Category: News

  • ငါးနှစ်သက်တမ်းပြည့်ခဲ့ပြီဖြစ်တဲ့ MDY PDF

    ငါးနှစ်သက်တမ်းပြည့်ခဲ့ပြီဖြစ်တဲ့ MDY PDF

    စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ “အထူးလှုပ်ရှားတပ်မ”အဖြစ်တာဝန်ထမ်းဆောင်​နေ​ကြောင်းအသိပေး

    နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ဖော်ပြထားပါတယ်။

    မန္တလေး PDFဟာ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်ကို အစွဲပြုပြီး တပ်မွေးနေ့အဖြစ် သတ်မှတ်ကျင်းပနေခြင်းဖြစ်ပါတယ်။

    လက်ရှိမှာ မန္တလေး PDFဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ “အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

    တပ်မကွပ်ကဲရေးမှူး ရဲဘော်ကိုနေ “ငါးနှစ်ပြည့်တပ်မွေးနေ့မှာ တပ်ထဲက ရဲဘော်တွေသာ မကဘဲ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အခြားသော တော်လှန်ရေးရဲဘော်ရဲဘက် ညီအကိုတွေကိုလည်း ကျနော့်အနေနဲ့ မှာကြားလိုတာရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ရဲ့ ခြေလှမ်းတိုင်း ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တိုင်းဟာ ပြည်သူလူထုရဲ့ မျှော်မှန်းချက် မျှော်လင့်ချက်တွေဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ တော်လှန်ရေးကာလအတွင်းမှာ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဘယ်လောက်ပဲ ခက်ခဲခက်ခဲ တော်လှန်ရေးကနေ မရပ်နားဖို့နဲ့ တော်လှန်ရေးကို သစ္စာမဖောက်ဖို့ တော်လှန်ရေးကို ဆက်ပြီး ယုံယုံကြည်ကြည် ဆက်လှမ်းသွားဖို့အတွက် ကျနော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။

    လက်ရှိ တော်လှန်ရေး (၅)နှစ်တာအတွင်း အပြည့်အ၀ပူးပေါင်းလာပေးတဲ့ ပြည်သူလူထုကို ကျေးဇူးတင်ကြောင်းလည်း မန္တလေး PDFအထူးလှုပ်ရှားတပ်မ ကွပ်ကဲရေးမှူးက ပြောပါတယ်။

    တော်လှန်ရေးမှာ ကျဆုံးရဲဘော်တွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို ဂုဏ်ပြုကြောင်း တပ်မ ကွပ်ကဲရေးမှူးက ပြောကြားပြီး တော်လှန်ရေးခရီးကို အာလုံးစည်းလုံးညီညွတ်စွာ လက်တွဲဖော်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    တပ်မွေးနေ့ ရုပ်သံမှတ်တမ်းမှာ လူထုတွေက စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းနဲ့ နောက်ပိုင်းမှာ စစ်တပ်ကို လက်နက်စွဲကိုင်တိုက်ခိုက်ဖို့ မန္တလေး မြို့ပေါ် လူငယ်အချို့ဟာ ရှမ်းမြောက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထံ စစ်ပညာ သင်ယူခဲ့တဲ့ အခြေအနေကို အသိပေးထားပါတယ်။

    “နှစ်ခြောက်ဆယ်ကျော်သက်တမ်းရှိတဲ့ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့ တကယ်က လွယ်ကူမနေခဲ့ပါဘူး။ ERO တွေနဲ့ ယုံကြည်မှုကို တည်ဆောက်ရင်း ပင်ပန်းခက်ခဲတဲ့ စစ်သင်တန်းတွေကို ကြိုးစားသင်ယူပြီးတဲ့အချိန်မှာတော့ MDY -PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အဖြစ် စစ်အာဏာရှင်တွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ” လို့ တပ်မွေးနေ့ ရုပ်သံမှာ ပြောကြားထားတာ တွေ့ရပါတယ်။

    တပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် မဟာမိတ် EROတွေ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းကာ ဝါဆို စစ်ဆင်ရေး၊ သပြေညိုစစ်ဆင်ရေး၊ ၁၀၂၇ အပိုင်း(၁) စစ်ဆင်ရေးတွေမှာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း အသိပေးပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)မှာတော့ ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း နယ်တွေကို ဟန်ချက်ညီစွာ ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ MDY PDFက အသိပေးပါတယ်။

    ဒီလို အောင်ပွဲတွေရရှိခဲ့တာဟာ တပ်ဖွဲ့ဝင်ရဲဘော်တွေ ရဲ့ အသက်ပေါင်းများစွာ ရင်းနှီးခဲ့ရကြောင်း ဖော်ပြပါတယ်။စစ်ကောင်စီနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ရင်ဆိုင်ခဲ့ရပြီး ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်လို့ အသိပေးပါတယ်။

    အထူးလှုပ်ရှားတပ်မ စစ်ရေးအရာရှိ ရဲဘော်ဂစ်ဘွန်းကလည်း “ကျမတို့ရဲ့ ၅ နှစ်တာ တပ်မဟာဆိုရင် ပြည်သူလူထုရဲ့ လက်ခုပ်သံတွေကြားမှာလည်း ပျော်မွှေ့ခဲ့ရဖူးပါတယ်။ ပြည်သူလူထုရဲ့ ဝေဖန်တိုက်ခိုက်သံ အမျိုးမျိုးကိုလည်း သင်ယူပြီးမြောက်ခဲ့ရတဲ့ တပ်မတခုပေါ့။

    ဒီလို ဖြတ်သန်းခဲ့လာရတဲ့ ကာလအတွင်းမှာ မေ့ထားမရတာက ရှေ့တန်းက ရဲဘော်တွေဖြစ်ပြီး လက်ရှိအထိ တော်လှန်ရေးနဲ့အတူ ရှိနေတဲ့ ပြည်သူလူထုက အားအင်တရပ်ဖြစ်တယ်လို့ စစ်ရေးအရာရှိက ပြောပါတယ်။

    “ပြည်သူလူထု ရှိနေသေးသရွေ့ ကျမတို့ တော်လှန်ရေးဆက်ရှိနေပါမယ်” လို့ ရဲဘော် ဂစ်ဘွန်းက ပြောပါတယ်။

    (ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – MDY PDF)

  • လှိုင်သာယာမှာ ညအချိန် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြအဖွဲ့တွေတိုက်ခိုက်

    လှိုင်သာယာမှာ ညအချိန် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြအဖွဲ့တွေတိုက်ခိုက်

    ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    “ပြင်းအားမြင့်အဝေးထိန်းမိုင်း တစ်လုံး အသုံးပြုခဲ့ပါတယ်။ ကျနော်တို့ အဲ့ကင်းပတ်ကားကို မထိထိအောင် သေချာစောင့်ဆိုင်းပြီး အချိန်ကိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”လို့ စစ်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပြောပါတယ်။

    လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းကနေ စက်မှုဇုံအတွင်းကို ညစဉ် ကင်းပတ် ထွက်ပြီး ပေါ်တာဆွဲနေတဲ့စစ်ကောင်စီတပ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ မနေ့က (ဖေဖော်ဝါရီ ၂၄) ည ၁၁နာရီခွဲလောက်မှာ (၂၀)ရပ်ကွက်၊ ဆရာစံလမ်းမပေါ်က (၈၆) ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

    “အဲ့ကောင်တွေ သေချာပေါက်ထိနိုင်တယ်ဗျ။ အတိအကျတော့ ကျနော်တို့ စုံစမ်းနေဆဲပါဘဲ။” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    အဲဒီစစ်ဆင်ရေးကို Operation Flame နဲ့အတူ Underground Guerrilla၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ SRDF နဲ့ ရွှေဘိုခရိုင်အမှတ်(၁၅) တပ်ရင်းတို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၂၀၁၅ နဲ့ ၂၀၂၀ မှာ ပြည်သူလူထုကိုယ်တိုင်ရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရကိုပဲ အသိအမှတ်ပြုလက်ခံထားဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် တရားမဝင်အစိုးရကို လုံးဝအသိမှတ်ပြုသွားမှာမဟုတ်ပဲ ဆက်လက်ပုန်ကန် တော်လှန်သွားမယ်လို့ အသိပေးထားပါတယ်။

  • သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    ရာဇာနေဝင်း ဖုန်းကို အိမ်ကို လာနေကျသူကဘဲ ညအချိန်မတော် ပြူတင်းပေါက်ကနေ ယူသွားတာတဲ့👇

    635116273 26409949188686454 8121747731398299265 N

    လူရင်းတွေက ပိုကြောက်ဖို့ ကောင်းတယ်

    ပြန်မပေးရင်တော့ ရဲတိုင်မယ်တဲ့

    My I ph 17pro orange ကိုညကအဲပြူတင်းပေါက်ဖွင့်ပီးဝိုင်းထားတဲ့နေရာမာထားတာခိုးသွားတယ်

    628723685 26509289865419052 5089985778943527105 N

    wifi speakerကတော့မယူတော့ဘဲ(ထားတဲ့နေရာမဟုတ်)အဲ့နေရာပြန်ချသွားတယ်

    641055720 26509290048752367 8631479682153882313 N

    ခိုးတဲ့သူကmy home လာနေကြသူ

    သူဘယ်လိုခြံထဲဝင်ရမလဲph ဘယ်မာထားလဲသူသိတယ်

    I m home alone လဲသူသိတယ်

    သူမသိတာကအဲ့ph ကpassword မသိဘဲ

    သူံးမရတာရယ်

    gpsဖွင့်ပီးပြန်ရှာရင်ရတယ်ဆိုတာဘဲ

    အေးဆေးပြန်လာပေးရင်တော့no problem

    cctv တွေဖွင့်ကြည့်ပီးမမိရင်တော့ရဲကရှင်းလိမ့်မယ်

    I Ph ကapple I D မသိဘဲ ဘယ်သူမသူံးမရပါ

    ခိုးတုန်းကအသူံးပြုသွားသည့်တုတ်နှင့်ဖွင့်ခိုးသွားသည့်ပြူတင်းပေါက်

    641536009 26509740318707340 3005565810268368457 N

    642735035 26509740182040687 4291901429731966002 N

  • နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    ရွာသူရွာသား​တွေက ဘုန်းကြီးကိုပြန်လွှတ်​ပေးဖို အသနားခံစာပို့

    “ဘုန်းကြီး အသက်ကို အာမခံတယ်။ အကောင်းပတိ ရှိပြီး စစ်ဆေးစရာတွေ များကြီး ရှိတယ်။ ဥပဒေအထက်တော့ မည်သူမျှမရှိရပေ” – ပုလဲပကဖ

    စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

    ဖေ‌ဖော်ဝါရီလ ၁၈ရက်နေ့ ညနေမှာ စစ်ကောင်စီထံ ဗိုလ်နဂါးပူးပေါင်းသွားပြီးနောက်ပိုင်း ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    “၁၇ရက်နဲ့ ၁၈ရက်နေ့က နဂါးကို ပိတ်ဆို့ထားချိန်မှာ ဆရာတော်က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားတာ။နဂါးနဲ့ BNRA အဖွဲ့ပိုင် ပစ္စည်းတွေ၊ စာရင်းတွေကလည်း ဆရာတော်ဆီမှာ ရှိနေတာဖြစ်တယ်”လို့ပြောပါတယ်။

    ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ၁၈ ရက်နေ့မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်ကရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့ပါတယ်။

    ဗိုလ်နဂါးရှိနိုင်တဲ့ နေရာအချို့ကို PDFနဲ့ ပကဖတပ်တွေက ပိတ်ဆို့ထားချိန်မှာဆရာတော် ဦးအရိယာဝံသကအကာအကွယ်ပေးပြီး ဘယ်သူမှမသိအောင် ခေါ်ထုတ်သွားတာလို့ဒေသခံတဦးကပြောပါတယ်။

    ဆရာတော်ဦးအရိယာဝံသဟာ သက်တော် ၄၅ နှစ်အရွယ်ရှိပါပြီ။၂၀၂၁နောက်ပိုင်း စစ်အာဏာသိမ်းမှုတော်လှန်ဆန့်ကျင်ရေးမှာ ပါပေမယ့် နောက်ပိုင်းမှာ ဗိုလ်နဂါးနဲ့ ဆရာဒကာဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးဘက်ကို မပါတော့ဘူးလို့ ပုလဲမြို့ခံတဦးကပြောပါတယ်။

    “အဲ့ဒီဘုန်းကြီးက နဂါးနဲ့ရင်းနှီးတဲ့အဆက်အသွယ်ရှိတာလည်းမှန်ပါတယ်။ နဂါးသွားပြီးနောက် ဒေသတွင်းအခြေအနေတွေပိုဆိုးမလာအောင် ပကဖက ဘုန်းကြီးကိုထိန်းသိမ်းစစ်ဆေးနေတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဒီဘုန်းကြီးကိုဒေသတွင်းကိုးကွယ်နေကြတဲ့ ဒကာ၊ဒကာမတွေလည်းရှိတော့ ထိန်းသိမ်းထားတဲ့ပေါ်မှာစိုးရိမ်နေကြတာမျိုးပေါ့။ နဂါးအလင်းဝင်ပြီး စကစဘက်ကလေကြောင်းရော စစ်ကြောင်းရောလာတော့ တော်လှန်ရေးအဖွဲ့တွေကလည်း မဖြစ်သင့်တာမဖြစ်အောင်ပတ်သက်စပ်ဆက်သူတွေကို ထိန်းသိမ်းစစ်ဆေးနေတာ”လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၁၈ရက်က ဆရာတော်ဦးအရိယာဝံသနဲ့အတူ သီတင်းကံကြီးရွာသားဦးထွန်းလင်းကိုပါ ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ထိန်းသိမ်းခဲ့တာပါ။ဦးထွန်းလင်းကိုတော့ ဖေဖော်ဝါရီလ ၁၉ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဆရာတော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

    ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကံကြီးရွာရပ်ရွာ​ဒေသခံ​တွေက ​ဖေ​ဖော်ဝါရီ ၂၁ ရက် ရက်စွဲနဲ့ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)ဆီစာပို့တောင်းဆိုထားတာလည်းရှိပါတယ်။ဆရာ​တော်ကိုဖမ်းသွားပြီးပြန်မလွတ်​ပေး​သေးလို့ဒါကာ ၊ဒါယိကာမ​တွေက ​ပူ​ဆွေး​သောက​ရောက်​နေတယ်လို့​ဖော်​ပြထားပါတယ်။ယခုဖြစ်စဥ်မှာအပြစ်ရှိရင်​တောင် ​နောက်​နောင် အခုလိုအပြစ်ထပ်မံမကျူးလွန်​စေရဟုအာမခံပြီး ထပ်မံကျူးလွန်ရင်ကြိုက်နှစ်သက်သလို စီမံ​ဆောင်ရွက်ပါဟုရွာသား​တွေ​ရေးသားထားတဲ့စာမှာ​ဖော်ပြထားပါတယ်။

    ဆရာတော်ကို လိုအပ်တာ မေးမြန်းနေခြင်းသာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ဟုတ်ပါတယ်အဓိကကတော့ နဂါးကိုကယ်ထုတ်သွားတယ်လို့ သတင်းရလို့ပါတဲ့။ အဲ့ဆရာတော်က နဂါးနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ ပစ္စည်းတွေ လက်နက်တွေ သူ့ဆီမှာအပ်ထားတယ်လို့လည်း သတင်းရလို့ခဏထိန်းထားတာပါ”

    ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချပြီးတဲ့နောက်ပိုင်းပုလဲမြို့ထဲကို အင်အားဖြည့်ထားတဲ့ စစ်တပ်တွေထဲက အင်အား ၄၀၀ ခန့်ဟာရွာအချို့ကို စစ်ကြောင်းထိုးနေပါတယ်။ လက်ရှိအချိန်အထိ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိသေးပါဘူး။

    ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့ BNRA တပ်ရင်းမှူးအချို့လည်း စစ်တပ်ထံလက်နက်ချသွားတာမို့ ပုလဲမြို့နယ်အတွင်း လုံခြုံရေးနဲ့ စစ်ရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

  • လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    အကြမ်းဖက်စစ်တပ်က လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော် ၏ တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုသည်။

    ယမန်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နောင်၀ိုးတပ်နယ်တွေ့ဆုံပွဲတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

    လာမည့် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်း ပရန်နှင့် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်း အဝေးများကျင်းပရန် ခေါ်ယူထားကြောင်း၊ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။

    စစ်တပ်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အကြမ်းဖက် စိုးဝင်းက ဆက်လက်ပြောဆိုသည်။

    စစ်တပ်က ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်းအကြမ်းဖက် စိုးဝင်းက ဆိုသည်။

    သို့ရာတွင် စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၈ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီတစ်ခုတည်းဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း စစ်တပ်က ပြည်သူ့လွှတ်တော်အမတ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အမတ် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရရှိနေခြင်းဖြစ်သည်။

    လက်ရှိ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်အတွက် သမ္မတ တင်မြှောက်ရမည်ဖြစ်ပြီး ကနဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတ ၁ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး စုစုပေါင်း ဒုတိယသမ္မတ ၃ ဦးကို ရွေးချယ်ရမည်ဖြစ် သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့ ၃ ခုက ရွေးချယ်လိုက်သော ဒုတိယသမ္မတ ၃ ဦးအနက်မှ သမ္မတ ၁ ဦးကို ရွေးချယ်ရမည်ဖြစ်သည်။