Category: News
-

ဘုရားဆင်းတုတွေပါ ပျက်စီးခဲ့ရတဲ့ သံဖြူဇရပ်လေဆင်နှာမောင်း
သံဖြူဇရပ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ၄၀ ကျော် ပျက်စီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ဘုရားစေတီတစ်ဆူနှင့် လူနေအိမ် ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့ပေါ်ရှိ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်နှင့် ဝယ်ကဝါကျေးရွာတို့တွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ အောင်ကုသိုလ်ရပ်ကွက်ရှိ ကျိုက်ရာမညဇိန ထိုင်တော်မူဘုရားကြီးဝင်းအတွင်းမှ ထိုင်တော်မူဘုရားကို မိုးထားသည့် အမိုးတစ်ခုလုံး ပြိုကျပျက်စီးခဲ့သည့်အပြင် ယင်းရပ်ကွက်အတွင်းရှိ လူနေအိမ် (၂) လုံးလည်း ပျက်စီးခဲ့သည်။ ထို့အတူ အောင်ဇေယျတိုးချဲ့ရပ်ကွက်တွင်လည်း လူနေအိမ် (၃၃) လုံးထက်မနည်းနှင့် စာသင်ကျောင်း (၁) ကျောင်းတို့၏ အမိုးများ လန်ထွက်ပျက်စီးခဲ့ရသည်။…
-

PDF လေး ၂၀ ကေ့စ် နောက်ဆက်တွဲတွေပေါ်လာပြီ
ချောက်မြို့နယ်တွင် စစ်တပ်က အရပ်ဝတ်များ ဝတ်ဆင်ပြီး PDF ပုံစံ ပုံမှားရိုက်ကာ အနီးကပ်ဝင်ရောက်စီးနင်းပြီး PDF ရဲဘော် ၂၀ ဦးကို ဖမ်းဆီးသတ်ဖြတ် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်က အရပ်ဝတ်များ ဝတ်ဆင်၍ တော်လှန်ရေး PDF ပုံစံ ပုံမှားရိုက်ကာ အနီးကပ်ဝင်ရောက် စီး နင်းမှုကြောင့် PDF ရဲဘော် ၂၀ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေး ရွာနှင့် စမ်းကန်ကျေးရွာအနီး မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ စုဖွဲ့မှု ပြုလုပ်ရာနေရာသို့ အကြမ်း ဖက်စစ်တပ် စစ်ကြောင်း ရောက်ရှိလာရာ…
-

မြန်မာအမျိုးသမီးလေးရဲ့ ရင်နာစရာ နိဂုံး
ကျီးလန့်စာစား ဘဝနဲ့ ပြေးလွှားရင်း… တိုင်းတစ်ပါးမှာ အသက်ပေးလိုက်ရတဲ့ မြန်မာအမျိုးသမီးလေးရဲ့ ရင်နာစရာ နိဂုံး မိသားစု စားဝတ်နေရေးအတွက် ကိုယ့်မြေ၊ ကိုယ့်ရေကို စွန့်ခွာပြီး တိုင်းတစ်ပါးမှာ အသက်ကို ဖက်နဲ့ထုပ်ကာ အလုပ်လုပ်နေကြရတဲ့ မြန်မာလုပ်သားတွေရဲ့ ဘဝဟာ တကယ်ကို ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်။ အခုလည်း မလေးရှားနိုင်ငံမှာ အော်ပရာစီ (အထောက်အထား စစ်ဆေးဖမ်းဆီးမှု) ကို ကြောက်လန့်တကြား ရှောင်တိမ်းရင်း မထင်မှတ်ဘဲ အသက်ဆုံးရှုံးသွားရတဲ့ ရင်ကွဲဖွယ် မြန်မာအမျိုးသမီးလေး တစ်ဦးရဲ့ ဖြစ်စဉ်ကို ဝမ်းနည်းစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ 😭 လွတ်မြောက်ရာကို ရှာဖွေရင်း ကြုံတွေ့ရတဲ့ ကံကြမ္မာဆိုး ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၆) ရက်နေ့က မလေးရှားနိုင်ငံ၊ မလက္ကာမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အာဏာပိုင်တွေက အော်ပရာစီ ဝင်ရောက်လာပြီး တရားမဝင် နေထိုင်သူတွေကို…
-

ချောက်က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး
ချောက်က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံး စစ်အုပ်စုဘက်က ပိတ်ဆို့ပြီး အားလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရုပ်သံဖိုင် ဖော်ပြ မနေ့က မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့မှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံးခဲ့ပါတယ်။ စလေနဲ့ရေနံချောင်းအကြားက ကျေးရွာတွေကို မွေနှောက်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးရဲဘော်တွေ ဇူလိုင်လ ၁၀ ရက်နေ့မနက်က တောင်သာကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန််ရေးရဲဘော် ၂၀ ဦးလောက် ကျဆုံးခဲ့တာပါ။ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက အတည်ပြုမထုတ်ပြန်လာသေးပေမယ့် ထွက်ပေါ်ခဲ့ပြီးသား သတင်းတွေအရတော့ တော်လှန်ရေးရဲဘော်တွေ စစ်အုပ်စုရဲ့ ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခြင်း ခံလိုက်ရတာလို့ သိရပါတယ်။ အဲ့ဒီ တိုက်ပွဲနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တစ်ခုကိုလည်း အာဏာသိမ်းစစ်အုပ်စုဘက်က ထုတ်ပြန်လာပါတယ်။ ရုပ်သံဖိုင်အရ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေကို…
-

YBS တစ်စီး မီးခိုးတွေထွက်လာလို့ ခရီးသည်တွေ ကားမှန်ခွဲ ဆင်းပြေးရ
YBS(၂၂)ကား မီးခိုးတွေထွက်လာလို့ ခရီးသည်တွေ ကားမှန်ခွဲ ဆင်းပြေးရ ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၀ရက် ည ၇ နာရီလောက်က YBS(၂၂) ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်ပြီး ဂက်စ်ယိုစိမ့်မှုတွေဖြစ်ခဲ့တာကြောင့် ခရီးသည်တွေက ကားတံခါးဖွင့်ပေးခိုင်းပေမယ့် မဖွင့်ပေးခဲ့တာကြောင့် မှန်တွေကို ရိုက်ခွဲပြေးခဲ့ရတယ်လို့ ခရီးသည်တစ်ဦးက ရင်ဖွင့်ထားတာပါ။ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ကားထဲမှာ မီးခိုးထွက်နေတာကို အတည်ပြုနိုင်ပေမယ့် ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့တာနဲ့ ဂက်စ်ယိုစိမ့်မှုရှိ၊မရှိကိုတော့ သီးသန့် အတည်မပြုနိုင်ပါဘူး။ ခရီးသည်တွေက ကားပြတင်းပေါက် မှန်တွေကို ရိုက်ခွဲဆင်းခဲ့ရတာကြောင့် တချို့ခရီးသည်တွေ ဒဏ်ရာရရှိတာတွေရှိတယ်လို့လည်း ဆိုပါတယ်။ ရှေ့တံခါးကို ကားပေါ်က ဆင်းလာတဲ့အမျိုးသားတွေ ဝိုင်းပြီးဆွဲဖွင့်ပေးတာကြောင့် ပွင့်သွားခဲ့တာကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦး…