မြန်မာ့သမိုင်းတလျှောက် လူသေဆုံးပျက်စီးမှုအများဆုံးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်နေ့အထိ့ ၇ ရက်အတွင်းနိုင်ငံတစ်ဝန်း နေရာပေါင်း အနည်းဆုံး ၂၄ နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။ ဒီအရေအတွက်ဟာ အချက်အလက်ရရှိတဲ့ အရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါသေးတဲ့ဗုံးကြဲခံရမှုတွေ ရှိနိုင်သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ် ။ စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အရေးပေါ်အခြေအနေလို့ကြေညာခဲ့ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်ဒေသတွေကိုပါမရှောင်ဗုံးကြဲခဲ့တာပါ။ ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့ဒေသတွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး ၊မန္တလေးတိုင်းစတဲ့ဒေသတွေအစုံပါဝင်တင်ပါတယ် ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၅၀ ခန့်သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့ကြေညာခဲ့ပေမယ့် ဧပြီ ၃…
“စစ်ကောင်စီရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ် နေရတဲ့အခြေနေကြောင့် အိန္ဒိယက ကူညီကယ်ဆယ်ရေးသမားတဦး နေရပ်ပြန်”