Category: News

  • ၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်

    ၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်

    “၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်”

    စက်သုံးဆီဝယ်ဖို့ မနက် ၂ နာရီခွဲကတည်းက တန်းစီခဲ့ရတဲ့ မွန်ပြည်နယ် ချောင်းဆုံက Taxi သမားတစ်ဦး အပူရှပ်ပြီး သေဆုံးသွားခဲ့ရတဲ့သတင်းဟာ တကယ့်ကို စိတ်မကောင်းစရာပါ။

    တစ်နေ့တာ ဝမ်းရေးအတွက် ပူပြင်းတဲ့ရာသီဥတုအောက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ပြည်သူတွေရဲ့ဘဝဟာ တကယ့်ကို ရုန်းကန်နေရပါတယ်။

    ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ဖိုးပဲ ကန့်သတ်ရောင်းချပေးနေတာကြောင့် ဆီဆိုင်ကို အခေါက်ခေါက်အခါခါ ပြန်လာတန်းစီနေရတဲ့ ဒုက္ခတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာလဲ?

    ကွယ်လွန်သူအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။

  • တရုတ်တွင် ခွေးသားကုန်သည်များလက်မှ ထွက်ပြေးလွတ်မြောက်လာသည့် ခွေး ၇ ကောင် ၁၇ ကီလိုမီတာခရီး နှင်၍ အိမ်ပြန်ရောက်ရှိ

    တရုတ်တွင် ခွေးသားကုန်သည်များလက်မှ ထွက်ပြေးလွတ်မြောက်လာသည့် ခွေး ၇ ကောင် ၁၇ ကီလိုမီတာခရီး နှင်၍ အိမ်ပြန်ရောက်ရှိ

    တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခွေးသားကုန်သည်ဟု သံသယရှိရသူများလက်မှ လွတ်မြောက်လာသော ခွေးခုနစ်ကောင်သည် အဝေးပြေးလမ်းမကြီးအတိုင်း အတူတကွ ခရီးနှင်ခဲ့ကြသည်။ ၎င်းတို့၏ ကျေးရွာဆီသို့ ၁၇ ကီလို မီတာခရီးကို နှင်၍ အိမ်ပြန်လာခဲ့ကြသည့် ထိုကြည်နူးဖွယ် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

    တရုတ်နိုင်ငံသား လျူသည် မတ်လ ၁၆ ရက်နေ့က ကျီလင်းပြည်နယ် ချန်ချွန်းမြို့ရှိ အဝေးပြေးလမ်းမပေါ်တွင် ခွေးအုပ်စုတစု အတူ သွားနေကြသည်ကို ဗီဒီယိုရိုက်ကူးခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။ လျူသည် ထိုခွေးများကို ၎င်းတို့ကျေးရွာနှင့် ၁၇ ကီလိုမီတာခန့် ဝေးကွာသော အဝေးပြေးလမ်းမပေါ်တွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    ဗီဒီယိုဖိုင်တွင် ခွေးအုပ်စုသည် သတိကြီးစွာဖြင့် သွားနေကြပြီး ခွေးအချို့က ဒဏ်ရာရထားသည့် ဂျာမန်သိုးထိန်း (German Shepherd) ခွေးကြီး၏ အနီးနား ကပ်၍ သွားနေသည် တွေ့ရသည်။ ကော်ဂီ (Corgi) ခွေးလေးတကောင်က အုပ်စုကို ဦးဆောင်နေပုံရပြီး ကျန်ခွေးများကို ခဏခဏ နောက်လှည့်ကြည့်နေခဲ့သည်။

    “သူတို့က ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတစုလိုပဲ တစုတဝေးတည်း သွားနေကြတာပါ။ လေလွင့်ခွေးတွေနဲ့ လုံးဝမတူပါဘူး” ဟု လျူက တရုတ်သတင်းစာ Dahe Daily သို့ ပြောသည်။ လျူက ထိုခွေးများ ဘေးကင်းစေရေး ကားလမ်းပေါ်မတက်ရန် ခြောက်လှန့်ဟန့်တားမှုများ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း ခွေးများက ရန်လိုတုံ့ပြန်ခြင်း မရှိခဲ့ပေ။

    လျူသည် ခွေးများ၏ ဗီဒီယိုကို တရုတ်လူမှုကွန်ရက် Douyin ပေါ်တွင် မျှဝေပြီးနောက် ဒေသန္တရအာဏာပိုင်များထံ အကူအညီ တောင်းခဲ့သည်။ ထိုခွေးများသည် ရွာတရွာတည်းမှဖြစ်ပြီး အတူတကွ သွားလာ နေထိုင်လေ့ရှိကြသဖြင့် သံယောဇဉ်ကြီးမားကြသူများဖြစ်ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ Bitter Coffee Stray Dog Base မှ စေတနာ့ ဝန်ထမ်းများက ပြောသည်။

    အဆိုပါ သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့သည် စေတနာ့ဝန်ထမ်းများ စေလွှတ်၍ ခွေးများရှိရာနေရာကို ရှာဖွေခဲ့ကြပြီး ၎င်းတို့ နေရပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဒရုန်းများ အသုံးပြု၍ လမ်းညွှန်ပေးခြင်း စသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

    ထိုခွေးများသည် ခွေးသားအရောင်းအဝယ် လုပ်ကိုင်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သယ်ဆောင်သွားစဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်နိုင်ကြောင်း စေတနာ့ဝန်ထမ်းတဦးက ပြောသည်။ သို့သော် ထိုခွေးများ အဝေးပြေးလမ်းပေါ်သို့ မည်သို့ရောက်ရှိလာသည်ဆိုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ယခုအခါ ခွေး ခုနစ်ကောင်စလုံးမှာ နေရပ်သို့ ဘေးကင်းစွာ ပြန်ရောက်သွားကြပြီဖြစ်ပြီး ပိုင်ရှင်များနှင့် ပြန်လည်ဆုံတွေ့ခဲ့ကြပြီ ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် စေတနာ့ဝန်ထမ်းတဦးက Jimu News သို့ ပြောသည်။

    ပိုင်ရှင်တဦးက ၎င်း၏ ပျောက်ဆုံးနေသော ဂျာမန်သိုးထိန်းခွေးနှင့် ဂိုးလ်ဒန်းရက်ထရီဗာ (Golden Retriever) တို့ ပြန်လည်ရောက်ရှိလာသဖြင့် စိတ်သက်သာရာရကြောင်းနှင့် ထိုသို့သော ကံကြမ္မာဆိုးမှ လွတ်မြောက်လာခြင်းမှာ အလွန်ကံကောင်းခြင်းဖြစ်ကြောင်း ပြောသည်။

    အခြားပိုင်ရှင်တဦးကလည်း ၎င်း၏ ကော်ဂီခွေးလေးမှာ အလွန်ထက်မြက်ပြီး အိမ်ပြန်လမ်းကို ကောင်းကောင်းမှတ်မိတတ်သူဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။

  • ဓာတ်ဆီတိုးပြီးအပြန် ကားသမား ၁ ဦး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံး

    ဓာတ်ဆီတိုးပြီးအပြန် ကားသမား ၁ ဦး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံး

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတဦး အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီပြီး အိမ်အပြန်မှာ ဦးဏှောက်သွေးကြော ပြတ်ကာ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    မတ် ၂၃ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခန့်ကနေ ညလယ်ပိုင်းထိ စက်သုံးဆီရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရာက ညနေအိမ်အပြန်မှာ သွေးပေါင်ထိုးကျကာ ခေါင်းကိုက်ဝေဒနာ ခံစားရပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

    “မနက် ၂ နာရီ ၃ နာရီလောက် ကတည်းက ဆီတန်းစီပြီး နေ့လယ် ပြန်လာတာ၊ ညနေ အိမ်ရောက်တော့ ခေါင်းကိုက်တယ် သွေးပေါင်တွေ ကျတယ်ဆိုပြီး ဆေးရုံကို သွားတော့ အသက် မမှီတော့ဘူး၊ တခြား ရောဂါအခံလည်းရှိတော့ ပိုဆိုးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

    သေဆုံးသူဟာ ချောင်းဆုံမြို့နယ် မုဒွန်းရွာက အသက် ၄၀ အရွယ် တက္ကစီယာဉ်မောင်း အမျိုးသားတဦး ဖြစ်တယ်လို့ သိရပါတယ်။

    မွန်ပြည်နယ်က စက်သုံးဆီဆိုင်တွေဟာ မနက် ၇ နာရီကနေ ၉ နာရီအထိ၊ ညနေ ၃ နာရီကနေ ၅ နာရီအထိသာ စက်သုံးဆီ ရောင်းချပေးတာကြောင့် စက်သုံးဆီရရှိဖို့ မနက်အစော ၂ နာရီခန့်ကနေ ကြိုတင်တန်းစီ ဝယ်ယူရတယ်လို့ သိရပါတယ်။

    မွန်ပြည်မှာ ခုရက်ပိုင်း နေခင်းအပူချိန်ဟာ ၄၀ နဲ့ ၄၁ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှာ ရှိနေပြီး နေရောင်ခြည်ထဲ အကာအကွယ်မပါဘဲ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူတာမျိုး မလုပ်ကြဖို့လည်း ကျန်းမာရေးဌာနတွေက ပြောဆိုထားတယ်လို့ သိရပါတယ်။

  • နံပါတ်အလိုက်ပဲ နေ့စဉ်ဆီရောင်းပေးတော့မယ်

    နံပါတ်အလိုက်ပဲ နေ့စဉ်ဆီရောင်းပေးတော့မယ်

    ကားနံပါတ်အလိုက်ပဲ နေ့စဉ်ဆီရောင်းပေးတော့မယ်

    ကိုယ့်နံပါတ်ကဘယ်စာရင်းထဲပါနေလဲ

    အောက်မှာကြည့်သွား

    ကဲ… ကားသမားတွေ၊ အိမ်စီးကားပိုင်ရှင်တွေ အားလုံးအတွက် ဧပြီလ (၁) ရက်နေ့ ကစပြီး စက်သုံးဆီဝယ်ယူရမယ့် စနစ်သစ်တဲ့ရွှေပြည်ကြီးကတော့ စနစ်အမျိုးမျိုးပါ

    ✅ သိထားရမယ့် အချက်အလက်များ –

    စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။

    ပထမဆုံးရက် (ဧပြီ ၁): အက္ခရာ A, F, K, Q ပါသော ကားများသာ ဆီဆိုင်သို့ လာရောက်ရပါမည်။

    ဝယ်ယူခွင့်အကြိမ်ရေ: ကားတစ်စီးလျှင် တစ်လကို (၆) ရက် သာ သတ်မှတ်ရက်အတိုင်း ဝယ်ယူခွင့်ရရှိမှာပါ။

    စနစ်အပြောင်းအလဲ: ယခင်ကျင့်သုံးခဲ့သော စုံ/မ စနစ်ကို ရပ်တန့်တော့မယ်လို့တော့ ထင်ရတာပါဘဲ

    မိမိကားရဲ့ အက္ခရာအလိုက် ဘယ်ရက်တွေမှာ ဆီထွက်ဝယ်ရမလဲဆိုတာကို ဇယားမှာ သေချာလေး ပြန်စစ်ဆေးသွားကြပါဦး။

    အချိန်မကုန်ရအောင် အချင်းချင်းလည်း မျှဝေပေးလိုက်ကြပါဦးဗျို့!

    ဒီဇယားကအစစ်အမှန်ဟုတ်မဟုတ်တော့ နိုင်ငံတော်မထုတ်ပြန်သေးတော့ မင်မင်တို့လည်း ဟုတ်မဟုတ် အာမ မခံရဲပါဘူး

    ဒါပေမယ့်ဒီဇယားဟာ ကားဂရုတွေထဲမှာတော့အတော်ပျံ့နှံ့နေပါပြီ

    နေ့စွဲ အကွက် ၁ အကွက် ၂ အကွက် ၃ အကွက် ၄

    1,Apr 1-9/A—- 1-9/F—- 1-9/K—- 1-9/Q—-

    2,Apr 1-9/B—- 1-9/G—- 1-9/L—- 1-9/R—-

    3,Apr 1-9/C—- 1-9/H—- 1-9/M—- 1-9/S—-

    4,Apr 1-9/D—- 1-9/I—- 1-9/N—- 1-9/T—-

    5,Apr 1-9/E—- 1-9/J—- 1-9/P—-

    6,Apr 1-9/A—- 1-9/F—- 1-9/K—- 1-9/Q—-

    7,Apr 1-9/B—- 1-9/G—- 1-9/L—- 1-9/R—-

    8,Apr 1-9/C—- 1-9/H—- 1-9/M—- 1-9/S—-

    9,Apr 1-9/D—- 1-9/I—- 1-9/N—- 1-9/T—-

    10,Apr 1-9/E—- 1-9/J—- 1-9/P—-

    11,Apr 1-9/A—- 1-9/F—- 1-9/K—- 1-9/Q—-

    12,Apr 1-9/B—- 1-9/G—- 1-9/L—- 1-9/R—-

    13,Apr 1-9/C—- 1-9/H—- 1-9/M—- 1-9/S—-

    14,Apr 1-9/D—- 1-9/I—- 1-9/N—- 1-9/T—-

    15,Apr 1-9/E—- 1-9/J—- 1-9/P—-

    16,Apr 1-9/A—- 1-9/F—- 1-9/K—- 1-9/Q—-

    17,Apr 1-9/B—- 1-9/G—- 1-9/L—- 1-9/R—-

    18,Apr 1-9/C—- 1-9/H—- 1-9/M—- 1-9/S—-

    19,Apr 1-9/D—- 1-9/I—- 1-9/N—- 1-9/T—-

    20,Apr 1-9/E—- 1-9/J—- 1-9/P—-

    21,Apr 1-9/A—- 1-9/F—- 1-9/K—- 1-9/Q—-

    22,Apr 1-9/B—- 1-9/G—- 1-9/L—- 1-9/R—-

    23,Apr 1-9/C—- 1-9/H—- 1-9/M—- 1-9/S—-

    24,Apr 1-9/D—- 1-9/I—- 1-9/N—- 1-9/T—-

    25,Apr 1-9/E—- 1-9/J—- 1-9/P—-

    26,Apr 1-9/A—- 1-9/F—- 1-9/K—- 1-9/Q—-

    27,Apr 1-9/B—- 1-9/G—- 1-9/L—- 1-9/R—-

    28,Apr 1-9/C—- 1-9/H—- 1-9/M—- 1-9/S—-

    29,Apr 1-9/D—- 1-9/I—- 1-9/N—- 1-9/T—-

    30,Apr 1-9/E—- 1-9/J—- 1-9/P—-

  • နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်

    နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်

    ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားမြို့တွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင်တစ်လုံးယမန်နေ့ မတ်၂၃ ရက်တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    မီးလောင်မှုဖြစ်သည့်နေရာမှာ နောင်ပီးသွားလမ်းရှိ အောင်စံဖြိုးဆိုင် အနီးဖြစ်ပြီး ဂိုထောင်အတွင်း ဓာတ်ဆီများ အများအပြား သိုလှောင်ထားမှုကြောင့် မီးအား ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

    “ဆီသိုလှောင်ထားတဲ့နေရာ ဖြစ်တော့ မီးလောင်တာနဲ့ တပြိုင်နက် အနားတောင် မကပ်နိုင်ပါဘူး။ ဆီကုန်ခါနီးမှပဲ ရပ်ကွက်ကလူတွေ ဝိုင်းကူနိုင်တာပါ” ဟု မီးလောင်မှုကို တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

    မီးလောင်မှုအတွင်း မီးအားပြင်းထန်မှုကြောင့် အနီးကပ်ဝင်ရောက် ငြှိမ်းသတ်ရန် ခက်ခဲခဲ့ပြီး အချိန်အတော်ကြာမှသာ ဒေသခံများ ဝိုင်းဝန်းကူညီနိုင်ခဲ့ကြောင်း သိရသည်။

    ယင်းမီးလောင်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။