို…

  • ထရမ့်၏ ခြိမ်းခြောက်မှုအပြီး အီရန်ရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့ အကြီးအကျယ် တိုက်ခိုက်

    ထရမ့်၏ ခြိမ်းခြောက်မှုအပြီး အီရန်ရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့ အကြီးအကျယ် တိုက်ခိုက်

    အီရန်နိုင်ငံ၏ ရေနံနှင့် စွမ်းအင်စက်ရုံများကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် အင်္ဂါနေ့ (မတ်လ ၃၁ ရက်) တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြကာ အနောက်မြောက်ဘက်ရှိ အထင်ကရ ဘာသာရေးအဆောက်အအုံတခု ပျက်စီးခဲ့ရသလို နိုင်ငံအတွင်း လျှပ်စစ်မီးများလည်း ပြတ်တောက်သွားခဲ့သည်။ အီရန်အလယ်ပိုင်း အစ္စဖာဟန်မြို့တွင် အနည်းဆုံး အင်အားပြင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မီးခိုးလုံးကြီးများ တက်လာသည်ကို AFP သတင်းဌာနက အတည်ပြုထားသည့် ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။ အနောက်မြောက်ဘက် ဇန်ဂျန်မြို့ရှိ ရှီဟိုက်ဘာသာရေးစင်တာတခုဖြစ်သော Grand Husseiniya အဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးသွားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။ တီဟီရန်မြို့ နေရာအချို့တွင် ပေါက်ကွဲမှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီရန်နိုင်ငံ၏ Fars သတင်းအေဂျင်စီက ထုတ်ပြန်သည်။…

  • သတိ🤯အထူးအရေးပေါ်သတင်း🤯

    သတိ🤯အထူးအရေးပေါ်သတင်း🤯

    သတိ🤯အထူးအရေးပေါ်သတင်း🤯 (၃၁.၃.၂၀၂၆) ရီစားက ချစ်လို့ လည်ပင်း စုပ်လိုက်တာ ချက်ချင်းစုပ်ရာကနေ သွေးတွေခဲပြီး ဦးနှောက်ပါခဲ သေဆုံးသွားခဲ့သည် ဒါမျိုးလဲရှိတာပဲ လန့်စရာကြီး ချစ်သူက ဗင်းဖားယားလာမသိဘူး🤯 ဟစ်ကီဆိုတဲ့ သွားရည်များသည် အလွန် အန္တရာယ်များပြီး တချို့သွားရည်များက မထင်ထားသော မြွေဟောက်ထက် အန္တရာယ်များနိုင်သည် ကမ္ဘာ့ နာမည်အကြီးဆုံးသတင်းတစ်ခုတွင် ရီစားကချစ်လို့ လည်ပင်း စုပ်ယူတာ ချက်ချင်း စုပ်ရာကနေ သွေးတွေခဲပြီ ဦးနှောက်ပါ ခဲ သေဆုံးသွားခဲ့သည်။ လည်ပင်းတွင် အဓိကသွေးကြောများ သွေးလည်ပတ်မှုအကြောကြီးများ သွေးကိုခဲစေနိုင်တဲ့ သွေးကြောကြီးများ ရှိပြီး ရုတ်တရက် ထိုနေရာကို ထိမိခိုက်မိပါက အန္တရာယ်ဖြစ် စေနိုင်လို့ လည်ပင်းများတွင် အထူးသွေးခဲစေနိုင်တဲ့ အကြောကြီးများရှိလို့ အထူးသတိထားရန် ခန္ဓာအထူးကုပါရဂူကြီးများက အထူးသတိထားပါတဲ့ဗျာ

  • ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး

    ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး

    အနုပညာရှင်တွေ စစ်မှုထမ်းရင် စစ်မှုထမ်းဖို့ ပြောတဲ့လူတွေက အနုပညာအလုပ်တွေ လုပ်နိုင်လားလို့ ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး 🥰 အနုပညာရှင်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်:သင့်ကြောင်း ပြောဆိုခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို စစ်တပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးသူ သရုပ်ဆောင် ခြူးလေးက… “အနုပညာရှင်တွေ စစ်မှုထမ်းရင်၊ စစ်မှုထမ်းဖို့ ပြောတဲ့လူတွေက အနုပညာအလုပ်တွေ လာလုပ်နိုင်မှာလား “လူတွေက အနုပညာရှင်တွေကို စစ်ထဲသွားဖို့ချည်းပဲ ဝိုင်းပြီး တို-က်တွန်:နေကြတယ်။ နည်းနည်းပါးပါး ကိုယ်ချင်းစာ စဉ်းစားကြည့်ကြလေ။ တကယ်လို့ ကျွန်မတို့တွေသာ ရှေ့တန်းသွားရပြီဆိုရင်၊ စ-စ်မှုထမ်:ဖို့ ပြောနေတဲ့ သူတွေက ကျွန်မတို့နေရာမှာ အစားဝင်ပြီး အနုပညာအလုပ်တွေ လာလုပ်နိုင်မှာမို့လို့လား။” ဆိုကြီး မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခြူးလေးက အနုပညာရှင်ဆိုသည်မှာ နိုင်ငံတစ်ခုအတွက် အလွန်အရေးပါကြသူများဖြစ်၍ တန်းတစ်ခုရှိနေကြောင်း၊ နေရာတကာ…

  • အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ

    အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ

    မြောင်းမြမြို့နယ်၊ ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ ပြည်သူများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ စစ်မှုထမ်းကြေး ငွေညှစ်နေ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကြွက်နွယ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက စစ်မှုထမ်းရန် လူငှားခအကြောင်းပြကာ ရွာသားများထံမှ ငွေကြေးအမြောက်အမြား အဓမ္မကောက်ခံနေပြီး ၎င်း၏သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ကာ ရွာကောက်ခံရရှိငွေထဲမှ ကျပ်သိန်း ၁၅၀ ကို ကိုယ်ကျိုးအတွက် ရယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ကြွက်နွယ်ချောင်းအုပ်စုရှိ ငါးမြင်းချောင်း၊ ငါးရွာစု၊ အနောက်စု၊ သူဌေးကုန်းနှင့် ရေကျော်ကုန်း စသည့်ကျေးရွာခွဲများရှိ အိမ်ခြေ ၄၀၀ ကျော်ထံမှ စစ်မှုထမ်းရန် လူငှားခအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ငွေကျပ် သိန်းချီ၍ စစ်မှုထမ်း အပတ်…