Category: News
-

အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ
လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲရာမှာ ဖုန်းတွေကို အသေးစိတ် စစ်ဆေး ငွေညှစ် အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်ရက် နီးကပ်လာချိန် မန္တလေးမြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ ပိုမို အတင့်ရဲလာကာ ပြည်သူကို ဖမ်းဆီးငွေညစ်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတချို့က ဆက်သွယ်ပြောဆိုပါတယ်။ အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း လမ်းပေါ်သိပ်တွေ့ရလေ့မရှိဘဲ ရဲစခန်းတွေထဲမှာပဲ ခိုအောင်းနေလေ့ရှိတဲ့ စစ်အုပ်စု လက်နက်ကိုင် ရဲတွေကို ယခုရက်ပိုင်း လမ်းပေါ်မှာ မကြာခဏ တွေ့လာရသလို ပျူစောထီးတွေရဲ့ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက် ငွေညှစ်တာတွေလည်း ပိုမို လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ ယခု ဒီဇင်ဘာလအတွင်း မန္တလေးမြို့အနှံ့မှာ ရဲ ယူနီဖေါင်းဝတ်ထားသူတွေက အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ ဆိုင်ကယ်၊ကားတွေကို မထင်ရင်မထင်သလို စစ်ဆေးရှာဖွေမှုတွေ လုပ်နေသလို ကုန်တင်ကား၊…
-

ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပမည်
အကြမ်းဖက် စစ်တပ်ဘက်တော်သား ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေး အကြမ်းဖက် စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၅၂ နှစ်ပြည့်မယ့် တင်ဌေး (ခေါ်) ဒိန်းဒေါင်က သူရဲ့ မွေးနေ့အဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟာသအစည်းအရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ညစဉ် ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်က…
-

Monkey Twins
Monkey Twins (2016) ဒီဇာတ်ကားလေးက အက်ရှင်–ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေ ထိုင်းရာဇဝင် လက်ဝှေ့ကကွက်တွေ တရုတ်အော်ပရာတွေကို ပေါင်းစပ်ပြထားတဲ့ ဇာတ်လမ်းပါပဲ။ “နေး” ဆိုတဲ့ လူငယ်တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဟာနုမာန် မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဖျော်ဖြေနေတဲ့သူပါ။ သူရရှိထားတဲ့ အတတ်ပညာတွေကတော့ အဖိုး ကလ ထံမှ လက်ဆင့်ကမ်းလာတာဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာနုမာန်မျက်နှာဖုံးပြဇာတ်နဲ့ မျောက်ဇာတ်လမ်းပြဇာတ် တွေကို လုပ်ခဲ့တာပါ။ တချိန်တည်းမှာပဲ သူ့ကို ရှင်းပစ်ချင်တဲ့ ” ဆိုလ်” ဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ လက်စားချေလိုက်လံဖမ်းဆီးမှုကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသေးတယ်။ “နေး” ချစ်ရတဲ့မိန်းကလေးအသတ်ခံရတာနဲ့ပတ်သက်ပြီး “ဆိုလ်” ကအခွင့်ကောင်းယူကာ ” နေး” ကို အပြစ်ပုံချပြီး စွပ်စွဲခဲ့လို့ အမှုရင်ဆိုင်နေရတာပါ။ တနေ့မှာ တိုက်ခိုက်မှုကျွမ်းကျင်တဲ့ “လင်းယဥ်” နဲ့…
-

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရွှေဘိုနှင့်မုံရွာမြို့ပေါ်အထိ ကျယ်ပြန့်လာ
စစ်ကော်မရှင် ထိန်းချုပ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ရွှေဘိုမြို့ပေါ် ရပ်ကွက်များတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက စစ်တပ်၏ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် သတိပေးမှုများကို ပြုလုပ်ခဲ့ကြသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်) မွန်းတည့် ၁၂ နာရီတွင် ရွှေဘိုမြို့ အဝေးပြေးကားကြီးဝင်းထိပ် တံတားပေါ်နှင့် အလောင်းမင်းတရား ဦးအောင်ဇေယျ ရုပ်တုရှေ့၊ အမှတ် (၁) အလယ်တန်းကျောင်း မျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နှင့် ရွှေဘို- ရေဦးလမ်းထိပ်နေရာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းတို့ကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လုပ်ဆောင်ခဲ့သည်။ “ကားဝင်းဘက်ဆိုရင် (စစ်တပ်က) အမြဲတမ်း ပတ်ကင်းလည်း လာနေကျ။ မြို့ရှောင်လမ်းထိပ်မှာ အထိုင်ချထားတဲ့ စခန်း ရှိတယ်။ … သူတို့ရဲ့နောက်ကျောတွေ သူတို့ရဲ့ကောင်းကောင်းစိုးမိုးထားတဲ့ နေရာတွေကို သွားပြီးတော့…
-

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ခွင့်လွှတ်၍မရဟု နွေဦးတပ်ပေါင်းစု SRA ပြော
ရခိုင်တစ်ပြည်လုံးနီးပါး အားကိုးအားပြုနေရသည့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ခွင့်လွှတ်၍ မရကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်း SRA က ပြောသည်။ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးမှာ အားလုံးနီးပါး ပျက်စီးသွားသလို ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဆေးကုသနေသော လူနာများ ၃၃ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၇၇ ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ပြောသည်။ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲခြင်းသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကြီးကြီးမားမား မျက်မြင်ကိုယ်တွေ့ ကျူးလွန်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောကြားခဲ့သည်။ “ဒီလို စစ်ရာဇဝတ်မှုကို စစ်တပ်က ကျူးလွန်တာဟာ အခုမှ မဟုတ်ဘူး။ တောက်လျှောက်ပြုလုပ်နေတာဖြစ်တယ်။ ဒါ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ဖြစ်စဉ်ဟာ…