Category: News
-

မြင်းခြံတွင် မြေကွက်ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ
မြင်းခြံတွင် မြေကွက်ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရဟုဆို မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မြေကွက် ရောင်းဝယ်ရာ၌ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ကို ကျပ်သိန်းထောင်ချီ၍ ဆက်ကြေးပုံစံ ပေးနေရကြောင်းသိရသည်။ မြို့ပေါ်ရပ်ကွက် အမှတ် (၂၀)၊အမှတ်(၁၆)၊ အမှတ်(၁၄)နှင့် ကျေးရွာအနီးရှိ ရတီကွင်းတို့မှ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေများကို အကွက်ရိုက်ရောင်းလျှင် တကြိမ်ကို သိန်း ၅၀၀ မှ သိန်း၂,၀၀၀ အထိ အမြဲပေးနေရကြောင်း မြေကွက်ပိုင်ရှင်တဦးက ပြောသည်။ “ကွက်စိပ်ကို တခါရိုက်ရင် သိန်းထောင်ချီပေးရတယ်။ ကျွန်တော့ လက်တွေ့ပေးရတာပဲ။ ဂရန်ရော ဘိုးဘွားပိုင်ရော လုပ်သမျှ အကုန်တောင်းတာ။ မြေသမား၊ အရောင်းသမားတွေ အကုန်ပေးနေရတာ။ အကွက်ရိုက်ရင် အဓိကပေးရတာ ၁,၀၀၀ ပေးရင်ရိုက်ပေါ့။ သူ့ကိုမပြောဘဲရိုက်ရင် ၃,၀၀၀ အထိတောင်းရင် တောင်းတာ”ဟု ၎င်းက ပြော သည်။…
-

ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်
ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ပြောကြားသည်။ စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short…
-

မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့
မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။ စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။ မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။ အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ…
-

စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး
စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး စစ်အုပ်စုက နာရေးကို အကျဥ်းချုပ်လုပ်ခိုင်းပြီး စကခမှူးကို စုံခုံဖွဲ့စစ်ဆေး အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့်သည် မြိတ်-ထားဝယ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး နာရေးကို စစ်ကောင်စီက အကျဉ်းချုပ်ပြုလုပ်ခဲ့သည်။ ဗိုလ်မှူးချုပ် မျိုးသန့် လိုက်ပါ လာသော ယာဉ်တန်းသည် ပြီးခဲ့သည်ဩဂုတ်လ ၂၅ ရက်က ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ထောင်ယွန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ “ထုံးစံအတိုင်းပဲ။ တိုက်ပွဲကျပြီးမှူးချုပ်(ဗိုလ်မှူးချုပ်) ရာထူးတိုးပေးလိုက်တယ်။ နာရေးကို သတင်းမထွက်စေရလို့ညွှန်ကြားချက်ရှိတယ်။ သူပေါ့လျော့လို့ ဖြစ်တာ။ အခုကစခကမှူးလည်းစုံခုံစစ်ခံနေရတယ်” ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။ ဗိုလ်မှူးချုပ် မျိုးသန့်သည် မသေဆုံးမီက ဗိုလ်မှူးကြီးရာထူးဖြစ်သည်။ သေဆုံးပြီးနောက် ဗိုလ်မှူးချုပ်ရာထူးတိုးပေးခြင်းဟုသိရသည်။ နာရေးကို ဩဂုတ်လ ၂၇ရက်က ပြုလုပ်ခဲ့သည်ဟု…
-
ငဖဲမြို့နယ်အတွင်းတိုက်ပွဲတွင် AA တပ်ဖွဲ့များကို စစ်ကော်မရှင်တပ်က ယှဉ်မတိုက်နိုင်၍ တပ်လန်ကာထွက်ပြေး
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အပြင် တပ်ဆုတ်ပြေးရမှုများရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၇၄ နှင့် အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ (ဆလအခွဲ-၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီ (၂၁) မိနစ်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးတွင် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက်…