Category: News

  • မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ဆို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ လုယက်မှုတွေကြောင့် မြို့ခံတွေ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ကာ ဆိုင်ကယ်၊ သုံးဘီးယာဉ်တွေနဲ့ အုပ်စုဖွဲ့ကာ ပေါ်တင်လုယက်မှုတွေ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုတွေကိုပါမကျန် ရိုက်နှက်လုယက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြစ်ကြီးနာမြို့မှာ လုယက်မှု၊ ဓားပြတိုက်လူသတ်မှုတွေ နေစဉ်ဖြစ်ပွားနေပေမယ့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးအရေးယူခြင်း မရှိတာကြောင့် လုယက်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။ “အိမ်အပြင်ထွက်ရင် ဆိုင်ကယ်နဲ့ကို မသွားရဲသလောက်ပဲ၊ ကားနဲ့သွားရင် လုံခြုံသလို ခံစားရပေမယ့် လုယက်တာတွေက ပိုဆိုးလာတော့ ကားနဲ့ပါ မသွားရဲ ဖြစ်နေကြရတယ်၊ ခုနောက်ပိုင်း အိမ်ထဲတွေထိပါ ဝင်လုတာတွေလည်း ရှိလာတယ်၊ ရဲတိုင်လည်း ဖမ်းဆီးပေးတာ မရှိဘူး၊ ရဲမိန်းမတောင်…

  • အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အမေရိကန်ရေတပ်နှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့သည့် အီရန်တို့၏ ဒုံးကျည်နှင့်ဒရုန်း များကို အမေရိကန်ကပစ်ချခဲ့ကြောင်းနှင့် တီဟီရန်၏ရေယာဉ်ငယ် ခြောက်စင်းကိုလည်းဖျက်ဆီးခဲ့သည်ဟု ထိပ်တန်းရေကြောင်းဗိုလ်ချုပ်ကြီးက တနင်္လာနေ့ကပြောသည်။ ကူးသန်းရောင်းဝယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနိင်ရေးကူညီဆောင်ရွက် ပေးမည့် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ကကြေညာထားသော ‘Project Freedom’ ဟုခေါ်ဆိုသည့် အမေရိကန်၏ကြိုးပမ်းမှုကိုပြုလုပ်စဉ် ထိုတိုက်ခိုက်မှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ “ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုခြိမ်းခြောက်လာသည့် အီရန်ရေယာဉ်ငယ် ခြောက်စင်းကို” အမေရိကန် အပါချီ (Apache) နှင့် ဆီးဟော့ (Seahawk) ရဟတ်ယာဉ်များကပစ်ခတ်ခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper) က သတင်း ထောက်များကိုပြောခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် “ကျွန်ုပ်တို့သင်္ဘောများနှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုချိန်ရွယ်ပစ်ခတ် ခဲ့သည့် ဒုံးကျည်နှင့်ဒရုန်းအားလုံး” ကို “ထိရောက်စွာတိုက်ခိုက်” ခဲ့သည်ဟု ကူးပါး ကပြောသည်။ ခရုစ်ဒုံးကျည်အချို့မှာ အမေရိကန်ရေတပ်သင်္ဘောများကိုချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အများစုခရုစ်ဒုံးကျည် များနှင့် ဒရုန်းအများအပြားမှာ ကူးသန်းရောင်းယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်…

  • မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရလို့ အူတွေထွက် ခေါင်းတွေကြေကာ ဆုံးသွား မြို့နေရာက ကျန်ထပူလီမြို့မှာ ယမန်နေ့ (မေ ၅ ရက်) ည ၇ နာရီလောက်က ဖြစ်သွားခဲ့တာပါ။ အသက် ၄၀ အရွယ်ရှိ မနုဆိုတဲ့ အမကြီးဟာ ခြံအလုပ်သမားတစ်ဦး ဖြစ်ပြီး ခြံထဲမှာပဲ နေထိုင်ပါတယ်။ ဒူးရင်း၊ လန်းရိုင်ပင်တွေ ခြံမှာစိုက်ထားပြီး မနုက ဝက်တွေကို ကြည့်ရတဲ့ အလုပ်လုပ်ရတယ်။ မနုနေတဲ့ တောင်ယာအိမ်ခြံဟာ တောနဲ့နီးပြီး နှစ်စဉ်နှစ်တိုင်း တောဆင်တွေက တောင်ပေါ်ကနေ ဆင်းလာကာ အသီးတွေ လာရှာစားလေ့ ရှိပါတယ်။ ည ၇ နာရီလောက်မှာ မနုဟာ တောဆင်ရဲ့ နင်းသတ်သွားတာကို ခံရပြီး သူမနေထိုင်ရာ တဲထဲမှာပဲ ဆုံးပါးသွားရပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေး ပြောပြချက်အရ မနု…

  • မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေ

    မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေ

    ပြည်ပရောက် မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေဟု စစ်တပ်က ကြေညာပြန် ပြည်ပမှ ခွင့်ဖြင့် ပြန်လာပြီး ပြန်လည်ထွက်ခွင့်မရသော မြန်မာအလုပ်သမားအရေအတွက် ၁၀၀၀ နီးပါးရှိလာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ (Passport for Job) ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ နေရပ်ပြန်လာရာတွင် “ခွင့်ပြန်အလုပ်သမား” အစစ်အမှန်ဖြစ်ကြောင်း သေချာစေရန် စိစစ်မှုများ ပြုလုပ်နေကြောင်း စစ်တပ်လက် အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ မေလ ၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာသည်။ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံပြန်လာမည့် အလုပ်သမားများသည် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ အလုပ်ရှင်ထံမှ ခွင့်စာ (Letter of Permission for Leave)…

  • ဆိုလာပြားပေါ် ငှက်ချေး

    ဆိုလာပြားပေါ် ငှက်ချေး

    ဆိုလာပြားပေါ် ငှက်ချေးက ဘယ်လောက်ထိဒုက္ခပေးလဲဆို ကျွန်တော် ပြောပြမယ်။ ငှက်ချေးပေနေတဲ့ အောက်က Cell တွေက အရောင်တွေပြောင်းတာကို သတိထားမိတယ်။ ငှက်‌ချေးရှိနေတဲ့နေရာ ပေနေတဲ့နေရာက solar တွေစပျက်တာကိုသတိထားမိတယ်။ ဒါက လက်တွေ့အတွေ့အကြုံ။ ငှက်ချေးကြောင့်ပျက်တတာသိပြီးသား ။ ဘာကြောင့် ပျက်တယ်ဆိုတာကိုတော့ မသိခဲ့ဘူး။ ခုတော့ကျွန်တော်သိသွားပါပြီ အများစုက ငှက်ချေးပေတာ သစ်ရွက်တင်တာကို မီးထွက်နည်းမယ်လို့ လောက်ဘဲထင်တတ်ကြတယ်။ တကယ်တော့ ဒါဟာ ဆိုလာပြားကို ဖျက်ဆီးပစ်မယ့် တရားခံ ပါပဲ။ ​ဘာကြောင့်လဲဆိုတာ နည်းပညာအရ ရှင်းပြရရင် ဆိုလာဆဲလ်ဆိုတာ ဆီလိကွန်နဲ့လုပ်ထားတာ။ ဆီလီကွန်က semiconductor အလင်းနဲ့ထိ‌တော့ conductor ဖြစ်တယ် အလင်းမရှိရင် conduction စွမ်းရည်ကျသွားပြီး resistance များလာပါတယ်။ စွမ်းရည်ကျတဲ့ကောင်တွေက resistor လိုဖြစ်သွားတော့ လျှပ်စစ်စီးဖို့ခက် အပူတွေထွက် ပြီးတော့…