Category: News


  • Gas แ€แ€”แ€บแ€ธแ€…แ€ฎแ€”แ€ฑแ€แ€ฒแ€ท YBS แ€€แ€ญแ€ฏ แ€กแ€ญแ€™แ€บแ€…แ€ฎแ€ธแ€€แ€ฌแ€ธแ€แ€„แ€บแ€แ€ญแ€ฏแ€€แ€บ

    အင်းစိန်မှာ Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်၊ လူ တစ်ဦးသေဆုံး ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို အိမ်စီးကားကနောက်ကဝင်တိုက်ခဲ့တာကြောင့် ကားပေါ် ပါလာသူ တစ်ဦးသေဆုံးခဲ့တယ်လို့ ‌တွဲလက်လူမှူကူညီရေးအဖွဲ့ က အသိပေးထားပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၃) မနက် ၃ နာရီလောက်မှာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ကြို့ကုန်းမှတ်တိုင် မှာ Gas တန်းစီနေတဲ့ YBS-83 ယာဉ်ကို အိမ်စီးကားတစ်စီးက ‌နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ တွဲလက်လူမှူကူညီရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှာလိုက်ပါလာသူ ငါးဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူက ကားထဲမှာညပ်နေတာကြောင့် အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပေးခဲ့ပြီး တွဲလက်ကူညီရေးအဖွဲ့လူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပိုပေးခဲ့တယ်လို့ ဆိုပါတယ်။…

  • แ€™แ€ญแ€ฏแ€ธแ€€แ€ฏแ€แ€บแ€™แ€ผแ€ญแ€ฏแ€ท แ€กแ€›แ€พแ€ฑแ€ทแ€•แ€ญแ€ฏแ€„แ€บแ€ธแ€†แ€ฑแ€ธแ€›แ€ฏแ€ถแ€กแ€”แ€ฎแ€ธ แ€แ€•แ€บแ€…แ€ฝแ€ฒแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ แ€…แ€…แ€บแ€žแ€ฌแ€ธแ€™แ€ปแ€ฌแ€ธ แ€œแ€€แ€บแ€”แ€€แ€บแ€€แ€ผแ€ฎแ€ธแ€–แ€ผแ€„แ€ทแ€บ แ€•แ€…แ€บแ€แ€แ€บ

    မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က စတင်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီးကို လက်နက်ကြီးကျည် ၃ ကြိမ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း အရှေ့ပိုင်း ဆေးရုံအနီး တပ်စွဲထားသော စစ်သားများ ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း လက်နက်ကြီးကျည်များသည် အေးမြဖြူ စက်ချုပ်ဆိုင် အနီးတွင်လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သူမရှိကြောင်း…

  • แ€—แ€„แ€บแ€”แ€ฎแ€‡แ€ฝแ€ฒแ€œแ€ฌแ€ธแ€žแ€™แ€นแ€™แ€ แ€”แ€ฎแ€€แ€ญแ€ฏแ€œแ€•แ€บแ€…แ€บ แ€™แ€ฌแ€’แ€ฐแ€›แ€ญแ€ฏแ€”แ€พแ€„แ€ทแ€บแ€‡แ€”แ€ฎแ€ธแ€€แ€ญแ€ฏ แ€กแ€™แ€ฑแ€›แ€ญแ€€แ€”แ€บแ€€ แ€–แ€™แ€บแ€ธแ€†แ€ฎแ€ธแ€›แ€›แ€พแ€ญแ€‘แ€ฌแ€ธ

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်ကြေညာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။ ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဗင်နီဇွဲလားခေါင်းဆောင် သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတက ကြေ ညာ သည်။ မူးယစ်မှောင်ခိုလုပ်ငန်းများ…

  • แ€กแ€™แ€ฑแ€›แ€ญแ€€แ€”แ€บแ€”แ€พแ€„แ€ทแ€บ แ€แ€„แ€บแ€ธแ€™แ€ฌแ€™แ€พแ€ฏแ€™แ€ปแ€ฌแ€ธ แ€กแ€™แ€ผแ€„แ€ทแ€บแ€†แ€ฏแ€ถแ€ธแ€›แ€ฑแ€ฌแ€€แ€บแ€›แ€พแ€ญแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ဖြစ်နေ အမေရိကန်က တိုက်ခိုက်မှုကို အတည်ပြု မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်က တိုက် ခိုက်မှုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများ၊ ထိတ်လန့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး လူနာတင်ကားသံများလည်း ဆက်တိုက် သွားလာနေကြောင်း၊ အမေရိကန် လေ ယာဉ်ဟု ယူဆရသည့် လေယာဉ်များလည်း အနိမ့်ပျံသန်းနေကြောင်း ၊ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို…

  • แ€€แ€žแ€ฌแ€™แ€ผแ€ญแ€ฏแ€ทแ€žแ€ญแ€™แ€บแ€ธแ€แ€ญแ€ฏแ€€แ€บแ€•แ€ฝแ€ฒแŒ  แ€แ€™แ€› แƒแ€แ‰ แ€’แ€ฏแ€แ€•แ€บแ€›แ€„แ€บแ€ธแ€™แ€พแ€ฐแ€ธ แ€žแ€ฑแ€†แ€ฏแ€ถแ€ธ

    ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းဟာ ခွာစစ်ဆင်ရင်း ဇန်နဝါရီ ၂ ရက်မှာ ဒုတပ်ရင်းမှူး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။ မြို့နယ် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် ခမရ ၃၀၉ ရဲ့ ဒုတပ်ရင်းမှူး တာဝန်ပါ ပူးတွဲယူထားရတဲ့ ဗိုလ်မှူးနိုင်ဝင်းဟာ ထွေအုပ်၊ ရဲစခန်း၊ စစ်ကောင်စီတပ်နဲ့အတူ ဆုတ်ခွာတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေပစ်ခတ်တဲ့ လက်နက်ကျည်ထိမှန်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “PDF တွေ မြို့ထဲက ထွေအုပ်နဲ့ ရဲစခန်းကိုတိုက်တဲ့အချိန် ဒုတပ်ရင်းမှူးကျည်ထိသွားတယ်။ အဲ့ကနေ ခွာစစ်ဆင်ရင်း ခမရ ၃၀၉ ကို ပြန်ရောက်တယ်။ တပ်ရင်းထဲမှာ ရသလောက်ကုတယ်။ မနေ့က ပဲသေသွားတယ်။ လက်ရှိအခြေအနေကိုပြောရရင် PDF…