Category: News

  • ဖိလစ်ပိုင် အာဆီယံမှ နုတ်ထွက်သင့်ဟု ဘူးလက်လှဆွေ လွှတ်တော်၌ ဆွေးနွေး

    ဖိလစ်ပိုင် အာဆီယံမှ နုတ်ထွက်သင့်ဟု ဘူးလက်လှဆွေ လွှတ်တော်၌ ဆွေးနွေး

    မြန်မာ့အရေး စွက်ဖက်သည့် ဖိလစ်ပိုင် အာဆီယံမှ နုတ်ထွက်သင့်ဟု ဘူးလက်လှဆွေ လွှတ်တော်၌ ဆွေးနွေး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းရေး စွက်ဖက်ကာ ပဋိညာဉ် ချိုးဖောက်နေသည့်အတွက် အာဆီယံအဖွဲ့မှ နုတ်ထွက်သင့်ကြောင်း အာဏာသိမ်းစစ်တပ် လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမတ် ဘူးလက် ဦးလှဆွေက ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။ ၎င်းက “ကျနော်တို့ဟာ သူများနိုင်ငံက သူပုန်တွေ၊ လက်နက်ကိုင် သောင်းကျန်းသူတွေ၊ အတိုက်အခံတွေကို ခေါ်ပြီး ဆွေးနွေးတာတွေ မလုပ်ဘူး။ ကျနော်တို့နိုင်ငံက အတိုက်အခံတွေ၊ ပြည်ပြေးတွေ၊ ဝရမ်းပြေးတွေကိုခေါ် ဆွေးနွေးတာဟာ ကျနော်တို့ ပြည်တွင်းရေး စွက်ဖက်နေတာ၊ ပဋိညာဉ်ကို ချိုးဖောက်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံက နုတ်ထွက်စရာမလိုဘဲ ပဋိညာဉ်ကို ချိုးဖောက်ပြီးတော့မှ…

  • MMA ၁ နှစ်တာ အတိုးတက်ဆုံးဖိုက်တာဆု ဆွတ်ခူးခဲ့တဲ့ ဂျိုရှုအာဗန်

    MMA ၁ နှစ်တာ အတိုးတက်ဆုံးဖိုက်တာဆု ဆွတ်ခူးခဲ့တဲ့ ဂျိုရှုအာဗန်

    မြန်မာဖိုက်တာ Joshua Van က World MMA Awards တွင် “Breakthrough of the Year” နဲ့ “Fight of the Year” ဆုနှစ်ဆု ဆွတ်ခူး မြန်မာနိုင်ငံဖွား UFC ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ Joshua Van ဟာ MMA လောကရဲံ ဂုဏ်သိက္ခာအမြင့်ဆုံးဆုပေးပွဲများထဲမှ တစ်ခုဖြစ်တဲ့ ၁၇ ကြိမ်မြောက် Fighters Only World MMA Awards မှာ Breakthrough of the Year နဲ့ Fight of the Year ဆု နှစ်ဆုကို ရရှိခဲ့ပါတယ်။ ယခုနှစ် World MMA Awards ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊…

  • ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲမှာ

    ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲမှာ

    ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲမှာ ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ပြတာ တွေအပြင် အဓမ္မကျင့် ဖို့ ကြိုးစားတာတွေအထိပါဖြစ်နေ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကျောင်းဝန်းအနီးမှာ တဦးတည်းသွားလာနေတဲ့ ကျောင်းသူတွေကို ပစ်မှတ်ထားပြီး ကားဖြင့် ခေါ်ဆောင်ရန် ကြိုးပမ်းတာနဲ့ ကားအတွင်းကနေ မဖွယ်မရာပြုလုပ်နှောင့်ယှက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းက လှိုင်တက္ကသိုလ်နယ်မြေ၊ ကေတုမတီဆောင်နဲ့ ရွှေဟင်္သာလမ်းကြား၊ ကျောင်းကွေ့ဘက်သွားတဲ့ အဆောင်လမ်းမှာ ဂျပန်စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ကျောင်းသူတဦးကို ခဲရောင်ကားတစီး မောင်းနှင်သူက ကားပေါ်အတင်းဆွဲတင်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောင်းသူဟာ ကားအတွင်းကနေ ရုန်းကန်ပြီး အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် အနီးနားက လမ်းသွားလမ်းလာ အမျိုးသားတဦး ရောက်ရှိလာချိန်မှာ ကားမောင်းသူက ဖြစ်စဉ်နေရာကနေ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သတိပေးချက်တွေမှာ ဖော်ပြထားပါတယ်။ အဆိုပါကားနဲ့ ပတ်သက်ပြီး…

  • မီးတောက်တွေကြားထဲ ရေလောင်းချပြီး အသက်စွန့် ဝင်ကယ်ခဲ့တဲ့ ၆၆ နှစ်အရွယ် သူရဲကောင်းကြီး ဦးချို

    မီးတောက်တွေကြားထဲ ရေလောင်းချပြီး အသက်စွန့် ဝင်ကယ်ခဲ့တဲ့ ၆၆ နှစ်အရွယ် သူရဲကောင်းကြီး ဦးချို

    မီးတောက်တွေကြားထဲ ရေလောင်းချပြီး အသက်စွန့် ဝင်ကယ်ခဲ့တဲ့ ၆၆ နှစ်အရွယ် သူရဲကောင်းကြီးက ဦးချိုတဲ့..ကော်ဖီဆိုင်မှာ လုံခြုံရေး လုပ်တာ လောကကြီးမှာ ကိုယ့်အသက်ကို ပဓာနမထားဘဲ သူတစ်ပါးအသက်ကို ကယ်တင်ပေးရဲတဲ့ တကယ့် သူရဲကောင်းတွေ ရှိနေသေးတယ်ဆိုတာကို သက်သေပြလိုက်တဲ့ မန္တလေးက ကြက်သီးထစရာ ဖြစ်စဉ်ကြီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ 🔥 မီးတောက်များကြားက အသက်လုပွဲနှင့် သူရဲကောင်း ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၁၀၁/၆၇ လမ်း) မှာရှိတဲ့ ဂိုဒေါင်ဟောင်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဂိုဒေါင်ဟာ ရေနံချေးသုတ်ထားတဲ့ ဂိုဒေါင်ဟောင်း ဖြစ်တာကြောင့် မီးဟုန်းဟုန်းတောက်နေပြီး အထဲမှာ ဂိုဒေါင်စောင့် ဘိုးဘွားနှစ်ဦး ပိတ်မိနေခဲ့ပါတယ်။ မီးအရမ်းများပြီး ပေါက်ကွဲသံတွေပါ ကြားနေရလို့ ဘယ်သူမှ မဝင်ရဲဘဲ…

  • ရေထပ်ကြီးဖို့ရှိနေတဲ့ ရန်ကုန်နဲ့ ဘားအံ

    ရေထပ်ကြီးဖို့ရှိနေတဲ့ ရန်ကုန်နဲ့ ဘားအံ

    ရန်ကုန်မြစ်နဲ့ ဘားအံမြို့မှာ ရေကြီးနိုင်လို့ မြစ်ကမ်းဘေးနေသူတွေ ကြိုပြင်ဆင်ဖို့သတိပေး ရန်ကုန်မြို့၊ ရန်ကုန်မြစ်ထဲမှာ သာမန်ထက်ထူးကဲတဲ့ ဒီရေမြင့်လာနိုင်လို့ မြစ်ကမ်းဘေးနားကနေအိမ်တွေ ရေဝင်နိုင်တာကြောင့် ကြိုပြင်ဆင်ဖို့ဆိုပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဒီနေ့ သတိပေးချက်ထုတ်ပြန်ပါတယ်။ ထူးကဲ ဒီရေဟာ ဇူလိုင် ၁၄ ရက်နေ ၁၈ ရက်အတွင်းမှာတက်လာနိုင်လို့ အခုလိုသတိပေးချက်ကြိုထုတ်တာလို့ ဆိုပါတယ်။ အဲဒီရက်ပိုင်းအတွင်း ဒီရေမြင့်တက်လာတဲ့အခါ ရန်ကုန်မြစ်ရဲ့ဒီရေအမြင့်စံ သတ်မှတ်ချက်ထက် ပေ ၂၀ ကျော်အထိမြင့်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဒီနေ့မနက်ပိုင်းအထိ မြစ်ရေဆက်တိုးနေတဲ့ ကရင်ပြည်နယ်က သံလွင်မြစ်ရေကတော့ နောက်နှစ်ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘားအံမြို့နယ်ထဲက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ ကြိုတင်သတိပြုမိဖို့၊ မြစ်ရေတက်လာရင် အချိန်မီရှောင်ရှားဖို့ သတိပေးလာတာဖြစ်ပါတယ်။ “မြို့ခံတွေကတော့ ကမ်းနားလမ်းနဲ့…