ပဲခူးတိုင်းအရှေ့ပိုင်း၊ တောကျွဲအင်းမြို့တွင် စစ်တပ် အခြေစိုက်နေရာများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ နံနက်က တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ပျက်စီးခဲ့သဖြင့် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး ယမန်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့ညက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ဦးဆောင်ကာ အောင်မြင်စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) ၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားရှိ စစ်တပ် ကင်းစခန်း အပါအဝင် စစ်တပ် စခန်း ၁၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ တောကျွဲအင်းဘူတာအနီး တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့၍ ရထားလမ်းနှစ်ခုဝန်းကျင်၌ ဗုံးကျရောက် ပေါက်ကွဲကာ…
ဝက်သားမှတစ်ဆင့် ရောဂါပိုးကူးစက်ဟုဆို ထိုင်းနိုင်ငံ မူကထဆိုင်များတွင် (အကင်ဆိုင်) ဝက်သားအစိမ်းစားရာမှ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပြီး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မူကထဆိုင်များတွင် ဝက်သားအစိမ်းစားရာမှ Streptococcus suis ရောဂါပိုးကူးစက်ခံရသူ ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်သည်။ Streptococcus suis ရောဂါပိုးသည် ဝက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဖျားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းများမှတစ်ဆင့် ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ လက်ရှိတွင် နခွန်ရတ်ချ်စီမားခရိုင်သည် ထိုင်းနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ အများဆုံးဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ယခုနှစ်သစ်ကူးတွင် ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်ရန်အတွက် ဝက်သားများကို…
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြို့ရှောင်လမ်းမှာ ကားတွေကို တားဆီးကာ ပိုက်ဆံတောင်းခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်ကစပြီး ရွှေဘိုမြို့ရှောင်လမ်းကနေ ပြည်သူတွေ သွားလာခွင့် ယာယီပိတ်ထားကြောင်း လုပ်ငန်းရှင်နဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ လုပ်ငန်းရှင်တယောက်က “သူတို့(ရဲတွေ) အဲလို ပိုက်ဆံတောင်းနေကျဆိုတော့ PDF တွေ ချောင်းပြီး တွယ်ပစ်လိုက်တာ ဟုတ်တယ်။ အခုက အဲဒီ မြို့ရှောင်လမ်းက ဘက်ဖိုးကြီးနဲ့ သွားကုတ်လိုက်ပြီ။ ပြည်သူတွေ သွားပိုင်ခွင့် မရှိတော့ဘူးတဲ့။ သူတို့ဟာသူတို့ တောင်းစားလို့ဖြစ်တဲ့ကိစ္စ ဘက်ဖိုးနဲ့ သွားကုတ်ပစ်လိုက်သတဲ့” လို့ ပြောပါတယ်။ မြို့ရှောင်လမ်း ပိတ်လိုက်တော့ ခါတိုင်းဆိုရင် ကားကြီးတောင် ပေးမသွားဘဲ ဒဏ်ငွေချတဲ့ မြို့လယ်လမ်းမကြီးပဲ သွားစရာ လမ်းကျန်တော့တယ်လို့…
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် စက်မှုဇုန်ရှေ့မှာ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက အောက်ဆိုက်ကားတစီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ အောက်ဆိုက်ကား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူနာတင်ယာဥ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ်တစီးနဲ့ သွားရောက် ကူညီပေးခဲ့တယ်လို့ အဲဒီအသင်းက ဆိုပါတယ်။ ဒါ့အပြင် တိမ်းမှောက်ခဲ့တဲ့ကားမှာ စက်သုံးဆီ ယိုထွက်တာရှိခဲ့လို့ ဆီလမ်းကြောင်းပိတ်ဆို့တာ၊ ဘက်ထရီငုတ်ဖြုတ်တာ၊ ဆီလမ်းကြောင်းတလျှောက် သဲနဲ့ မြေသားဖုံးအုပ်တာ၊ မီးကူးစက်လောင်ကျွမ်းတာ မဖြစ်ရအောင် လမ်းသွားလမ်းလာတွေ ဆေးလိပ်မသောက်ဖို့ သတိပေးတာတွေ လုပ်ပေးခဲ့တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။ ရွှေပြည်သာမြို့နယ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေကာ ရွေးကောက်ပွဲ…
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့် အလူးလေးကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ဘီလင်းမြို့နယ်၊ အလူးလေးကျေးရွာဘက် သို့ ကင်းလှည့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း၊ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင်အများအပြား သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။ “ခမရ ၃ ဒုတပ်ရင်းမှူးလည်း သေတယ်။ သူက လွန်ခဲ့တဲ့တစ်လခွဲလောက်ကမှ ပြောင်းလာတဲ့သူပါ။ မိုင်းကွင်းထဲမှာ…