Category: News

  • စစ်တပ်ကို မထောက်ခံသည့် အကယ်ဒမီ သက်မွန်မြင့်၏ အလျှံပယ် ရုပ်ရှင်အား သပိတ်မှောက်ရန် လော်ဘီများ လှုံ့ဆော်နေ

    စစ်တပ်ကို မထောက်ခံသည့် အကယ်ဒမီ သက်မွန်မြင့်၏ အလျှံပယ် ရုပ်ရှင်အား သပိတ်မှောက်ရန် လော်ဘီများ လှုံ့ဆော်နေ

    မြန်မာ့ရုပ်ရှင်လောကတွင် ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားသည့် အကယ်ဒမီ သက်မွန်မြင့် ပါဝင်သရုပ်ဆောင်ထားသော အလျှံပယ် ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိပြီး ယင်းဇာတ်ကားကို သွားရောက်ကြည့်ရှု့ခြင်းမပြုလုပ်ရန် စစ်တပ်လော်ဘီများက လှုံ့ဆော်လျက်ရှိသည်။ အဆိုပါ အလျှံပယ် ရုပ်ရှင်သည် စစ်တပ် အာဏာမသိမ်းမီ ကာလကတည်းကပင် အနုပညာရှင်များစွာ စုပေါင်းအားစိုက်ကာ အပြီးသတ်ရိုက်ကူးထားသည့် လက်ရာတစ်ခု ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ မင်းသမီး သက်မွန်မြင့်အပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများနှင့် ရုပ်ရှင်ကို သပိတ်မှောက်ရန် လှုံ့ဆော်မှုအချို့ ပေါ်ပေါက်နေသည်ကို တွေ့ရှိရသည်။ ယင်းတိုက်ခိုက်မှုများသည် သက်မွန်မြင့်အနေဖြင့် စစ်ကော်မရှင် နှင့် ပတ်သက်သည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များတွင် ပါဝင်တက်ရောက်ခြင်း မရှိဘဲ သီးသန့်ရပ်တည်နေထိုင်နေခြင်းအပေါ် စစ်တပ်လော်ဘီအချို့က မကျေမနပ်ဖြစ်ကာ…

  • ဓနုဖြူဈေးကြီး မီးလောင်မှု ဖြစ်စဉ်နှင့် သတိပြုဖွယ်ရာများ (ရုပ်သံ)

    ဓနုဖြူဈေးကြီး မီးလောင်မှု ဖြစ်စဉ်နှင့် သတိပြုဖွယ်ရာများ (ရုပ်သံ)

    ဓနုဖြူဈေးကြီး မီးလောင်မှု ဖြစ်စဉ်နှင့် သတိပြုဖွယ်ရာများ “အခု တွေ့မြင်နေရတဲ့ မြင်ကွင်းကတော့ တကယ့်ကို စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုပါပဲ။ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ရဲ့ အထင်ကရ ဓနုဖြူဈေးကြီးမှာ အခုလိုမျိုး အကြီးအကျယ် မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးက တိုက်ရိုက်ရိုက်ကူးထားတဲ့ ဒီရုပ်သံဖိုင်ထဲမှာ မီးတောက်တွေဟာ ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းနေတာကို တွေ့ရမှာပါခင်ဗျာ။” “မီးဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ခန်းပေါင်းများစွာနဲ့ ကုန်စည်တွေဟာ ပြာပုံဘဝကို ရောက်ရှိသွားခဲ့ပါပြီ။ ‘အားလုံး ကုန်ပါပြီ’ ဆိုတဲ့ ဈေးသည်တွေရဲ့ ငိုကြွေးသံတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အသံတွေကလည်း ကြားရသူအပေါင်းကို စိတ်မကောင်းဖြစ်စေပါတယ်။ တစ်မြို့လုံးနီးပါး စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အထိ မီးခိုးလုံးတွေဟာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့တာပါ။” “အခုလို အပူချိန်တွေ အလွန်အမင်း မြင့်တက်နေတဲ့ နွေရာသီကာလမှာ မီးဘေးအန္တရာယ်ဟာ ကျွန်တော်တို့ရဲ့ အနီးအနားမှာတင်…

  • အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲပစ်ခတ်မှုတွင် ထရန့်နှင့် ဇနီးအား သက်တော်စောင့်အဖွဲ့ ကယ်ထုတ်ခဲ့ရ

    အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲပစ်ခတ်မှုတွင် ထရန့်နှင့် ဇနီးအား သက်တော်စောင့်အဖွဲ့ ကယ်ထုတ်ခဲ့ရ

    ဝါရှင်တန်ရှိ Washington Hilton ဟိုတယ်၌ ပြုလုပ်သည့် အိမ်ဖြူတော် သတင်းထောက်များအသင်း (WHCA) ညစာစားပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်း၏ဇနီးကို သက်တော်စောင့်အဖွဲ့က စင်ပေါ်မှ ဘေးလွတ်ရာသို့ အမြန်ဆုံး ခေါ်ထုတ်ခဲ့ရသည်။ စနေနေ့ည ( မြန်မာစံတော်ချိန် ယနေ့ နံနက်ပိုင်း) က ဟိုတယ် လုံခြုံရေးစစ်ဆေးရေးဂိတ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လျှို့ဝှက်အေးဂျင့်အဖွဲ့ကက ထုတ်ပြန်သည်။ သေနတ်သံကြားရသည်နှင့်တစ်ပြိုင်နက် လုံခြုံရေးအရာရှိများက “ပစ်ပြီ” ဟု အော်ဟစ်ကာ သမ္မတအနီးသို့ သေနတ်များထုတ်၍ အပြေးအလွှား သွားရောက်ခဲ့ကြသည်။ ညစာစားပွဲစတင်ပြီး ငါးမိနစ်ခန့်အကြာတွင်ပင် ခန်းမအနောက်ဘက်မှ ရုတ်ရုတ်သဲသဲဖြစ်သံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တက်ရောက်လာသူ ရာနှင့်ချီသော ဧည့်သည်များမှာ စားပွဲခုံများအောက်တွင် ဝပ်၍ ပုန်းအောင်းခဲ့ကြသည်။ ထို့နောက် စင်ပေါ်တွင် လက်နက်ကိုင်…

  • ထီးသဲလယ်စခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ်

    ထီးသဲလယ်စခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ်

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့​တောင်ဘက်၊ ဝေါ်​လေမြိုင်အနီး စစ်​အာဏာရှင်တပ်ရဲ့ ထီးသဲလယ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၂၅ ရက်​ မနက် ၆ နာရီလောက်မှာ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းမှ ပြည်သူတွေ မထိခိုက်စေဖို့ ထိုင်းစစ်တပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ စစ်တပ်က တပ်သားနဲ့ အရာရှိစစ်သည် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရသလို ​သေဆုံးသူ​တွေလည်းရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကာကင်း ၆ ခုနဲ့ စခန်းလုံခြုံ​ရေးတည်​ဆောက်ထားတဲ့ စစ်တပ်ရဲ့ ထီးသဲလယ်စခန်းဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကစတင်ပြီး တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်ကျဆုံး များနေတာကြောင့် ဂျက်တိုက်လေယာဉ်၊ Y 12…

  • ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား

    ပုသိမ်–ငွေဆောင်လမ်းပေါ်ရှိ ဘုန်းကြီးများနှင့် မယ်သီလများ မဖွယ်ရာ ရုပ်သံ ပျံ့နှံ့၊ စစ်ဆေးအရေးယူရန် တောင်းဆိုမှုများတိုးပွား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်–ငွေဆောင်ကားလမ်းပေါ်တွင် ဘုန်းကြီးအချို့နှင့် မယ်သီလအချို့ ပါဝင်နေသည်ဟု ဆိုသည့် မသင့်လျော်သော အပြုအမူများပါဝင်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်များတွင် ပျံ့နှံ့လာပြီးနောက် အများပြည်သူအတွင်း ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။ ရုပ်သံတွင် သာသနာဝင်ပုဂ္ဂိုလ်များအဖြစ် ခန့်မှန်းထားသည့် လူအချို့သည် သာသနာနှင့် မညီညွတ်သော အပြုအမူများ ပြုလုပ်နေသည်ဟု မြင်တွေ့ရကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေပြီး၊ ယင်းကိစ္စသည် ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ပြောဆိုနေကြသည်။ ဗုဒ္ဓဘာသာဝင်များအနက် တချို့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများမှ စိစစ်စစ်ဆေးကာ မှန်ကန်မှုရှိပါက စည်းမျဉ်းဥပဒေအရ အရေးယူဆောင်ရွက်ရန် တောင်းဆိုထားကြသည်။ တချို့ကလည်း သံဃာဝင်အဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍…