Category: News

  • မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံး

    မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံး

    မကွေးတိုင်း၊ချောက်မြို့နယ်တွင်စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။

    အမှတ် (၃) ပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးသွားကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် ချောက်မြို့နယ်အတွင်းရှိပြည်ထောင်စုလမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကိုချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မကွေးခရိုင် ပကဖပူးပေါင်းတပ်ဖွဲ့များက သုံးကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “မိမိတို့မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးရန်သူစစ်ကောင်စီ အရာရှိတစ်ဦးနဲ့ တပ်သား ၁၁ ဦး သေဆုံးသွားကြောင်းသိရှိရပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    အဆိုပါစစ်ဆင်ရေးကို ချောက်မြို့နယ် ပကဖ နှင့် မကွေးခရိုင် ပကဖ တို့က ဦးဆောင်ကာ Chauk Guerrilla Force၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊မြေလတ်ရေနံ့သာအဖွဲ့၊ Chauk Revolution Force၊ Chauk Special Attack Force နှင့် သခင်ဖိုးလှကြီးအဖွဲ့ စသည့် မကွေးခရိုင် ပကဖ လက်အောက်ခံ တပ်ခွဲ (၆)ခုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင်ချောက်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းများကိုချောက်မြို့နယ် ပကဖ နှင့် မကွေးခရိုင် ပကဖ ပူးပေါင်းတပ်ဖွဲ့များကဆက်လက်ခုခံကာကွယ်လျက်ရှိကြောင်း သိရသည်။

  • မအူပင်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ ၁ ဦး အသတ်ခံရ

    မအူပင်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ ၁ ဦး အသတ်ခံရ

    ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ်၇ ရပ်ကွက် ခိုင်နေဝင်းလမ်းမှာ နေထိုင်တဲ့ ဦးသန်းဝင်းဟာ ဒီဇင်ဘာ ၂၉ ဒီနေ့မနက်အစောပိုင်းမှာ ကယ်ရီအငှားလိုက်သွားစဥ် လည်ပင်းကို ဓားနဲ့လှီးသတ်ခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သေဆုံးသူ ဦးသန်းဝင်းဟာ အသံချဲ့စက် အငှားလိုက်ဖွင့်တာ၊ ဆိုင်ကယ် ကယ်ရီမောင်းတာတွေ လုပ်နေသူဖြစ်ပြီး မနက်အစောပိုင်း ဆိုင်ကယ်ကယ်ရီ အငှားလိုက်သွားတဲ့အချိန် မအူပင်မြို့ အိုင်ဝိုင်း စာသင်ကျောင်းအရှေ့မှာ လည်ပင်းကို ဓားနဲ့အလှီးခံရတဲ့ ဒဏ်ရာနဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။

    သေဆုံးသူ ဦးသန်းဝင်း မိသားစုနဲ့ နီးစပ်သူတယောက်က “ဒီမနက် ၅ နာရီခွဲလောက်က ကယ်ရီ ခေါ်လို့ လိုက်သွားတာ။ အိုင်ဝိုင်းလမ်း စာသင်ကျောင်း လူပြတ်တဲ့နားရောက်တော့ ရောက်ပြီ၊ အရှိန်လျှော့လို့ ပြောလို့ အရှိန်ရှော့တဲ့အချိန် အနောက်ကနေ လည်ပင်းကို ဓားနဲ့လှီးပြီး ပြေးတာ ကောင်လေးက အသက်ငယ်ငယ်ပဲ ရှိမယ်။ ဘောင်းဘီရှည် အင်္ကျီကွက်နဲ့ ကျောပိုးအိတ်လွယ်ထားတယ်လို့ ဦးသန်းဝင်း မသေဆုံးခင်မှာ ပြောပြတယ်”လို့ ပြောပါတယ်။

    မနက်အစောကြီး ဓားဒဏ်ရာနဲ့ လဲနေတာ တွေ့လို့ မအူပင်မြို့ အနှိုင်းမဲ့ လူမှုကူညီရေးအသင်းကားနဲ့ မအူပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးတာလို့ ဆိုပါတယ်။

    သေဆုံးသူကို သေမှုသေခင်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး နေ့ခင်းပိုင်းမှာ ဦးသန်းဝင်း နေထိုင်ခဲ့တဲ့ အမှတ် ၇ ရပ်ကွက်၊ ခိုင်နေဝင်းလမ်းကို ပြန်လည်သယ်ဆောင်ပို့ မိသားစုဝင်တွေက စီစဥ်နေတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

    ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

    ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား

    မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်အုပ်စု တရားမဝင်အတုအယောင်ရွေးကောက်ပွဲမဲရုံများကို ဝင်ရောက် တိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး မဲလက်မှတ်များကို လက်ခံနိုင်ခြင်းမရှိပဲ ရုတ်သိမ်းသွားကြောင်း ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် – PDA က ထုတ်ပြန်ထားပါတယ်။

    မနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ညောင်ဦးမြို့ အနီးနားကျေးရွာတွေဖြစ်တဲ့ ပြွန်ရွာ၊ ညောင်ပင် ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာများရှိ မဲရုံများကို ဝင်ရောက် တိုက်ခိုက်မယ်လို့ စစ်ကော်မရှင်က သတင်းရရှိသွားသဖြင့် မဲလက်ခံခြင်းမပြုတော့ပဲ ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရပါတယ်။

    အလားတူ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတို့ရှိ မဲရုံစောင့်ရန် တပ်စွဲထားတဲ့ စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးခန့် သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ယင်းကျေးရွာများရှိ မဲရုံများ မဲလက်ခံခြင်း မပြုတော့ပဲ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ရုတ်သိမ်းသွားကြောင်း သိရပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ဦးဆောင်မှုနဲ့အတူ မဟာမိတ် အဖွဲ့များဖြစ်တဲ့ ဧရာဒေါင်း၊ Chauk Revolution Army (CRA) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။

  • စစ်တပ်ကို စိန်ခေါ်ဝံ့သူ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးအောင်ကို

    စစ်တပ်ကို စိန်ခေါ်ဝံ့သူ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးအောင်ကို

    သူရဦးအောင်ကို အပါအဝင် ၉ ဦးကို စစ်ကောင်စီက ဘွဲ့တံဆိပ်များ ပြန်ရုပ်သိမ်း

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း သူရဦးအောင်ကို အပါအဝင် ၉ ယောက်ကို ‌ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

    သူရဦးအောင်ကို,ကို ၁၉၇၅ မှာ ချီးမြှင့်ခဲ့တဲ့ သူရဘွဲ့နဲ့ ၂၀၁၂ ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ တို့ကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။

    တခြား ဂုဏ်ထူးဆောင်ဘွဲ့ ပြန်လည်ရုပ်သိမ်းခံရသူတွေထဲမှာ ဦးမြင့်နိုင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်လှမြင့်စိုး၊ ဗိုလ်ချုပ်အောင်လင်းထွန်းတို့ ပါဝင်သလို စီးပွားရေးသမားတွေဖြစ်တဲ့ ဦးချစ်ခိုင်၊ ဦးခင်ရွှေနဲ့ ဦးသိမ်းဝေတို့ ပါဝင်ပါတယ်။

    စစ်တပ်က သူတို့ဆီက ပြန်လည်ရုပ်သိမ်းလိုက်တဲ့ ဘွဲ့တံဆိပ်တွေဟာ ၁၉၅၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အပ်နှင်းခဲ့တဲ့ သူရဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ်၊ ဇေယျကျော်ထင်ဘွဲ့၊ မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့ စတဲ့ ဘွဲ့တံဆိပ်တွေ ပါဝင်ပါတယ်။

    စစ်တပ်ကို စိန်ခေါ်ဝံ့သူ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးအောင်ကို

    သူရဦးအောင်ကို – စစ်သားဘဝမှ ဝန်ကြီးဘဝ၊ ထိုမှတစ်ဆင့် အင်းစိန်ထောင်တွင်း အကျဉ်းစံဘဝသို့

    ​”စိန်ခေါ်ပါတယ်” ဟူသော ပြတ်သားသည့် အသံနှင့်အတူ ၂၀၂၁ အာဏာသိမ်းမှု၏ ပထမဆုံး ပစ်မှတ်ဖြစ်ခဲ့သူ။

    စစ်တပ်ဖွား သူရဘွဲ့ရ ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးက ဘာကြောင့် NLD အစိုးရအဖွဲ့ထဲ ရောက်လာခဲ့သလဲ?

    ဘာကြောင့် မဘသ အဖွဲ့ကို ဖျက်သိမ်းခဲ့သလဲ? စစ်တပ်က သူ့အပေါ် ဘာကြောင့် ရန်ငြိုးကြီးခဲ့သလဲ?

    ​ဤ Documentary တွင် သူရဦးအောင်ကို၏ ကျောက်ပန်းတောင်းဇာတိမှသည် စစ်တက္ကသိုလ်၊ စစ်မြေပြင်၊ ဝန်ကြီးဌာနနှင့် အင်းစိန်ထောင် အကျဉ်းခန်းအထိ ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းသည့် ဘဝခရီးစဉ်ကို အသေးစိတ် တင်ဆက်ထားပါသည်။

    နိုင်ငံရေး၊ ဘာသာရေးနှင့် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့် ပြောင်းလဲသွားသော ဘဝတစ်ခု၏ ဖြစ်ရပ်မှန် မှတ်တမ်းကို ကြည့်ရှုလိုက်ပါ။

    ​ဒီဗီဒီယိုမှာ ဘာတွေပါမလဲ?

    ​သူရဦးအောင်ကို၏ ရဲရဲတောက် စိန်ခေါ်ချက်။

    ​စစ်သားဘဝမှ သာသနာရေးဝန်ကြီး ဖြစ်လာပုံ။

    ​မဘသ အဖွဲ့ကို ဖျက်သိမ်းရခြင်း နောက်ကွယ်မှ အကြောင်းရင်းများ။

    ​အင်းစိန်ထောင်တွင်း အကျဉ်းစံဘဝနှင့် ကျန်းမာရေး အခြေအနေ။

    ​၂၀၂၃ တွင် လွတ်မြောက်မှုနှင့် လက်ရှိ အခြေအနေ။

  • နေပြည်တော် အမြန်လမ်းပေါ်  PDF တွေတက်လာ (ရုပ်/သံ)

    နေပြည်တော် အမြန်လမ်းပေါ် PDF တွေတက်လာ (ရုပ်/သံ)

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေ နေပြည်တော်မှာ ရွေးကောက်ပွဲ ကျင်းပနေချိန်မှာပဲ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်ကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက တက်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။