Category: News

  • စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

    စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

    ကျောက်ဖြူမှ ဒဏ်ရာရစစ်သားများနှင့် စစ်သားမိသားစုများလည်း လိုက်ပါလာ

    ရန်ကုန်ကနေ စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို တင်ဆောင်လာသော ချင်းတွင်းစစ်ရေယာဉ်သည် စစ်တွေသို့ မတ် ၂၆ ရက်ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

    စစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ ချင်းတွင်း ရေယာဉ်နဲ့ စစ်တွေကို အင်အားထပ်ဖြည့်ဖို့ ယူလာတာပါ။ ညအချိန် ၁၁ နာရီကျော်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်မှာ အဲဒီ စစ်ရေယာဉ် ဆိုက်ကပ်ပြီး အဲဒီကနေ တစ်ဆင့် ကားတွေနဲ့ စစ်တပ် တပ်နယ်ထဲကို ယူဆောင်သွားတယ်။ ကျွန်တော်တို့ သိရတာက ရဲနဲ့စစ်တပ် အင်အား ၂၀၀ လို့ သိရပါတယ်”ဟု ပြောသည်။

    ထိုသို့ ယူဆောင်လာရာတွင် ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရရှိသူ စစ်သားများနှင့် စစ်တပ် မိသားစုများလည်း အတူ လိုက်ပါလာသည်ဟု သိရသည်။

    “ ဒီချင်းတွင်း ရေယာဉ်က ဗမာပြည်ဘက်ကလာတာပါ။ သူတို့ ကျောက်ဖြူမှာ ပထမ ဆိုက်ကပ်ပြီး ဒဏ်ရာရ စစ်သားတွေနဲ့ မိသားစုတွေကို တင်ဆောင်ပြီး စစ်တွေကို ဒီလ ၂၆ ရက် ညနေက ထွက်လာလာတာပါ။ ဒဏ်ရာရ စစ်သားတွေကို ထမ်းစင်တွေနဲ့ ထမ်းချပြီး လူနာတင် Ambulance ကားတွေနဲ့ ယူသွားတာကို တွေ့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

    ၎င်းပြင် စစ်ကော်မရှင်သည် လက်နက်ခဲယမ်းများအပါအဝင် ရိက္ခာများကိုလည်း အဆိုပါ ချင်းတွင်း စစ်ရေယာဉ်ဖြင့် သယ်ယူလာခဲ့သည်ဟု သိရသည်။

  • ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

    “လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။

    လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့ ရုပ်အလောင်းတွေကို မထုတ်နိုင်ခဲ့ဘဲ အဲဒီနေရာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မြေပြင်မှာရှိနေသူအချို့က ပြောထားပါတယ်။

    ဒဏ်ရာရတဲ့ပြည်သူ ၆၀ခန့်ကို ကသာမြို့အမှတ်(၂)ရဲစခန်းကို စစ်တပ်က သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

    ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

    အဲဒါကြောင့် မြို့တွင်းနေပြည်သူတွေအနေနဲ့ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို မြို့တွင်းကထွက်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။

    ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြပေမယ့် စစ်တပ်ဟာ မတ်လ ၂၀ ရက်မှာ လေးထပ်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် အဲဒီမှာရှိတဲ့ စစ်ရှောင်ပြည်သူ ၁၀၀ ထက်မနည်းထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

    လက်ရှိမှာ တိုက်ပွဲတွေလည်းဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေရှိနေဆဲလို့ သိရပါတယ်။

    “ကသာမြို့မှာ ကျန်ရှိနေသူများ ကိုယ့်ကိုယ်ကို တန် ဖိုးထားတယ်ဆိုရင် ကသာမြို့ထဲကနေ အပြီးထွက်ပေးကြပါ။ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်တွေရှိနေမှန်း သိသိကြီးနဲ့ ရက်ရက်စက်စက်ကို လေယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်ပြခဲ့ပါတယ်။ တိုက်ပွဲကလည်း ရှေ့ဆက်ပြီး မြို့ရဲ့ နေရာအနှံ့အပြား ပြင်းထန်လာဖို့ရှိပါတယ်”လို့ ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းထားပါတယ်။

    ကသာမြို့မှာ စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း အခြေစိုက်ထားပြီး မြေပေါ်ရပ်ကွက် ၁၁ ခုရှိကာ မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

    (မဟာလေးထပ်ကျောင်းထိုင်ဆရာ​တော်က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေအတွက် အမျှဝေပေးနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ – ဒေဝ)

  • အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ

    အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ

    အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးပြားရွာအလှူပွဲမှာဖြစ်ခဲ့တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး အောင်ချမ်းသာရွာ ရပ်ကျေးပကဖ၊ ပအဖအဖွဲ့ဝင် ၃ ဦးနဲ့ ရုန်းသာရွာသား ၄ ဦးတို့ကို ဖမ်ဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ ဝက်လက်မြို့နယ် ပလဖတာဝန်ခံဆီက သိရပါတယ်။

    ဖြစ်စဥ်မှာပါဝင်တဲ့ အောင်ချမ်းသားရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ကို မတ်လတတိယပတ်အတွင်းမှာ ဖမ်ဆီးခဲ့တာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ ရုန်းသာကျေးရွာက အသက် ၂၀ ကျော်အရွယ်ရှိ ဒူးဝါး၊ အောင်ခန့်နိုင်၊ အောင်မြတ်စိုး၊ ဇင်ကိုလွင်တို့ကို ဆက်လက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    “အလှူမှာ အဖွဲ့လိုက်ရန်ဖြစ်ကြတာလေ။ အုပ်ချုပ်ရေးအဖွဲ့တွေဘက်ကလည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အုပ်ချုပ်ရေးမှူးကလည်း တရားလိုလုပ်ပြီး အမှုပြန်ဖွင့်ထားတော့ ကျနော်တို့ဘက်က ပြန်ထိန်းထားတယ်။ ဟိုဘက်က ပအဖ၊ ပကဖတွေလည်းဖမ်းထားပြီ။”လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညပိုင်းမှာ ဝက်လက်မြို့နယ်၊ ကျီးပြားရွာမှာပြုလုပ်တဲ့ ရှင်ပြုအလှူ ၁ ခုမှာ ကခုန်နေကြတဲ့ ရုန်းသာရွာသားတွေနဲ့ အောင်ချမ်းသာရွာသားတွေအကြား စကားများရန်ဖြစ်ရာက အောင်ချမ်းသာရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ အပါ လူ ၂၀ ကျော်က ရုန်းသာရွာသားတွေဖြစ်တဲ့ အောင်ခန့်နိုင်၊ ခန့်သူရကျော်၊ သက်နောင်ထွန်း၊ ဇင်ကိုလွင် တို့ ၄ ဦးကို ဓား၊ စကေဘာတွေနဲ့ ထိုးနှက်ခဲ့တာပါ။

    အခင်းဖြစ်ပြီးနောက် ရုန်းသာရွာသားတွေကို ဓါးနဲ့ထိုးခဲ့သူတွေဖြစ်တဲ့ အောင်ချမ်းသာရွာက ဦးတင်မိုး၊ ကိုချက်ကြီး၊ ကိုသိန်းဝင်းတို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အောင်ချမ်းသာရွာသားတွေဘက်က ရန်ပွဲမှာပါဝင်တဲ့ ရုန်းသာရွာသားတွေကို ပြန်လည်အမှုဖွင့်ခဲ့တာကြောင့် နှစ်ဖက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

    နှစ်ဖက်အပြန်အလှန်အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးထားသူတွေကို အာမခံပေးလို့မရဘဲ နှစ်ဖက်စလုံးကို ဝက်လက်မြို့နယ်တရားရုံးဆီ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

    ဖမ်းဆီးခံထားရသူ ရုန်းသာရွာသား ၄ ဦးအနက် ဒူးဝါးနဲ့ အောင်မြတ်စိုးတို့ဟာ ရန်ပွဲမှာမပါဝင်သူတွေဖြစ်တာကြောင့် မြို့နယ်ပလဖ အနေနဲ့ သေချာစိစစ်ပေးစေချင်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

    “ဓားနဲ့ထိုးတဲ့ ပအဖကတိုင်လို့ ဖမ်းတာလို့ သိရတယ်။ ဒီကလေးတွေကို တဖက်ကအမှုဖွင့်တာနဲ့ ဖမ်းတယ်တဲ့။ ဘာပြစ်မှုမှလည်းမရှိဘဲနဲ့ တရားမျှတမှု မရှိသလိုဖြစ်နေတယ်။ တဖက်မှာလည်း ဘာဒဏ်ရာမှမရထားဘဲနဲ့ ဓားကိုင်ပြီး လူမသေသေအောင်သတ်ဖို့လုပ်ခဲ့တဲ့သူတွေက အကြာကြီး လွတ်နေပြီးတော့ ကိုယ့်ဘက်ကကလေးတွေကျတော့ တဖက်ကတိုင်ရုံနဲ့ ဖမ်းတာလားပေါ့”လို့ ပြောပါတယ်။

    အဆိုပါရန်ပွဲအတွင်း ဓါး၊ စကေဘာတွေနဲ့ထိုးနှက်ခံရတာကြောင့် ရုန်းသာရွာသား အောင်ခန့်နိုင်၊ သက်နောင်ထွန်း၊ ခန့်သူရကျော်၊ ဇင်ကိုလွင်တို့ ၄ ဦးမှာ ထိုးသွင်းဒဏ်ရာတွေအများအပြားရရှိခဲ့ပြီး အဲ့ဒီထဲက အောင်ခန့်နိုင်နဲ့ ခန့်သူရကျော်တို့မှာ ဒဏ်ရာပြင်းထန်တာကြောင့် ၁ လနီးပါးကြာ ဆေးရုံတက် ကုသမှုခံယူခဲ့ရဝာာလည်း ဖြစ်ပါတယ်။

  • ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရ

    ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရ

    စစ်တပ် နှင့် မင်းအောင်လှိုင်၏ ပြန်ကြားရေး ဇော်မင်းထွန်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိသော်လည်း ရုံးနှင့်အခမ်းအနားများတွင် မတွေ့ရဟုဆို

    အကြမ်းဖက်စစ်တပ်၏ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် အကြမ်းဖက် ဇော်မင်းထွန်းမှာ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိနေသော်လည်း ရုံး တက်ခြင်းနှင့်အခမ်းအနားများ တက်ခြင်း မတွေ့ရတော့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

    မတ်လ ၂၃ ရက်နေ့ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင် အစားထိုးဝင်ရောက်လာ​ပြီး အကြမ်းဖက် ဗိုလ်ချုပ် ဇော်မင်းထွန်းမှာမူ ယင်းရာထူးမှ အနားယူသွားကြောင်း၊ သို့ရာတွင် ပြန်ကြားရေးဒုဝန်ကြီး အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

    “ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံး ညွှန်ကြားရေးမှူးက သူ ပြုတ်သွားတာလည်း ရုတ်တရက်ပဲ။ ပြန်ကြားရေးဒုဝန်ကြီးအဖြစ်ကတော့ ဆက်ရှိသေးတယ်။ ဒါပေမယ့် ရုံးတက်တာနဲ့ အခမ်းအနားတွေမှာတော့ မတွေ့ရဘူး။ အရန်အင်အားရောက်တယ်လည်း ပြောကြတယ်။ စစ်ကြောခံရတယ်ဆိုပြီးတော့လည်း မှန်းဆကြတယ်။ အဲဒါတွေတော သေချာမသိဘူး။ ပြန်ကြားရေးဒုဝန်ကြီး အဖြစ် ဆက်ရှိနေတယ်။ ရုံးတက်တာနဲ့ အခမ်းအနားတွေမှာတော့ မတွေ့ရဘူး” ဟု ပြန်ကြားရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက် ဇော်မင်းထွန်း စစ်ရုံးညွှန်ကြားရေးမှူးအဖြစ်မှ ရုတ်တရက် အနားယူခြင်း၊ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းအတွက် စစ်ဆေးခံရသည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

    အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်ဇော်မင်းထွန်းသည် စစ်တပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အဓိက ပြန်ကြားရေးနှင့် ဝါဒဖြင်္န့ လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ၏ ကြမ်းတမ်းသော စကားအပြောအဆို၊ အင်္ဂလိပ်စကားလုံးများကို အာဘောင် အာရင်းသန်သန်ဖြင့် အသံထွက်မှန်ကန်ခြင်းမရှိဘဲ ပြောဆိုမှုများကြောင့် ပြည်တွင်းပြည်ပတွင် လှောင်စရာတစ်ခုအဖြစ် အမြဲ သရော်ခံရသူလည်းဖြစ်သည်။

    DSA စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်သော ဇော်မင်းထွန်းသည် ယခင် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူဟောင်း ဇော်ဌေးနှင့် အပတ်စဉ်တူ ကျောင်းဆင်းတူသူလည်းဖြစ်သည်။

    မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် မွေးဖွားခဲ့သော ဇော်မင်းထွန်းသည် ဇနီးနှင့် သမီး ၁ ဦး ရှိသည်။

  • Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

    မြန်မာပြည်တွင်း ဆက်သွယ်ရေး Operator တွေဖြစ်တဲ့ ATOM၊ U9၊ MyTel တို့ဆီကနေ Sim Card သုံးစွဲသူအချို့ရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ Sim Card အသုံးပြုသူရဲ့ ကိုယ်ရေးရာဇဝင်၊ Sim Card ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI တွေကို ပေးပို့ဖို့ စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းအချက်အလက် ရယူရေးအဖွဲ့က အမိန့်ပေးညွှန်ကြားထားတဲ့ လျှို့ဝှက်ညွှန်ကြားစာကို လက်ခံရရှိထားပါတယ်။

    ပေါက်ကြားစာမှာ U9 Sim Card အသုံးပြုသူ ၂ ဦး၊ ATOM Sim Card အသုံးပြုသူ ၈ ဦး၊ MyTel Sim Card အသုံးပြုသူ ၄ ဦးရဲ့ User Information၊ Location၊ Call List၊ IMEI တွေကို အမြန်ဆုံး ပေးပို့ဖို့ ထည့်သွင်းညွှန်ကြားထားတာကို တွေ့ရပါတယ်။

    စစ်အုပ်စုက လိုက်လံထောက်လှမ်းနေတဲ့ Sim Card နံပါတ်တွေကို အသုံးပြုနေဆဲဖြစ်သူတွေ အမြန်ဆုံး သိရှိနိုင်ပြီး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ပေါက်ကြားစာမှာ ပါဝင်တဲ့ ဖုန်းနံပါတ်တွေကို ဖုံးကွယ်ခြင်းမရှိဘဲ သတင်းဓာတ်ပုံမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်အုပ်စုဟာ အခွန်အကြောင်းပြကာ ပြည်သူတွေ သုံးစွဲနေတဲ့ လက်ကိုင်ဖုန်းတွေက မိုဘိုင်းဖုန်း တစ်လုံးချင်းစီရဲ့ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity – IMEI) နံပါတ်တွေကို လာမယ့် မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register – CEIR) မှာ Sim Card နဲ့အတူ မှတ်ပုံတင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

    ဒါဟာ ဆက်သွယ်ရေး Operator တွေဆီကနေတစ်ဆင့် ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်အုပ်စုက စောင့်ကြည့်ဖို့အတွက် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

    CJ Platform