Category: News

  • အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

    အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

    ဆီးရီးယားကတိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှုအတွက် ထရမ့်က လက်စားချေဖို့ကတိပြု

    ဆီးရီးယားနိုင်ငံအလယ်ပိုင်းမှာ သေနတ်သမားတစ်ဦးရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၂ ဦးနဲ့ အရပ်သားစကားပြန်တစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီဖြစ်စဉ်အတွက် အစ္စလာမ်မစ်နိုင်ငံအဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ပြောဆိုခဲ့ပြီး လက်စားချေဖို့ကတိပေးခဲ့ပါတယ်။

    အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က တာဝန်ရှိသူတွေက စနေနေ့မှာ ဖြစ်စဉ်ကိုသတင်းထုတ်ပြန်ခဲ့ပြီး ဒါဟာ ပါလ်မိုင်ရာဒေသမှာရှိတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေမှာပါဝင်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တာဖြစ်‌ကြောင်း၊ နောက်ထပ် လူ ၃ ဦးဒဏ်ရာရခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

    ဆီးရီးယားအစိုးရသတင်းဌာနက ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ပူးတွဲကင်းလှည့်စဉ် တိုက်ခိုက်ခံခဲ့ရာလို့ ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဆီးရီးယားတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

    ထရမ့်က သတင်းထောက်တွေကို “ဒါဟာ ကျွန်တော်တို့နဲ့ဆီးရီးယားအပေါ် အိုင်အက်စ်ရဲ့ တိုက်ခိုက်မှုဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး “ကျနော်တို့လက်တုံ့ပြန်ပါမယ်” လို့လည်း သူကပြောဆိုခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ်မှာ သမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် အစိုးရကျဆုံးပြီးနောက်မှာ အမေရိကန်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီအမံတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဆီးရီးယားမှာ တပ်ဖွဲ့တွေထားရှိခဲ့တာပါ။

    ဆီရီးယားယာယီအစိုးရအနေနဲ့ ISIS ကိုဆန့်ကျင်ပြီး အမေရိကန်တပ်ဖွဲ့တွေဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

    Ref;NHK

  • အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု  တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း

    အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း

    ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang Garment အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးတစ်ဦးကို တရုတ်သူဌေး၏ လက်ထောက် မြန်မာအမျိုးသားက မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့​ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ အလုပ်အချိန်အတွင်း ယင်းကဲ့သို့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး စက်ရုံပိုင်ရှင်တရုတ်သူဌေးက ငွေကြေးဖြင့် အမှုမဖွင့်ရန် လုပ်ဆောင်ခဲ့ကြောင်း စက်ရုံအလုပ်သမားတချို့က ပြောကြားသည်။

    ဝါးတရာစက်မှုဇုန်ရှိ Zhong Xin Wang Garment အထည်ချုပ်စက်ရုံရှိ အိမ်သာထဲတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးငယ်ကို စက်ရုံပိုင်ရှင် တရုတ်သူဌေး၏ လက်ထောက်က မုဒိမ်းကျင့်ခဲ့ပြီးနောက် နစ်နာသူ မိန်းကလေးငယ်ကို တရုတ်သူဌေးက ငွေကြေးပေး၍ အမှုမဖွင့်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ မုဒိမ်းပြုကျင့်သူမှာ အိမ်ထောင်သည်ဖြစ်ကြောင်း သိရှိရသည်။

    “နစ်နာသူက နွမ်းပါးပြီး အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတစ်ဦးပါ။ အလုပ်ချိန်အတွင်း အိမ်သာထဲမှာ မုဒိမ်းကျင့်ခံခဲ့ရတာပါ။အခု အမှုမဖွင့်နိုင်အောင် တရုတ်သူဌေးက ငွေနဲ့လိုက်ရှင်းပြီး သတင်းတွေလိုက်ဖုံးနေတယ်။ ကျူး လွန်သူကလည်း သူဌေးလက်သတ်မွေးထားတဲ့သူဖြစ်ပြီး သူတို့က ‘ပြီးတယ် ပိုင်တယ်’ ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်နေတယ်” ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။

    အဆိုပါ စက်ရုံကို တရုတ်နိုင်ငံသားဖြစ်သူ ကျန်းကျွင်းကျန့် (Zhang Jun Juan) က ပိုင်ဆိုင်ခြင်းဖြစ်ပြီး လှည်းကူးမြို့နယ်တွင်လည်း New Talent Garment အထည်ချုပ်စက်ရုံကို ပိုင်ဆိုင်သူဖြစ် ကြောင်း၊ တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံများတွင် တရုတ်နိုင်ငံသား ၅ ဦးမှ ၆ ဦးခန့်အထိ ရှိနေပြီး အလုပ် သမားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည့်အပြင် ခွဲခြားဆက်ဆံမှုများလည်း ရှိနေကြောင်း အလုပ် သမားများထံမှ သိရသည်။

    မကြာသေးမီက Zhong Xin Wang စက်ရုံတွင် အလုပ်သမားတစ်ဦးဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး စက်ရုံ က ဓာတ်လိုက်၍ ထိခိုက်ခဲ့သော အလုပ်သမားကို ဆေးကုပေးခြင်းနှင့် လျှော်ကြေးပေးခဲ့ခြင်းမရှိကြောင်း၊ အထည်ချုပ်စက်ရုံ၏ အခြေအနေမှာ လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှု လုံး၀မရှိဘဲ တရုတ်သူဌေးက မြန်မာအလုပ် သမားများကိုလည်း ဖိနှိပ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

  • ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထား

    ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထား

    ရုရှားနှင့် ဘီလာရုစ်တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထားပြီး မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက် စိစစ်ဝယ်ယူခဲ့ဟုဆို

    ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့တွင် မြန်မာစစ်တပ်က မြေကွက်နှင့်အဆောက်အအုံတချို့ ဝယ်ယူထားပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက် စိစစ်၍ မြေကွက်များကို ဝယ်ယူခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် ဘီလာရုစ်နိုင်ငံ၊ Minsk မြို့တို့တွင် မြန်မာစစ်တပ်က မြေကွက်နှင့် အ ဆောက် အအုံတချို့ကို ဝယ်ယူခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မြန်မာနိုင်ငံသံရုံးနဲ့ အစိုးရဧည့်ဂေဟာတွေ တိုးချဲ့ ဖို့လို့တော့ သိရတယ်။ ဒါပေမယ့် ထူးခြားတာက မြေ ကွက်နဲ့ အဆောက်အအုံတွေကို တပ်ချုပ်ကြီးကိုယ်တိုင် သွားကြည့်၊ သွားစိစစ်တယ်လို့ သိရတယ်။ တကယ်တော့ ရုရှားမှာရော ဘီလာရုစ်မှာရော မြန်မာသံရုံးတွေကလည်း ဖွင့်လှစ်ထားပြီးသား၊ ရှိပြီးသားပါ။ ဘာကြောင့် ထပ်ဝယ်တာလဲတော့ မသိရဘူး။ ဝယ်တာကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ပဲ ဝယ်တာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် ၎င်းနှင့်မိသားစုများ စီးနင်းရန် ယခုနှစ် ဖေဖော် ဝါရီလအတွင်း ပြည်ပမှ ငှားရမ်းထားသော လေယာဉ်ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့သည်။

    မင်းအောင်လှိုင်က ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် သူနှင့်သူ့မိသားစု သီးသန့် အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းတင်သွင်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို အပြီးအပြတ် ဝယ်ယူခဲ့ပြီး မင်းအောင်လှိုင်နှင့်မိသားစု၏ ပြည်ပခရီးစဉ်များတွင် အသုံးပြုရန် ယင်းလေယာဉ်ကို MAI က အမည်ခံပေးထားရသည်။

    မင်းအောင်လှိုင်က နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော MAI အထူးလေယာဉ်၏ အတွင်းခန်းများကိုပါ ၎င်း၏ စိတ်ကြိုက်ဒီဇိုင်းဆွဲ ပြင်ဆင်ခိုင်းခဲ့ကြောင်း သိရှိရသည်။

  • အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်

    အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်

    ဒီးမော့ဆိုမှာ အသက် ၁၂ ခန့် ကလေးက ၅ နှစ်အရွယ် ကလေးကို မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ အသက် ၁၂ ဝန်းကျင်ရှိတဲ့ ယောက်ျားလေးက အသက် ၅ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ကို မုဒိန်းပြုကျင့်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေက အဆိုပါစစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဝင်း(အမည်လွှဲ)ဟာ ဘုရားကျောင်းက ပြန်လာစဉ် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ နဲ့ အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဘောင်းဘီတွေကင်းမဲ့လျက် တွေ့ရှိခဲ့ရပြီး အော်ဟစ်လိုက်တဲ့အခါ လူငယ်ကတော့ ထွက်ပြေးသွားခဲ့တယ်လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းသိရှိရပါတယ်။

    ဖြစ်စဉ်အပြီး ၅ ရက်ကြာတဲ့အခါ မိန်းကလေးငယ်က ဗိုက်အောင့်တယ်လို့ပြောတဲ့အတွက် ဆေးခန်းသွားပြတဲ့အချိန်ရောက်မှသာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ချက်အရ မိန်းကလေးကိုယ်အင်္ဂါအတွင်း ထိုးသွင်းမှုတွေ ရှိနေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီအတွက် ဒေါ်ဝင်း(အမည်လွှဲ)ဟာ သမီးဖြစ်သူကိစ္စနဲ့ပတ်သက်ပြီး ဉပဒေအရ အရေးယူဆောင်ရွက်ဖို့ ကရင်နီပြည်ရဲဌာန(KSP)ထံ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

    ပြစ်မှုကျူးလွန်သူ အသက် ၁၂ နှစ်အရွယ်လူငယ်ကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန(KSP) ထံကနေ စုံစမ်းသိရှိရပါတယ်။

  • အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

    အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

    မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

    မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ် ။

    ” ဆင်စခန်းကို ဝင်ပြီး ဖမ်းခေါ်သွားတာလို့သိရတယ် ။ ကားတစီးလည်းယူသွားတယ် ။ ဆင်စခန်းက ညောင်ဦး ကနေ ပခုက္ကူ နဲ့ မြင်းခြံ သွားလမ်းဘေးမှာရှိတာ ။ ညောင်ဦး နဲ့က နီးတယ် မြို့အထွက်နားတင်ပဲ ။ အဲဒီဘက်လမ်းတွေက PDF တွေ လှုပ်ရှားမှုရှိတယ်။ ” လို့ လုံခြုံရေး အရအမည် မဖော်လိုသူ ညောင်ဦး ဒေသခံက ပြောပါတယ် ။

    ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း မန္တ​လေးတိုင်း တံတားဦးမြို့နယ်၊ အေးစွကျေးရွာရှိ STAOP ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီမှ လုံခြုံရေး ဝန်ထမ်း ဦးရဲအောင် ဆိုသူကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။

    အလားတူ ဒီဇင်ဘာ ၁၁ ရက်မှာပဲ မလှိုင်မြို့နယ် ၊ဘောက်ခွေးတော ရွာမှ ဦးထွန်းငွေသက် ဆိုသူကို လက်နက်ကိုင် အဖွဲ့က နေအိမ်အထိ ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်သွား ခဲ့တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၆ ရက်ကလည်း မလှိုင်မြို့နယ် ကျင်းသာရွာ အခြေခံပညာ မူလတန်းကျောင်းက မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ခိုင်ဇံဝေ ကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

    ” ဆရာမကတော့ ပြန်လွတ်လာပြီလား မလွတ်သေးဘူးလား သေချာမသိဘူး ။ အရင်ရက်က ဖမ်းသွားတဲ့ ဘောက်ခွေးတောက လူကတော့ အသတ်ခံလိုက်ရတယ် သိရတယ် ။ ” လို့ ဒေသခံက ပြောပါတယ်။

    ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ရှိ အရာတော်ရေနံမြေမှ ဝန်ထမ်းတွေ ဖြစ်တဲ့ စက်မှုကျွမ်းကျင် (၄) (ထုတ်လုပ်ရေးဌာန) ဦးနေစိုး ၊ အငယ်တန်း စာရေး (စက်ပြင်ဌာန) ဦးစိုးသီဟလှိုင် ၊ ကျွမ်းကျင် (၃) (IT ဌာန) ဦးမျိုးခိုင်ဦး ဆိုသူတို့ကို လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား တယ်လို့ သိရပါတယ် ။

    ပခုက္ကူမြို့နယ် ၊ ဆိက္ခဝ ရွာဘက်ကို စက်လှေနဲ့ သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း မန္တလေး တိုင်းနဲ့ မကွေးတိုင်းထဲက အစိုးရဝန်ထမ်း အပါအဝင် လူ ၁၀ ယောက်ထက်မနည်း လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။