Category: News

  • ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့

    ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့

    ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့…(မိတ်ဆွေတို့သတိထားနိုင်ဖို့ပါ)

    ဘိုကလေးဈေးရှေ့ကားခဏရပ်ပြီး မိတ်ဆွေတယောက်ကိုခဏစောင့်နေတုန်း ပုံပါအမျိုးသမီး

    ကြောင်တောင်တောင်ပုံဖမ်းပြီး ကားနောက်ခန်းတံခါးလာဆွဲဖွင့်တယ်၊ ဖွင့်မရ။

    ကျွန်တော်ကမှန်ချပြီး ဘာလုပ်တာလဲ ဘာညာနဲ့ခပ်ငေါက်ငေါက်ပြောလိုက်တော့ ကြောင်တောင်တောင်စကားတွေပြောပြီး ပုံထဲကအတိုင်း သစ်ပင်အောက်သွားထိုင်တယ်။

    ဘာလုပ်မလဲဆက်ကြည့်နေတာ ခဏနေတော့နောက်ရပ်ထားတဲ့ကားဆီသွားပြီးတံခါးထပ်သွားဖွင့်တယ်။

    ကျွန်တော်ဓါတ်ပုံလှမ်းရိုက်လိုက်တယ်။

    နောက်ကားမှာကအမျိုးသမီးတဦးတည်းရယ်။

    အော်သံကျယ်ကြီးကြားရတယ်။

    ကျွန်တော်လည်းလိုအပ်ရင်ကူညီဖို့ကားစက်ရပ်ပြီးဆင်းလိုက်တယ်၊

    ပတ်ဝန်းကျင်ကပါဝိုင်းကြည့်နေတော့ ကားပေါ်ကပြန်ဆင်းလာပြီး ခုနသစ်ပင်အောက်ပြန်ထိုင်တယ်။

    ကျွန်တော်ကားပေါ်ပြန်တက်တော့ လိုက်တက်တယ်။

    အော်ပြီးဆွဲချလိုက်ရတယ်၊

    အဲ့တော့မှ သူ့အဖော်လို့ယူဆရတဲ့ အမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးက ဘေးကနေပြီး မလုပ်ပါနဲ့ဗိုက်ဆာလို့ဖြစ်မှာပါတဲ့၊

    ကျွန်တော်လည်းစိတ်တိုတိုနဲ့ ဗိုက်ဆာမှန်းသိရင်ခင်ဗျားတို့ခေါ်သွားပြီးကျွေးလိုက် ဆိုတော့ ငတိက ဘုကြည့်ကြည့်တော့ ကားထဲကဝါးခြမ်းဆွဲပြီး မိုက်စကားပြောရရော၊

    ငတိမတွေကလည်းရန်တွေ့သေးဗျာ

    ကျွန်တော်လည်းစကားတခွန်းမှပြန်မပြောဘဲ ငတိကို ခုန်ကန်လိုက်ပြီးပြန်အကျမှာ ဝါးခြမ်းနဲ့ ခပ်စပ်စပ်လေးတွယ်လိုက်ပြီး တက်နင်းထားလိုက်ရော

    ခုနက သာလိကာမတွေက ဈေးထဲဝင်ပြေးရောဗျာ။

    ငတိကအဲ့တော့မှ ငိုမဲ့မဲ့နဲ့ သူနဲ့မဆိုင်ပါဘူးဆိုပြီး drama တွေခင်းပါရော။

    ဆိုက်ကားသမား၂ယောက်ကပါ ဆွမ်းကြီးဝိုင်းလောင်းဖို့လာရော

    အဲ့နားက ခုနကမဆိုင်သလိုနေတဲ့ လူကြီးလူကောင်းများက သနားပါတယ်

    မှားမယ်နော်တွေလုပ်ကုန်ပြီး ခွင့်လွှတ်ပါတွေဘာညာနဲ့ ကိုယ်တွေကပဲ ခင်မိုမို့အေး၊

    အေး အေး ခင်ဗျားတို့အိမ်ထဲဝင်လာမှ ခွင့်လွှတ်လိုက်ဆိုတော့ကိုယ့်တောင် သူတို့ကမကြည်ကြည့်နဲ့။

    ဇာတ်လမ်းကမုဆိုးမလေးဂင်္ဂါ ဖြစ်သွားနိုင်တာနဲ့ ကျွန်တော်လည်း ထွက်လာခဲ့လိုက်တော့တယ်။

    မိတ်ဆွေတို့သတိထားနိုင်ဖို့ပါ။

    မူရင်းပို့စ် – Kyaw Zin Win

  • အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်

    အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်

    အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ပြင်ဦးလွင်ခရိုင် တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

    သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) ၊ အဲဒီနောက်မှာတော့ လဝက အက်ဥပဒေ ၁၃ (က) ပုဒ်မတွေနဲ့ ထပ်တိုး အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    “၅၀၅ နဲ့ ၁၃ (က) က နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဖြေလျော့ပေးလိုက်တာ။ ပုဒ်မ ၆၆ ကိုလည်း ကာယကံရှင်က ‌ကျေအေးပေးတယ်။ ဒါပေမယ့် အဲဒီလို ကျေအေးပေးရင်တောင်မှ အမှုပေါ်လွင်ရင် အမိန့်ချတာပဲ။ ပြစ်ဒဏ်ကျခံပြီး လွတ်လာရင်တော့ ပြည်နှင်ဒဏ် ပေးခံရမှာပါ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

    သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ကို စတင်အမှုဖွင့် တိုင်ကြားခဲ့သူဟာ ဒေါ်အေသင်ကို ဖြစ်တယ်လို့ သိရပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့် သမီးဆိုး (ခ) သက်ကိုကို ကို စတင်ဖမ်းစီးစဉ်က ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ရဲစခန်းမှာ ကနဦး ထိန်းသိမ်းခဲ့တာ ဖြစ်ပေမယ့် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တဲ့အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့၊ ညပိုင်းမှာပဲ ပြင်ဦးလွင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ (က) ထပ်တိုး အမှုဖွင့်ခံရတာဟာ Follower တသိန်းလောက်ရှိတဲ့ သူမရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Shwe Thet အကောင့်နဲ့ ပြည်ပနိုင်ငံမှာ အလှကုန်ပစ္စည်းတွေ Live လွှင့် ရောင်းချရင်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဝေဖန် ပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

    ဒါနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့ထုတ်၊ နိုင်ငံပိုင် သတင်းစာတွေမှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့တဲ့ “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၆) ရပ်ကွက်နေ သက်ကိုကို (ခ) သမီးဆိုး (၄၅) နှစ်ကို ပြင်ဦးလွင် မြို့မရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။

    ဒါအပြင် ‌သူမဟာ အမေရိကန်နိုင်ငံသူအဖြစ် ခံယူထားသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူမတည်းခိုရာ နေရာတချို့မှာ နိုင်ငံခြားသားတွေအတွက် Form-C တိုင်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပျက်ကွက်ခဲ့တဲ့အတွက် လ.ဝ.က အက်ဥပဒေ ပုဒ်မ ၁၃ (က) နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    Photo – Shwe Thet (FB)

  • ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ​ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား

    ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ​ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား

    ထိုင်နိုင်ငံ Songkhla ပြည်နယ် Hat Yai ရှိ ကျောင်းတစ်ကျောင်းကို ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ​ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား

    ထိုင်နိုင်ငံ Songkhla ပြည်နယ် Hat Yai ရှိ Patong Than Khiri Wat School ကို အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ​ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းအုပ်ကြီးကို ​ေ-သနတ်နှင့် ပ-စ်ခ-တ်ကာ ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထားတယ်လို့သိရပါတယ်။

    သတင်းတွေအရ ဖေဖော်ဝါရီလ ၁၁ ရက်.၂၀၂၆ ခုနှစ် ယနေ့ဖြစ်ပွားနေတာဖြစ်ပြီး သံသယရှိသူဟာ ရဲဝန်ထမ်းတစ်ဦးရဲ့ သေ_န_တ်ကို ခိုးယူကာ ဆိုင်ကယ်နဲ့ ကျောင်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်၊ ဂိတ်ပေါက်ဝက လုံခြုံရေးဝန်ထမ်းကို ပ-စ်ခ-တ်ဖို့ ကြိုးစားခဲ့ပေမယ့် ​ေ-သနတ် ကျည်ထောင့်နေခဲ့တာကြောင့် လုံခြုံရေးဝန်ထမ်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

    အဲဒီနောက် သေ_န_တ်သမားက ကျောင်းထဲကို ဝင်ရောက်စီးနင်းပြီး ကလေးတွေကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးကာ ကျောင်းအုပ်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်၊ ကျောင်းအုပ်ကြီးကို ​ေ-သနတ်နဲ့ ၂ ချက် ပ-စ်ခ-တ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ကျောင်းသား ၃၀၀ ကျော်ကို ဆက်လက် ဖ-မ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ကျောင်းဝင်းကို ဝိုင်းရံထားပြီး ဒဏ်ရာရရှိသူ ကျောင်းအုပ်ကြီးကို ကယ်ထုတ်ကာ ဆေးရုံပို့ဆောင်ပေးထားပါတယ်၊ ဒါပေမဲ့ သေ_န_တ်သမားက ဓ-ားစာခံတွေကို ပြန်လွှတ်ပေးဖို့ ငြင်းဆန်နေပြီး ရံဖန်ရံခါ ​ေ-သနတ်ပစ်ဖောက်နေတာကြောင့် တာဝန်ရှိသူတွေက အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

    Ref : Khaosod

  • ပေါက်မှာ စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲမှု ပြည်သူ ငါးဦးသာ အလောင်းပြန်ရ

    ပေါက်မှာ စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲမှု ပြည်သူ ငါးဦးသာ အလောင်းပြန်ရ

    ကုန်စုံဆိုင်ပေါ် ပေါင် ၅၀၀ ဗုံး ကြဲချခံရပြီး စျေးဆိုင်နဲ့ စျေးဝယ်နေသူတွေ တစစီ လွင့်စင် ပျောက်ကွယ်

    ထပ်မံ ဗုံးကြဲမှာ စိုးရိမ်ကြောက်ရွံ့လို့ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို မနေ့က မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စု‌က ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲချခဲ့ရာ ပြည်သူ ငါးဦးရဲ့ အလောင်းသာ ရှာတွေ့ပြီး အလောင်းရှာမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် ၁၀ကြိမ်ခန့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    စစ်အုပ်စု ကြဲချတဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးဟာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ တိုက်တစ်လုံးပေါ် တည့်တည့်ကျပြီး အဲ့ဒီ စျေးဆိုင်နဲ့ စျေးဝယ်နေသူတွေ တစစီ လွင့်စင်သွားကာ စျေးဆိုင်အနီးရှိ နေအိမ်တွေပါ ထိမှန်ကာ ပြည်သူတွေ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဆိုင်ကို ဈေးဝယ်နေတာတွေ ရှိမယ်၊ ဆိုင်က ဝန်ထမ်းရှိမယ်၊ ဘေးက နှစ်အိမ်က ပြည်သူ ရှိမယ်၊ ဘေးနှစ်အိမ်က ညီအမ နှစ်ယောက်ကတော့ ဆုံးတယ်ပေါ့၊ တစ်ယောက်ကတော့ Dead Body တွေ့တယ် ပေါ့ဗျာ၊ နောက်တစ်ယောက်ကတော့ ဆေးခန်းသွားနေရင်း သေတာပေါ့၊ ကျန်တဲ့ သုံးယောက် ကတော့ ဆိုင်ထဲမှာ ရှာတာကတော့ Dead Body ဘာညာ မတွေ့ဘူးဗျ။ ဘယ်လို သတ်မှတ်ရလဲ ဆိုတော့ ကြဲသွားတာက တိုက်ကြီးကို လုံးလုံး ပျောက်သွားတာပေါ့ဗျာ။ ဘာမှ မရှိတော့ ဘယ်နှစ်ယောက် ရှိတယ် ခန့်မှန်းလို့ မ‌ရဘူးဗျ၊ အခုထက်ထိအောင် အတည် မပြုနိုင်သေးဘူး၊ မီးငြိမ်းဖို့‌လုပ်တော့ ဦးခေါင်း အရေခွံတွေ ပြတ်ထွက်နေတာတွေတော့ တွေ့တာပေါ့”

    ဗုံးကြဲခံရတဲ့ စျေးဆိုင်ဟာ ဆိုင်ကယ်အပိုပစ္စည်းနဲ့ ကုန်မျိုးစုံရောင်းတဲ့ ဆိုင်ဖြစ်ပြီး ဗုံးထိပြီးနောက် ဆိုင်ပြိုကျ၊ လွင့်စင်ကုန်သလို မီးပါလောင်တာကြောင့် ဈေးဆိုင်ထဲမှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ဈေးဝယ်သူတွေ အလောင်း ရှာမရဘဲ ခန္တာကိုယ် အပိုင်းအစတွေကိုပဲ ရှာဖွေတွေ့ရှိတယ်လို့ ဆိုပါတယ်။

    ဗုံးဒဏ်ကြောင့် အဲ့ဒီ စျေးဆိုင် အပါအဝင် စျေးဆိုင်အနီးရှိ နေအိမ်နှစ်လုံးလည်း ပျက်စီးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာ ဗုံးဒဏ်ကြောင့် နေအိမ် သုံးလုံး ပျက်စီး၊ အသက် ၁၆နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၀ ကျော်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး၊ အသက် ၁၉နှစ်အရွယ် လူငယ်နှစ်ဦး၊ စုစုပေါင်း ငါးဦး သေဆုံးကာ အမျိုးသမီး သုံးဦးနဲ့ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုက ထပ်မံ လာရောက်ကာ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်လို့ ချက်ကန်ကျေးရွာက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ချက်ကန်ကျေးရွာဟာ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီး ဖြစ်ပါတယ်။

    ချက်ကန်ရွာမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လာရောက် ဗုံးကြဲတာဖြစ်ပြီး ဒီဒုတ်ကွင်း ပျူစောထီးရွာနဲ့ ချက်ကန်ရွာဟာ ရွာနီးချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ပေါက်မြို့နယ် အပါအဝင် မကွေးတိုင်းထဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲနေပြီး ဖေဖေါ်ဝါရီ ၉ရက်ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ညောင်အုပ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့ပါသေးတယ်။

    ၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ထိခိုက် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၁၈၈ ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။

    ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ချက်ကန်ကျေးရွာကို ဖေဖေါ်ဝါရီ ၁၀ရက် မနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်/Photo – ပေးပို့

  • မီတာခ စျေး တက်မယ့် အိမ်တွေ….

    မီတာခ စျေး တက်မယ့် အိမ်တွေ….

    ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ ကွန်ဒို၊ ကုန်တိုက်နှင့် ဟိုတယ်လုပ်ငန်းများကို LNG ဓာတ်အားမှတစ်ဆင့် ၂၄ နာရီ လျှပ်စစ်မီးပေးဝေသွားမည့် စနစ်သစ်တစ်ခုကို ဖော်ဆောင်လျက်ရှိရာ ယင်းအတွက် မီတာခကို တစ်ယူနစ် ၉၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်။

    ယင်းနှုန်းထားသစ်နှင့် ပတ်သက်၍ ကွန်ဒိုများဘက်မှလည်း ယခု ဖေဖော်ဝါရီလမှစတင်ကာ နေထိုင်သူများကို အသိပေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

    နှုန်းထားကွာဟချက်များ ယခင်က စက်မှုဇုန် မီတာခများသည် အသုံးပြုမှုပမာဏအပေါ်မူတည်၍ တစ်ယူနစ်လျှင် ၂၅၀ ကျပ်မှ ၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခု LNG ဓာတ်အားစနစ်တွင်မူ ပမာဏကန့်သတ်ချက်မရှိ တစ်ယူနစ် ၉၀၀ ကျပ် တပြေးညီ ကောက်ခံမည်ဖြစ်သောကြောင့် ယခင်ဈေးနှုန်းထက် များစွာမြင့်တက်လာမည် ဖြစ်သည်။

    သို့သော် ကွန်ဒို၊ ဟိုတယ်နှင့် ကုန်တိုက်များအနေဖြင့် လက်ရှိတွင် အစိုးရမီး (တစ်ယူနစ် ၅၀၀ ကျပ်ဝန်းကျင်) ပြတ်တောက်ချိန်၌ မီးစက်မောင်းနှင်ရသဖြင့် တစ်ယူနစ် ၁၅၀၀ မှ ၂၂၀၀ ကျပ်အထိ ကုန်ကျစရိတ်ရှိနေရာမှ ယခု LNG စနစ်ဖြင့် ၂၄ နာရီမီးရရှိပါက စရိတ်စက ပိုမိုသက်သာသွားနိုင်သည်ဟုလည်း ခန့်မှန်းသုံးသပ်မှုများ ရှိနေသည်။

    သာမန်အိမ်သုံးမီတာများ တက်မည်လား?

    ယခုပြောင်းလဲမည့် နှုန်းထားများသည် LNG ဓာတ်အားရယူမည့် လုပ်ငန်းများနှင့် အဆောက်အအုံများအတွက်သာဖြစ်ပြီး ရိုးရိုးအိမ်သုံးမီတာခ ဈေးနှုန်းများကိုမူ ပြောင်းလဲကောက်ခံမည် မဟုတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေး ကြေညာထားပါသည်။