Category: News
-

ချောက်က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး
ချောက်က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး စစ်အုပ်စုဘက်က ပိတ်ဆို့ပြီး အားလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရုပ်သံဖိုင် ဖော်ပြ မနေ့က မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့မှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံးခဲ့ပါတယ်။ စလေနဲ့ရေနံချောင်းအကြားက ကျေးရွာတွေကို မွေနှောက်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးရဲဘော်တွေ ဇူလိုင်လ ၁၀ ရက်နေ့မနက်က တောင်သာကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန််ရေးရဲဘော် ၂၀ ဦးလောက် ကျဆုံးခဲ့တာပါ။ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက အတည်ပြုမထုတ်ပြန်လာသေးပေမယ့် ထွက်ပေါ်ခဲ့ပြီးသား သတင်းတွေအရတော့ တော်လှန်ရေးရဲဘော်တွေ စစ်အုပ်စုရဲ့ ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခြင်း ခံလိုက်ရတာလို့ သိရပါတယ်။ အဲ့ဒီ တိုက်ပွဲနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တစ်ခုကိုလည်း အာဏာသိမ်းစစ်အုပ်စုဘက်က ထုတ်ပြန်လာပါတယ်။ ရုပ်သံဖိုင်အရ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေကို…
-

YBS တစ်စီး မီးခိုးတွေထွက်လာလို့ ခရီးသည်တွေ ကားမှန်ခွဲ ဆင်းပြေးရ
YBS(၂၂)ကား မီးခိုးတွေထွက်လာလို့ ခရီးသည်တွေ ကားမှန်ခွဲ ဆင်းပြေးရ ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၀ရက် ည ၇ နာရီလောက်က YBS(၂၂) ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်ပြီး ဂက်စ်ယိုစိမ့်မှုတွေဖြစ်ခဲ့တာကြောင့် ခရီးသည်တွေက ကားတံခါးဖွင့်ပေးခိုင်းပေမယ့် မဖွင့်ပေးခဲ့တာကြောင့် မှန်တွေကို ရိုက်ခွဲပြေးခဲ့ရတယ်လို့ ခရီးသည်တစ်ဦးက ရင်ဖွင့်ထားတာပါ။ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ကားထဲမှာ မီးခိုးထွက်နေတာကို အတည်ပြုနိုင်ပေမယ့် ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့တာနဲ့ ဂက်စ်ယိုစိမ့်မှုရှိ၊မရှိကိုတော့ သီးသန့် အတည်မပြုနိုင်ပါဘူး။ ခရီးသည်တွေက ကားပြတင်းပေါက် မှန်တွေကို ရိုက်ခွဲဆင်းခဲ့ရတာကြောင့် တချို့ခရီးသည်တွေ ဒဏ်ရာရရှိတာတွေရှိတယ်လို့လည်း ဆိုပါတယ်။ ရှေ့တံခါးကို ကားပေါ်က ဆင်းလာတဲ့အမျိုးသားတွေ ဝိုင်းပြီးဆွဲဖွင့်ပေးတာကြောင့် ပွင့်သွားခဲ့တာကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦး…
-

ပျောက်ဆုံးနေတဲ့ကာလမှာ ငရဲခန်းလို ဖြတ်သန်းခဲ့ရတဲ့ ကလေးငယ်
(တောင်းစားခိုင်း၊ ပလတ်စတစ်ကောက်ခိုင်းတဲ့ လူတွေလက်ထဲကနေ ဖခင်အရင်းဆီ အံ့ဖွယ် ပြန်ရောက်သွားတဲ့ မျက်ရည်ကျစရာ ဖြစ်စဉ်ကြီး)” မိဘရင်ခွင်နဲ့ ကင်းကွာသွားတဲ့ ကလေးငယ်တစ်ယောက် ပြင်ပလောကကြီးမှာ ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ ဒုက္ခတွေ ရင်ဆိုင်ရသလဲဆိုတာကို သိသာစေမယ့် ရင်ကွဲပက်လက် ဖြစ်ရလောက်တဲ့ ဖြစ်ရပ်မှန် သတင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မောင်အောင်မင်းခန့် (အသက် ၉ နှစ်) လေးဟာ ကျိုက်မရောမြို့နယ်၊ နောင်လုံရွာ ဇာတိဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ မိခင်ဖြစ်သူနဲ့အတူ ရန်ကုန်ကို အလာ… ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲပြီး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာကနေ သူ့ရဲ့ အိပ်မက်ဆိုးကြီး စတင်ခဲ့ပါတော့တယ်။ 💔 မွေးစားမိဘ အယောင်ဆောင်ပြီး ခိုင်းစားခဲ့တဲ့ လူဆိုးများ ဘူတာကြီးမှာ ကျန်ခဲ့တဲ့ ကလေးငယ်ကို အနီးနားက လူတချို့က…
-

ရန်ကုန်ဘူတာကြီးမှာပျောက်ဆုံးသွားတဲ့အသက်ခြောက်နှစ်အရွယ်ကလေးငယ်ကို(၃)နှစ်အကြာမှာပြန်ရှာတွေ့
ရန်ကုန်ဘူတာကြီးမှာပျောက်ဆုံးသွားတဲ့အသက်ခြောက်နှစ်အရွယ်ကလေးငယ်ကို(၃)နှစ်အကြာမှာပြန်ရှာတွေ့ ရန်ကုန်ဘူတာကြီးမှာ ပြီးခဲ့တဲံ့သုံးနှစ် အကြာကမိဘနဲ့ ကွဲကွာပြီးပျောက်ဆုံးသွားတဲ့ကလေးငယ်ကို ရန်ကုန်မြို့မှာပြန်လည်ရှာတွေ့ခဲ့ပြီးမနေ့ကပဲ မောင်လမြိုင်မှာနေထိုင်တဲ့ မိဘဆွေ မျိုးတွေ ဆီ မရမ်းကုန်းရဲစခန်းကနေတဆင့် ပြန်လည်အပ်နှံနိုင်ခဲ့တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ မိဘတွေဟာ မော်လမြိုင်၊ နောင်လုံရွာက ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကလေးအသက် ၆ နှစ်အရွယ်က ရန်ကုန်ဘူတာကြီးမှာကလေးငယ်ကို ပျောက်ဆုံးသွားခဲ့ရတာလို့ သိရပါတယ်။ “ကျနော်တို့ ဒီနေ့ မရမ်းကုန်း ရဲစခန်းမှာ အမိးန် လေးကို သူ့ဖခင်အရင်း လက်ထဲ ထည့်ပေးခဲ့ပါတယ်။ ကလေးက ရန်ကုန်ဘူတာကြီးမှာ ပျေက်သွားတာသုံးနှစ်ကျော်ပါပြီ။ သူဘမိဘအရင်းက မော်လမြိုင်၊ နောင်လုံရွာက ပါ။ မိတ်ဆွေအားလုံးကူညီပြီး ဝိုင်း Share ပေး ကြလို့လည်း တွေ့တာ မြန်တာပါ၊”လို့ ကလေးငယ်ကို ပြန်လည်ရှာဖွေရာမှာကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ ဝင်တဦးကသူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ကလေးငယ်ဟာသုံးနှစ်အတွင်း…
-

ရင်တွေကွဲပြီ အညာ
ချောက်မြို့နယ်တိုက်ပွဲ PDF တွေဖမ်းဆီးခံရပြီး ၂၀ ဦးဝန်းကျင်ကျဆုံး မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇူလိုင် ၁၀ ရက်မနက်ပိုင်းမှာ စစ်တပ် လက်အောက်ခံ ဒုရဲမှူးကျော်သူ ဦးဆောင်တဲ့ ရဲစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေကစောင့်နေစဉ် စစ်တပ်စစ်ကြောင်းကပြန်ပိတ်ဆို့ရာမှာ သူ့လူ၊ကိုယ့်လူမှားပြီး ပိတ်မိသွားကာ ရဲဘော်တွေ အရှင်ဖမ်းခံရတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “စစ်ကြောင်းကို စောင့်နေတာတဲ့။စောင့်တဲ့အစောင့်မှာ သူ့လူ၊ ကိုယ့်လူလွဲတာလို့ ပြောတယ်။အဲဒီအချိန်မှာ အဝိုင်းခံလိုက်ရတာတဲ့။အဝိုင်းခံရပြီး ပစ်တော့ ကျတော့ထိတာက ၂ဦးပဲထိတာတဲ့။ကျန်တဲ့လူတွေက အကုန်လုံးအရှင်မိသွားတယ်တဲ့။ပြီးတော့ ၃ယောက်ပဲပြန်လွတ်လာတယ်။ကျန်တဲ့ လူတွေအကုန်ဒီလိုဖြစ်တာပဲ။ခဏခဏ ကြုံတယ်။အဲဒီလူမှားတဲ့ကိစ္စက။ ကိုယ့်လူထင်ပြီး ခဏခဏကျတာပဲ”လို့ ပခုက္ကူခရိုင်ကတော် လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ကျဆုံးသွားတဲ့…