ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်မှုမှာ ခြောက်ယောက်လောက် သေဆုံးမှုရှိနေပြီး တရက်ကြာတဲ့အထိ မီးမငြိမ်းနိုင်သေး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေသုံးစီးမီးလောင်မှု ဖြစ်ပွားပြီး ခြောက်ယောက်သေဆုံးမှု ရှိနေတယ်လို့ ကနဦးသတင်းအရ စုံစမ်းသိရှိ ရပါတယ်။ မနေ့က မတ် ၂၉ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ စက်လှေတွေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီတင်စက်လှေတစီးကတော့ ဒီနေ့ မတ် ၃၀ ရက်နေ့ ညနေအထိလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ် ။ ” ခုညနေ ၅ နာရီ ၃၆ မိနစ်အထိတော့မီးကငြိမ်းမရသေးဘူး။ အသိထဲကတော့ခြောက် ယောက်လောက်ရှိတယ်ပါသွားတယ်။ အလောင်းတော့မရသေးဘူး ။ နောက်ဆုံးရတဲ့အလောင်း ကတော့ ပုံပျက်ပီးအရိုးကြီးပဲကျန်တော့ ဘယ်သူမှန်းမသိရတော့ဘူး။စက်လှေက စက်သုံးဆီတွေတင်တဲ့ ရေယာဥ်ပါ ။သူကမှ ဘေးစက်လှေကို…
လူတိုင်းသိအောင် မျှဝေပေးလိုက်ပါ 🏥✨❤️ ခက်ခဲနေတဲ့ ကာလမှာ ဆေးဖိုးဝါးခအတွက် ပူပန်နေရသူတွေရှိလား? ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ဆရာဝန်ကြီးတွေကိုယ်တိုင် စေတနာအပြည့်နဲ့ ရောဂါမျိုးစုံကို အခမဲ့ ကုသပေးနေတဲ့ နေရာကောင်းလေးတစ်ခု ရှိနေပါပြီ။ ✅ ဘာရောဂါတွေကို အခမဲ့ ကုသပေးနေတာလဲ? ဒီဆေးရုံမှာ သွားရောဂါတင်မကဘဲ တခြားအဆောင်သစ်တွေမှာလည်း အောက်ပါရောဂါတွေကို လုံးဝ (Free) ကုသပေးနေပါတယ် – 🦷 သွားနှင့် ခံတွင်း: သွားနုတ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း (အဆင့်မြင့်စက်ကိရိယာများဖြင့်)။ ❤️ နှလုံးရောဂါ: နှလုံးနှင့်ပတ်သက်သော စစ်ဆေးကုသမှုများ။ 🩸 သွေးတိုး နှင့် ဆီးချို: နာတာရှည်ရောဂါရှင်များအတွက် အထူးကုသမှု။ 👁 မျက်စိရောဂါ: မျက်စိအားနည်းခြင်းနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ။ 📍 တည်နေရာနှင့် သွားရောက်ရမည့်ပုံစံ နေရာ: ရန်ကုန်တက္ကသိုလ်များဆေးရုံ (ကမာရွတ်မြို့နယ်)။…
အမေရိကန်၏ ပိတ်ဆို့မှုနှင့် FBI ၏ သတိပေးချက်များရှိသော်လည်း DKBA နယ်မြေ မြဝတီဒေသအတွင်း ငွေလိမ်ခြံဝင်း ၂၂ ခုထိ ရှိလာ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း မင်းလက်ပံကျေးရွာနှင့် ဖလူးကျေးရွာတို့တွင် စစ်ကော်မရှင်တပ်နှင့် KNU, PDF, တော်လှန်ရေးတပ်ဖွဲ့တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေသည့်အချိန်တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တပ်ဖွဲ့မှ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန် ခြံဝင်းများကို ဆက်လက်ဆောက်လုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ နှင့် DKBA အသိုင်းအဝိုင်းများထံမှ သိရသည်။ ၂၀၂၄ခုနှစ် စတင်ကာ လက်လွှတ်ခဲ့ရသည့် စစ်စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်က ဝေါလေလမ်းပိုင်းကို စစ်အင်အားအလုံးအရင်းနှင့် ပြင်းထန်သည့် ထိုးစစ်များ ပြုလုပ်လျက်ရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တော်လှန်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသော မင်းလက်ပံကျေးရွာနှင့် ဖလူးကျေးရွာတို့ကို…
နေပြည်တော်အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းပို့ချပြီး စစ်တပ် ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်မည်ဟုပြောဆို ရန်ကုန်-မန္တလေး လမ်းဟောင်း နေပြည်တော်အဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သော ဝရဇိန်တပ်ဖွဲ့က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ခုကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းပို့ချပြီး စစ်တပ် ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်မည်ဖြစ်ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ မတ်လ ပိုင်းမှ စတင်ပြီး ဝရဇိန်တပ်ဖွဲ့က ၅/၂၆ အဖြစ် လွတ်မြောက်နယ်မြေ တနေရာတွင် မဟာမိတ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၄ ဖွဲကို ဒရုန်းမောင်းနှင်ခြင်း သင်တန်းများ ပို့ချခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင်…
စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ လက်ရှိ ရှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးမြင့်တက်လာမှုကြောင့် စက်သုံးဆီရရှိရန် နေ့စဉ် တန်းစီနေရသည့် ကား၊ ဆိုင်ကယ်များ စက်သုံးဆီဆိုင်ရှေ့တွင် အများအပြား ရှိလာသည်။ ထိုသို့ စက်သုံးဆီ တန်းစီရာတွင် အရေးပေါ်လူနာတင်ကားများလည်း စက်သုံဆီဖြည့်ရန် တန်းစီရသဖြင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးလုနီးပါး ပြဿနာများ ရင်ဆိုင်ခဲ့ရကြောင်း တောင်ကြီး နာရေးကူညီမှုအသင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။ “တစ်နေ့…