Category: News

  • Grade-6 ကျောင်းသား ၂ ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရ၍ ၁ ဦးသေ

    Grade-6 ကျောင်းသား ၂ ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရ၍ ၁ ဦးသေ

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် Grade -6 ကျောင်းသားလူငယ်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး တဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကုလားရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် ကျောင်းသားတဦး ယမန်နေ့ (ဇွန်လ ၂၃ ရက်နေ့) မွန်းလွဲပိုင်းက ဓားဖြင့်အထိုးခံခဲ့ရခြင်းဟု ဆိုသည်။ “သွေးတွေထွက်ပြီး လဲနေတာကို ပတ်ဝန်းကျင်ကတွေ့လို့ လူနာတင်ယာဉ်ခေါ်ပေးလိုက်တာ။ အဲ့ဒီအခါကျမှ ဓားနဲ့လည်ပင်းကို အထိုးခံရထားမှန်းသိကြတယ်။ ကလေးကတော့ သွေးထွက်လွန်ပြီး ဆေးရုံကို သွားတဲ့လမ်းမှာတင် သေဆုံးသွားပါတယ်” ဟု အမရပူရ ဒေသခံတဦးက ပြောသည်။ ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့သူသည် ကုလားရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်နေသည့် အသက် ၁၅ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ထူးထက်အောင်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဇွန်လ…

  • မဘသ ဘုန်းကြီး ဒေါက်တာလက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် စစ်တပ်က ဖမ်းဆီးမှု

    မဘသ ဘုန်းကြီး ဒေါက်တာလက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် စစ်တပ်က ဖမ်းဆီးမှု

    မဘသ ဘုန်းကြီး ဒေါက်တာလက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် စစ်တပ်က ဖမ်းဆီးမှု အမျိုးသားရေးသံဃာထုကို စိန်ခေါ်မှုဟု မဘသအစွန်းရောက် ပေါက်ဘုန်းကြီး ဒေါသတကြီး တုံ့ပြန် မဘသ ဘုန်းကြီးတစ်ပါးဖြစ်သူ ဒေါက်တာ လက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးခဲ့ခြင်းသည် အမျိုးသားရေးသံဃာထုကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း မဘသအစွန်း ရောက် ပေါက်ဘုန်းကြီးက ယနေ့ တယ်လီဂရမ်လူမှုကွန်ရက်ဗီဒီယိုဖိုင်မှတစ်ဆင့် ဒေါသတကြီး တုံ့ပြန်ပြောကြားလိုက်သည်။ ပေါက်ဘုန်းကြီးက ယခုဖမ်းဆီးမှုအပေါ် သင်္ဃန်းကျွန်းရဲစခန်းနှင့် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တို့ ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်၍ အမျိုးသားရေး သံဃာထုကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆုသိည်။ “သင်္ဃန်းကျွန်းရဲစခန်းနဲ့ လွှတ်တော်အမတ်တို့က ဒီအမျိုးသားရေး သံဃာတော်တွေကို ဘယ်လိုပုဒ်မ တပ်တပ် ဖမ်းလို့ရတယ်ဆိုတော စိန်ခေါ်လိုက်တဲ့ သဘောပဲ။ အရေးယူလို့ရတယ်ဆိုတာ စိန်ခေါ်လိုက်တဲ့သဘောပဲ။ အခု အမျိုးသားရေး သံဃာတော်တစ်ပါး မော်တော်ယာဉ်…

  • ဗန်းမော်မြို့ စစ်အင်အားထပ်ပို့ဖို့ စစ်တပ်က မန္တလေးဆိပ်ကမ်းမှာ ပြင်ဆင်နေ

    ဗန်းမော်မြို့ စစ်အင်အားထပ်ပို့ဖို့ စစ်တပ်က မန္တလေးဆိပ်ကမ်းမှာ ပြင်ဆင်နေ

    ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကနေ ဂေါ်ဝိန်ဆိပ်ကမ်းကို စစ်ကားကြီး(ဖောကား)တွေနဲ့ ရိက္ခာ၊လက်နက်ခဲယမ်းတင်နေတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။ စစ်တပ်က မနေ့က ညနေပိုင်းမှာ စစ်ကား ၁၀စီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဂေါ်ဝိန်ဆိပ်ကမ်းကို ပစ္စည်းတွေ ပို့နေတာလို့ မြို့ခံတွေကပြောသလို Revolution Of MDY ကလည်း အတည်ပြုဖော်ပြထားပါတယ်။ လက်ရှိအချိန်ဟာ ဧရာဝတီမြစ်ဟာ ရေတက်ချိန်ဖြစ်ပြီး စစ်သ‌‌င်္ဘောတွေ သောင်တင်တဲ့ အန္တရာယ်မရှိတော့ဘဲ လွယ်လွယ်ကူကူသွားလာနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ထပ်မံပြီး ရေလမ်းကို အသုံးပြုဖို့ပြင်ဆင်လာတာ ဖြစ်နိုင်တယ်လို့ မြစ်ကမ်းဘေးနေထိုင်သူတွေက ပြောပါတယ်။ “အခုချိန်က ရေအရမ်းတက်နေတယ်။ ကျွန်းတွေတောင် မြှုပ်နေပြီ။ ဒီအချိန် သင်္ဘောတက်ရင်တော့ စစ်ကောင်စီအတွက်ပိုမြန်နိုင်တာပေါ့”လို့ မြစ်ကမ်းအနီးက…

  • တရုတ်အမျိုးသား ၁ ဦး မှော်မှို စားပြီး ‘မသေနိုင်သည့်ကျင့်စဉ် ကျင့်ရန်’ တိုက် ၂၇ ထပ်မှ တွယ်ဆင်းရာမှ ကိုမာ ဖြစ်

    တရုတ်အမျိုးသား ၁ ဦး မှော်မှို စားပြီး ‘မသေနိုင်သည့်ကျင့်စဉ် ကျင့်ရန်’ တိုက် ၂၇ ထပ်မှ တွယ်ဆင်းရာမှ ကိုမာ ဖြစ်

    တရုတ်နိုင်ငံက အမျိုးသားတဦးသည် မှော်မှိုများကို အရက်နှင့်ရောစပ် သောက်သုံးခဲ့ပြီးနောက် ၎င်း၏ အထပ်မြင့်တိုက်ခန်းပေါ်မှ အောက်သို့ တွယ်ဆင်းရန် ကြိုးစားရာ အောက်ထပ်ရှိ အိမ်နီးနားချင်းဖြစ်သူက အချိန်မီ ကယ်ဆယ်ခဲ့ရသည်။ အဆိုပါအမျိုးသားမှာ စိတ်ကို ပြောင်းလဲစေတတ်သော အဆိပ်မှိုကို အရက်နှင့် ရောစပ်သောက်သုံးပြီး စိတ်အာရုံ ချောက်ခြားနေကာ အောက်သို့ ပြုတ်ကျပြီး သေဆုံးနိုင်မည့် အန္တရာယ် ရှိနေသည်ကို ပါးနပ်သည့် အိမ်နီးနားချင်းက အချိန်မီ မြင်တွေ့ပြီး ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ရှုအမည်ရှိ အဆိုပါ အမျိုးသားက အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်ထားသည့် ဂျန်ရှို့ချင်း (jianshouqing) မှိုများ စားပြီး စိတ်အာရုံ ချောက်ခြားကာ တိုက် ၂၇ ထပ် ပြတင်းပေါက်မှ အပြင်သို့ ထွက်၍ တွယ်ဆင်းခြင်း ဖြစ်သည်။…

  • နည်းပညာ လက်ဝယ်ရောက်ချိန် စစ်တပ်ကို ဆုံးမနိုင်ပြီဟု ဦးမင်းကိုနိုင် ပြော

    နည်းပညာ လက်ဝယ်ရောက်ချိန် စစ်တပ်ကို ဆုံးမနိုင်ပြီဟု ဦးမင်းကိုနိုင် ပြော

    မြိုင်တွင် ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် လေကြောင်းမှ ပြန်လည်ဗုံးကြဲနေ တော်လှန်ရေးတပ်ဖွဲ့များ လက်ဝယ်သို့ နည်းပညာရောက်ရှိလာသည့်နေ့တွင် အာဏာသိမ်းစစ်တပ်ကို ဆုံးမနိုင်ပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆိုလိုက်သည်။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်အုပ်စု၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အသေခံဒရုန်းဖြင့် ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီးနောက် ဇွန်လ ၂၃ ရက် ညဦးပိုင်းတွင် ဦးမင်းကိုနိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ လေယာဉ်မှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် စုစုပေါင်း ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် စစ်ကော်မရှင်တပ်က ဒရုန်းဘက်ထရီများ တင်ဆောင်လာစဉ် အတွင်းပိုင်း ပေါက်ကွဲမှုဖြစ်ပွားချိန်နှင့် တိုက်ဆိုင်၍…