Category: News

  • ဇော်မဲလုံး ဖမ်းဆီးခံရခြင်း နောက်ကွယ်ကဖြစ်ရပ်မှန်

    ဇော်မဲလုံး ဖမ်းဆီးခံရခြင်း နောက်ကွယ်ကဖြစ်ရပ်မှန်

    ခါးခွဲစိတ်တဲ့သတင်းထုတ်ပြန်တဲ့အခါ သတင်းထုတ်ပြန်ရေးအဖွဲ့က မင်းအောင်လှိုင်ပြောစေချင်တဲ့ အချက်အလက်တွေနဲ့လွဲပြီး ထုတ်ပြန်လို့ အဲ့ဒီညက ခေါ်ဆူခံရတယ်တဲ့။

    နောက်ပိုင်း ဒုဗိုလ်ချုပ်ကြီးအဆင့် ဦးစီးပြီး ဇော်မဲလုံးကို စစ်ကြောရေးလုပ်တော့ ဒုချုပ်ကို ပိုလေးစားတယ်ဆိုတဲ့သဘော အခြားသူတွေနဲ့ စာပို့ပြောဆိုထားတာတွေ တွေ့ရတယ်တဲ့။

    ဒါသာအမှန်ဆို ဂွမ်းပြီ။😂

    သတင်းကတော့ထွက်နေပြီ။

    တော်တော်များများလည်း ပြောနေကြပါပြီ။

    အခုဟာလည်း တပ်တွင်းအရင်းအမြစ်ကပြောသလောက်ပဲ သိရတာ။

    စုံစမ်းလို့ကိုမလွယ်ဘူး။ ဘယ်လိုမျိုးထုတ်လာမလဲ မသိရဘူး။

    မဲလုံးရေ…. စိတ်… စိတ်မကောင်းဘူး…😁

    ဒီလိုသာဆိုရင် ဇော်မဲလုံးဘဝ မလွယ်ဘူး။

    သူ့နေရာမှာ ဗိုလ်မှူးချုပ် ရဲရင့်အောင်ကို အစားထိုးတယ်လို့လည်း သိရပါတယ်။

    “ဒါနဲ့ ဇော်မဲလုံး စစ်ကြောရေးရောက်တာ မဟုတ်ပါဘူးလို့ ဘယ်သူက ထွက်ငြင်းပေးတော့မှာလဲ့…”

    အာ့ ကျ ကျ… ကတောက်စ်…😁

    လိုက်ဖောမယ့်သူတွေလည်း မြင်ယောင်နေပြီ😂

    Htet Myat

    ဒီလောက် လိမ်ပေးခဲ့တာတောင် ရာထူးက ဖယ်ခံရတယ်ဆိုတော့ အခြားတွေးမနေပါနဲ့။

    စွသားမည်းပြီး စွရုပ်ဆိုးတဲ့အပြင် စွဥပဓိရုပ် မကောင်းလို့ ဖြစ်မှာပါ။

    ပါးချိုင့်ပါပြီး သောက်ကျက်သရေတုံးတာ ကမ္ဘာမှာ ဒင်းပဲရှိတာ။

    ပန်ဆယ်လို

    တပ်မတော်ရဲ့ သတင်းမှန်ပြန်ကြရေး အာ့ကျကျတော့ ကျသွားရှာပြီ 😣

    🔸 ဘဘမင်းအောင်လှိုင်ကြီးက လုပ်ရက်တယ်ဗျာ ဆရာတပည့်ရင်းကြီးကို အခုလိုနှုတ်ဆက်ရတော့မယ့်နေ့မှာတောင် တက်ရောက်ခွင့်မရတော့ဘူး ကျွန်တော့်မှာ အာဏာစသိမ်းကတည်းကနေ အခုချိန်ထိ ငါးနှစ်ကျော် နေ့ညမရွေး ဘယ်ချိန်ဖြစ်ဖြစ် ထလိမ်ပေးနေရတာ မဖြူတဲ့မျက်နှာလေးတောင် ပိုမဲပြာလာတယ် အလိမ်ညာနိုင်‌ဆုံးဆုနဲ့မျက်နှာပြောင်တိုက်နဲ့ဆုလည်းရခဲ့တယ်

    🔸စစ်တပ်နဲ့ပတ်သတ်ရင် ဘယ်နိုင်ငံကနေဘဲထုတ်ပြန်နေပါစေ အမေရိကန်ကလွဲရင် ဥပဒေနဲ့အညီပါဆိုပြီး အကုန်ကန့်ကွက်ခဲ့တာ အခုကျန်းမာရေးကိစ္စကလည်း ပြည်သူတွေ ပိုစိတ်ပူပြီး သနားတဲ့စိတ်နဲ့ သမ္မတလုပ်ဖို့ထောက်ခံလာအောင် ထုတ်ပြန်ပေးတာကို အခုတော့ ရာထူးကနေပါ ဖြုတ်ချပစ်တယ် ငါးနှစ်တာလိမ်ပေးတဲ့မျက်နှာမဲကြီးမှမထောက် လုပ်ရက်တယ် ထင်မထားတဲ့ကိစ္စမလို့ ၀မ်းနည်းပြီး စိတ်မကောင်းလဲဖြစ်မိတယ် ပြည်သူတွေရဲ့ဆန္ဒအတိုင်းပါပြောပြီး ပြည်သူတွေက သေ စေချင်တာကိုလည်း မသေပေးဘူး ဆိုပြီး ၀မ်းနည်းစွာနဲ့ မီဒီယာကို ‌ဖြေကြားခဲ့ပါတယ် 😌

    Chin Ka Lay

  • မန္တလေးမြို့ရဲ့ ရင်နင့်စရာ မီးလောင်မှုဖြစ်စဉ်တစ်ခု…

    မန္တလေးမြို့ရဲ့ ရင်နင့်စရာ မီးလောင်မှုဖြစ်စဉ်တစ်ခု…

    မိခင်ကို ကယ်တင်ပြီး ကိုယ်တိုင် မီးပုံထဲမှာ ကျန်ရစ်ခဲ့တဲ့ ၁၆ နှစ်အရွယ် သူရဲကောင်းလေး

    ​မန္တလေးမြို့ရဲ့ ရင်နင့်စရာ မီးလောင်မှုဖြစ်စဉ်တစ်ခု…။

    အိမ်လှေကားနားက ဓာတ်ဆီဘူးကနေ စတင်ခဲ့တဲ့ မီးလျှံတွေဟာ ခဏချင်းမှာပဲ တစ်အိမ်လုံးကို ဝါးမျိုသွားခဲ့ပါတယ်။

    အိမ်ထဲမှာ ပိတ်မိနေတဲ့ သားအမိနှစ်ယောက်… သံပန်းတွေကြောင့် ထွက်ပေါက်ပိတ်နေချိန်မှာ ၁၆ နှစ်အရွယ် အငယ်ဆုံးသားလေးဟာ သူ့အသက်ထက် မိခင်ကို ပိုချစ်ခဲ့ပါတယ်။

    ​မိခင်ဖြစ်သူကို ခေါင်မိုးပေါ်ရောက်အောင် အားကုန်တွန်းတင်ပေးနိုင်ခဲ့ပေမဲ့၊ သူကိုယ်တိုင်ကတော့ မီးတောက်တွေကြားထဲမှာ ပိတ်မိပြီး ပါသွားခဲ့ရရှာတယ်။

    သမီး ၃ ယောက်ကြားမှာ တစ်ဦးတည်းသော သားလေး… အခုတော့ မိခင်ကြီးရဲ့ အသည်းနှလုံးတွေ ကြေကွဲလို့ ခေါင်မိုးပေါ်ကနေ ဆင်းမလာနိုင်တဲ့အထိပါဘဲ။

    အမေကို ကယ်တင်သွားတဲ့ သားလေးရဲ့ မေတ္တာကတော့ ကမ္ဘာတည်သရွေ့ သမိုင်းတစ်ခုအဖြစ် ကျန်ရစ်နေမှာပါ။

    အမေကို ကယ်တင်ပြီး မီးထဲမှာ ကျန်ရစ်ခဲ့တဲ့ သားလေးရဲ့ ဝိညာဉ် အေးချမ်းပါစေ။

    မန္တလေးမှာ နေအိမ်ဆီပန့်ခုံ မီးလောင်မှုဖြစ်ပွားပြီး သားဖြစ်သူ သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရရှိ

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားခဲ့ရာက အသက် (၁၇) နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

    ဒီနေ့ မတ်လ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်မှာ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်၊ (၈၇ x ၃၇) လမ်းကြားရှိ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနေအိမ်ဟာ ဆီပန့်ခုံထောင်ပြီး စက်သုံးဆီရောင်းချတဲ့ အိမ်ဖြစ်ပြီး ဆီပန့်ခုံရှိရာကနေ မီးစတင်ကူးစက် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

    “အိမ်က ဆီပန့်ထောင်ထားပြီး ရောင်းတဲ့အိမ်ပါ။ ဆီပန့်ခုံကနေ စလောင်တာလို့ သိရတယ်။ သေဆုံးသွားတဲ့ကလေးက အဲဒီအချိန် အိပ်ပျော်နေတာလို့ ပြောကြတယ်။ ဒဏ်ရာရတာကတော့ ကလေးအမေပါ” လို့ အခင်းဖြစ်ပွားရာအနီးက မျက်မြင်သက်သေတဦးက ပြောပါတယ်။

    မီးလောင်မှုအတွင်း အသက် (၁၇) နှစ်အရွယ် သားဖြစ်သူ မောင်မင်းခန့်မောင်ဟာ နေအိမ်အတွင်း အိပ်ပျော်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မလွတ်မြောက်နိုင်ဘဲ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူ ဒေါ်သန်းသန်းမှာလည်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ သေဆုံးသူ လူငယ်အမျိုးသားရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက ဆေးရုံသို့ ပို့ဆောင်ကူညီပေးထားသလို၊ ဒဏ်ရာရရှိထားတဲ့ မိခင်ဖြစ်သူကိုလည်း ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်လက်ပေးနေတယ်လို့ သိရပါတယ်။

  • နေပူရှိန်အောက်က “ဆီတစ်ဂါလံ” နဲ့ လဲလှယ်လိုက်ရတဲ့ အသက်များ

    နေပူရှိန်အောက်က “ဆီတစ်ဂါလံ” နဲ့ လဲလှယ်လိုက်ရတဲ့ အသက်များ

    နေပူရှိန်အောက်က “ဆီတစ်ဂါလံ” နဲ့ လဲလှယ်လိုက်ရတဲ့ အသက်များ

    ​”အိမ်အရောက်မှာပဲ သက်ပြင်းချရင်း ထာဝရ အနားယူသွားခဲ့ရှာပြီ…” 💔

    ​မန္တလေးမြို့ရဲ့ ပြင်းထန်တဲ့ နွေအပူဒဏ်အောက်မှာ နာရီပေါင်းများစွာ တန်းစီပြီး ဆီဝယ်ခဲ့ရတဲ့ အသက် (၆၁) နှစ်အရွယ် ဒေါ်သက်သက်အောင် (အကြီးတန်းစာရေး၊ မြန်မာ့သစ်လုပ်ငန်း) ဟာ အိမ်အပြန်မှာတင် ရုတ်တရက် လဲကျကွယ်လွန်သွားခဲ့ပါတယ်။

    ​ဒါဟာ တစ်ဦးတည်းသော ဖြစ်စဉ်မဟုတ်ပါဘူး…

    ဒီရက်ပိုင်းအတွင်းမှာတင် နိုင်ငံအနှံ့အပြားမှာ ဆီတန်းစီရင်း အသက်ဆုံးရှုံးရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

    ​ရန်ကုန်မှာ အဆိုတော် ပက်ထရစ်တင်ထွန်းဟာ တက္ကစီပေါ်မှာတင် ဆီတန်းစီရင်း ကွယ်လွန်ခဲ့ရတယ်။

    ​ထားဝယ်မှာ အသက် (၈၀) ကျော် အဘိုးနဲ့ အမျိုးသမီးတစ်ဦး နေပူထဲတန်းစီရင်း မူးလဲခဲ့ရတယ်။

    ​သတိပြုရန်နှင့် တိုက်တွန်းချက် ⚠️

    အပူရှိန်က (၄၀°C) ကျော်နေတဲ့အချိန်မှာ နာရီနဲ့ချီပြီး တန်းစီရတာဟာ သွေးတိုး၊ ဆီးချို အခံရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။

    ​ကျန်းမာရေးအရ: တန်းစီနေစဉ်အတွင်း ရေခဏခဏသောက်ပါ။ ဦးထုပ် သို့မဟုတ် ထီး ဆောင်ပါ။

    ​အချင်းချင်းကူညီပါ: ဘေးနားမှာ လူကြီးသူမတွေ၊ မူးဝေနေသူတွေတွေ့ရင် နေရာဖယ်ပေးတာ၊ ရေတိုက်တာမျိုးနဲ့ ဝိုင်းဝန်းကူညီပေးကြပါဦး။

    ​အစိုးရနှင့် တာဝန်ရှိသူများ: ပြည်သူတွေ အခုလို အသက်နဲ့ရင်းပြီး တန်းစီနေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွတ်မြောက်အောင် ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေ လုပ်ပေးစေချင်ပါတယ်။

    ​အသက်ပေးပြီး ရုန်းကန်နေရတဲ့ ပြည်သူများအားလုံး ဒီဘေးဒုက္ခတွေကနေ အမြန်ဆုံး ကင်းဝေးကြပါစေ။

    ကွယ်လွန်သွားသူများအားလုံးလည်း ကောင်းရာသုဂတိလားပါစေ။ 🙏🕊️

  • DKBA နယ်မြေအတွင်းမှ ကျွန်းတောကာစီနိုရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ

    DKBA နယ်မြေအတွင်းမှ ကျွန်းတောကာစီနိုရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ

    မြ၀တီမြို့နယ်၊ ဖလူးလေးကျေးရွာရှိ DKBA နယ်မြေအတွင်းမှ ကျွန်းတောကာစီနိုရုံကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တရုတ်နိုင်ငံသား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ DKBA (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့် ကာစီနိုရုံတစ်ခုကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်း (Kamikaze Drone) များအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့် မြဝတီမြို့တောင်ဘက်၊ ဖလူးလေးကျေးရွာအရှေ့ဘက်ရှိ DKBA ထိန်းချုပ်ရာနယ်မြေအတွင်းမှ “ကျွန်းတောကာစီနိုရုံ” သို့ စစ်ကောင်စီဘက်မှ အသေခံဒရုန်းများ စေလွှတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ တိုက်ခိုက်မှုကြောင့် ကျားဖြန့်ကာစီနိုရုံအတွင်း အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃ ဦးမှာ ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

    ဒရုန်းဗုံး ကျပေါက်ကွဲမှုကြောင့် ကျားဖြန့်ရုံအတွင်းရှိ အခြားဝန်ထမ်းနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးခန့်မှာလည်း ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရသည်။

    အသေခံဒရုန်း၏ ပြင်းအားကြောင့် ကာစီနိုရုံ အဆောက်အအုံအတွင်းပိုင်းနှင့် အသုံးအဆောင်ပစ္စည်းများလည်း များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

    ယခုတိုက်ခိုက်မှုသည် DKBA နယ်မြေအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် အရပ်သားပစ်မှတ်များကို စစ်ကောင်စီက နည်းပညာသုံးလက်နက်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

    အထူးသဖြင့် DKBA နယ်မြေအတွင်းရှိ တရုတ်ကျားဖြန့်ဆိုက်များကို ဦးတည်တိုက်ခိုက်ခြင်းဖြင့် နယ်စပ်ဒေသ တည်ငြိမ်မှုပျက်ပြားစေရန်၊ DKBA ကို အကျပ်အတည်းဖြစ်စေရန် စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ကရင်စစ်ရေးမြစ်က သုံးသပ်ပြောဆိုသည်။

    လက်ရှိတွင် အဆိုပါ DKBA ထိန်းချုပ်ရာ ဖလူးဒေသတဝိုက်၌ စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး ဒေသခံပြည်သူများက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်လျက် ရှိနေကြကြောင်း သိရှိရသည်။

  • ဗိုလ်ချုပ်ဇော်မင်းထွန်း ရာထူးမှ ဖယ်ရှားခံရ

    ဗိုလ်ချုပ်ဇော်မင်းထွန်း ရာထူးမှ ဖယ်ရှားခံရ

    စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း နေရာတွင် ဗိုလ်မှူးချုပ် ရဲရင့်အောင်ဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

    စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်က ၈၁ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူ ပြိုင်ပွဲ၌ ဆုရရှိသူများကို ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း စစ်ကော်မရှင်သတင်းများက ဖော်ပြ ထားသည်။

    ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC)၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ဇော် မင်းထွန်းသည် မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သော စစ်ခေါင်းဆောင် ခွဲစိတ်ကုသမှုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

    တဖက်တွင်လည်း ဧပြီလဆန်းတွင် ဖွဲ့စည်းမည့် အမည်ခံအစိုးရသစ်အဖွဲ့၌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် လျာထားသည်ဟူသော ပြောဆိုမှုများလည်း ရှိနေသည်။

    စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည့် ဒုဝန်ကြီးစာရင်းနှင့် ကာ/လုံသတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင်နေရာတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယခုသတင်းရေးသားချိန်အထိ ဖော်ပြထားဆဲ ဖြစ်သည်။

    ဓာတ်ပုံ – AFP