Category: News

  • တနိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်နိုင်တဲ့ ဧရိယာ ၂၁ ရာခိုင်နှုန်းသာရှိတော့

    တနိုင်ငံလုံးမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်နိုင်တဲ့ ဧရိယာ ၂၁ ရာခိုင်နှုန်းသာရှိတော့

    အကြမ်းဖက်စစ်တပ် အာဏာလုယူမှုဖြစ်စဉ်ဖြစ်ပြီးနောက် က စလို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလည်အထိ မြန်မာနိုင်ငံရဲ့ ကျေးရွာပေါင်း ၁၄၀၀၀ ကျော်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဟာ ၂၁ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ လလယ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ က မြန်မာနိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ ဒေသတွေမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေသလို သူနိုင်ကိုယ်နိုင်အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်ဒေတာပရောဂျက် (Acled) အရ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ်ရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းနေတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

  • မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

    မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

    မင်းတပ်မြို့နယ်တွင် စစ်တပ်လုံး၀ ကင်းစင်သွားပြီး ချင်းညီနောင်တပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်တပ်ဖွဲ့က မကြာမီ တရားဝင် အများပြည်သူသို့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊…

  • ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ ပြောပါတယ်။ ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ဗေဒါစစ်ဆေးရေးဂိတ်ကို…

  • အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

    အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

    နပခ (အမ်း) မကျဆုံးမီ အချိန်က မင်းအောင်လှိုင်ရဲ့ ကျွန်သပေါက် အကြမ်းဖက် ဖက်ဆစ်ခွေးတွေက အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

  • ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံး

    ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံး

    စစ်တပ်က အနီးအနားရှိ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကပစ.၂၂ ဝင်းအတွင်းရှိ F စက်ရုံ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပေ ၁၀၀ အကွာအဝေးထိ ထိချက်ပြင်းသော တိုက်မိုင်း အမျိုးစား ၃ လုံးကို ထောင်ထားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နံနက်ပိုင်းတွင် မိုင်း ၃ လုံး စလုံးကို ပေါက်ကွဲပြီး အကြမ်းဖက်…