Category: News

  • လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်

    လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်

    စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းအထိ စျေးတင်ရောင်း

    အကြမ်းဖက်စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်း မဖြစ်မနေ နိုင်ငံတော်အလံများ စိုက်ထူရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်း အထိ စျေးတင်ရောင်းချနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း မကွေးနှင့် ရန်ကုန်မှ ပြည်သူများက ပြောဆိုသည်။

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလ ၄ ရက်နေ့ လွတ် လပ်ရေးနေ့ နေအိမ်တိုင်း အလံစိုက်ထူရမည်ဟုဆိုကာ အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းဖြင့် ရောင်းချပြီး ပြင်ပမှ အလံများကို ဝယ်ယူခွင့်မပြုကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    အလားတူ မကွေးမြို့၊ အောင်မေတ္တာ (ခ) ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် သိန်းထိုက်က နေအိမ်တိုင်း လွတလပ်ရေးအထိမ်းအမှတ် အလံစိုက်ထူရမည်ဖြစ်ပြီး အလံမလွှင့်သော နေအိမ်များကို နိုင်ငံ တော် အလံဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ အလံစိုက်ထူရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် အလံများ လာရောက်ဝယ်ယူကြရန် အသံချဲ့စက်ဖြင့် ခြိမ်းခြောက် ခေါ်ယူနေကြောင်း သိရှိရသည်။

    “အလံတွေကို အသေးကစပြီး အကြီးအထိ ၂​ သောင်းခွဲကနေ စတယ်။ ၂ သောင်း ၇ ထောင်၊ ၂ သောင်း ၉ ထောင်က တော့ ဆိုက်ကြီးပေါ့။ အပြင်က မဝယ်ရဘူး။ ရပ်ကွက်ရုံးက အလံပဲ ဝယ်ရမယ်ဆိုပြီးလုပ်တယ်။ ပြည်သူတွေမှာ စားဝတ်နေရေးကျပ်တည်းရတဲ့အထဲ နေအိမ်မှာ အလံမလွှင့်မနေရဆိုပြီး ခြိမ်းခြောက်ခံနေရတယ်” ဟု အောင်မေတ္တာ (ခ) ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    ယင်းအပြင် စစ်ကိုင်းမြို့ပေါ်တွင်လည်း နေအိမ်တိုင်း လွတ်လပ်ရေးနေ့ အလံစိုက်ထူရန် သိရှိကြောင်း လက် မှတ်ထိုးခိုင်းပြီး အလံတစ်ခုလျှင် ငွေကျပ် ၁၉၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်အထိ အမြင့်ဆုံးစျေးဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရောင်းချနေကြောင်း သိရှိရသည်။

    ထို့အတူ မန္တလေးမြို့ပေါ်တွင်လည်း လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံမလွှင့်ထူသော နေအိမ်ကို ဒဏ်ငွေ ၁ သိန်း အထိ ဒဏ်ရိုက်မည်ဟုဆိုကာ ခြိမ်းခြောက်နေသဖြင့် ရပ်ကွက်ရုံးများက စျေးတင်ရောင်းချနေသော အလံများကို အလုအယက် ဝယ်ယူနေရကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

  • Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်

    Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်

    အင်းစိန်မှာ Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်၊ လူ တစ်ဦးသေဆုံး

    ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို အိမ်စီးကားကနောက်ကဝင်တိုက်ခဲ့တာကြောင့် ကားပေါ် ပါလာသူ တစ်ဦးသေဆုံးခဲ့တယ်လို့ ‌တွဲလက်လူမှူကူညီရေးအဖွဲ့ က အသိပေးထားပါတယ်။

    ဒီနေ့ (ဇန်နဝါရီ ၃) မနက် ၃ နာရီလောက်မှာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ကြို့ကုန်းမှတ်တိုင် မှာ Gas တန်းစီနေတဲ့ YBS-83 ယာဉ်ကို အိမ်စီးကားတစ်စီးက ‌နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ တွဲလက်လူမှူကူညီရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။

    အဲဒီဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှာလိုက်ပါလာသူ ငါးဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူက ကားထဲမှာညပ်နေတာကြောင့် အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပေးခဲ့ပြီး တွဲလက်ကူညီရေးအဖွဲ့လူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပိုပေးခဲ့တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။

    ဒါကြောင့် ၂၀၂၆ နှစ်ဆန်းမှာ သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိလာတာဖြစ်ပါတယ်။

    (အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို တိုက်ခံရမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)

  • မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်

    မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်

    မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က စတင်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီးကို လက်နက်ကြီးကျည် ၃ ကြိမ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း အရှေ့ပိုင်း ဆေးရုံအနီး တပ်စွဲထားသော စစ်သားများ ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း လက်နက်ကြီးကျည်များသည် အေးမြဖြူ စက်ချုပ်ဆိုင် အနီးတွင်လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။

    “ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်း ဆေးရုံအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေရှိတဲ့ နေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးတော့ စစ်ခွေး ၅ ကောင် သေတယ်လို့ သိရတယ်။ ပထမ အလုံးကတော့ အေးမြဖြူ စက်ချုပ်ဆိုင် အနီးကိုကျတယ်။ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတော့ ထိခိုက်တာတွေတော့မရှိဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) က ဒီဇင်ဘာလ ပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

  • ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထား

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထား

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်ကြေညာ

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။

    ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဗင်နီဇွဲလားခေါင်းဆောင် သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတက ကြေ ညာ သည်။

    မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားသမ္မတ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက် ကွဲမှုများစွာ ထွက်ပေါ်ခဲ့ကာ အမေရိကန်က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများစွာ ထွက်ပေါ်ခဲ့ကာ အမေရိကန်က ဗင်နီဇွဲလား၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဆို သည်။

  • အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီး

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီး

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ဖြစ်နေ

    အမေရိကန်က တိုက်ခိုက်မှုကို အတည်ပြု

    မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်က တိုက် ခိုက်မှုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

    ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများ၊ ထိတ်လန့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး လူနာတင်ကားသံများလည်း ဆက်တိုက် သွားလာနေကြောင်း၊ အမေရိကန် လေ ယာဉ်ဟု ယူဆရသည့် လေယာဉ်များလည်း အနိမ့်ပျံသန်းနေကြောင်း ၊ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို ထိမှန်ခဲ့သည့် ပေါက် ကွဲမှုများ၏ ဗီဒီယိုမှတ်တမ်းများတွင် အော်ဟစ်သံများနှင့် မီးခိုးများ၊ မီးများ လောင် ကျွမ်း ထွက်ပေါ်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

    ဗင်နီဇွဲလားနိုင်ငံက လုပ်ဆောင်နေသော မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မကြာသေးမီက သတိပေးထားပြီးနောက် အမေရိကန်နှင့် ဗင်နီဇွဲလားတို့အကြား တင်းမာမှုများ ရှိနေစဉ်အတွင်း ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    လက်ရှိဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့တွင် ပေါက်ကွဲသံများနှင့် လေယာဉ်များ နိမ့်နိမ့်ပျံသန်းသံများ ကြားရပြီးနောက် La Carlota လေဆိပ်တွင် မီးခိုးလုံးကြီးများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

    AFP သတင်းထောက်၏ ပြောကြားချက်အရ စနေနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လေယာဉ်များ ပျံသန်းသံနှင့်တူသော အသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။

    လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်တွင်လည်း ဗင်နီဇွဲလားမြို့တော်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် ဗီဒီယိုရုပ်သံမှတ်တမ်းများစွာ ထွက်ပေါ်လျက်ရှိသည်။

    အမေရိကန်အစိုးရအရာရှိတစ်ဦးကမူ တိုက်ခိုက်မှုကို အတည်ပြုလိုက်ကြောင်း CBS News သတင်းတွင် ဖော်ပြထားသည်။

    ဗင်နီဇွဲလားနိုင်ငံက အမေရိကန်၏ စစ်ရေးကျူးကျော်မှုကို ရှုတ်ချကာ ဗင်နီဇွဲလား အစိုးရက နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ကြောင်း သိရှိရသည်။