Category: News

  • စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်

    စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်

    စစ်တပ်ပေါ်တာဆွဲ၍ လူငယ်များ ညဘက် မထွက်ရဲ ဖြစ်နေချိန် စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင် အာဏာသိမ်း စစ်တပ် ပေါ်တာဆွဲသည့် ရန်ကိုကြောက်သဖြင့် လူငယ်များ ညဘက် မသွားရဲ၊ မလာရဲဖြစ်နေချိန်တွင် စစ်ခေါင်းဆောင်က ညဘက် လျှောက်သွား ပြနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ လှောင်ပြောင်ခဲ့ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ဒီဇင်ဘာ ၂၀ရက်က ၄င်းတို့ ပြည်မြို့ ညစျေးတန်းအား လျှောက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေအား ဦးစိုင်းသန်းထိုက်က လှောင်ပြောင်ထားခြင်း ဖြစ်သည်။ ” အဘ(မူရင်း အယ်ဘ) ကတော့ ဇွတ်။ လူငယ်တွေက ညဘက်မထွက်ရဲလို့ အိမ်စောစောပြန်နေရတဲ့ အချိန်မှာ အဘ(မူရင်း အယ်ဘ) က ညစျေးမှာ ညမင်းသားလုပ်နေတယ်”…

  • ခရိုနီ ၃ ဦးနှင့်ဗိုလ်ချုပ် ၄ ဦးအပါ ကိုးဦး ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ရုပ်သိမ်း

    ခရိုနီ ၃ ဦးနှင့်ဗိုလ်ချုပ် ၄ ဦးအပါ ကိုးဦး ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ရုပ်သိမ်း

    အာဏာသိမ်းစစ်တပ် ဖမ်းဆီး၊ ထောင်ချခဲ့သည့် ခရိုနီ ၃ ဦး၊ ဗိုလ်ချုပ် ၄ ဦးနှင့် သူရဦးအောင်ကို၊ ဦးမြင့်နိုင်တို့အား ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များကို နိုဝင်ဘာ ၄ ရက်က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ဘွဲ့တံဆိပ်ရုပ်သိမ်းခံရသည့် ခရိုနီသုံးဦးမှာ ရိုးမဘဏ်နှင့် FMI လုပ်ငန်းစုဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ(ခ) Serge Pun(သီရိပျံချီဘွဲ့)၊ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ(ဝဏ္ဏကျော်ထင်ဘွဲ့)၊ ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်(စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်)တို့ ဖြစ်ကြသည်။ ဘွဲ့၊တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်လေးဦးမှာ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း (ဇေယျာကျော်ထင်ဘွဲ့)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်(ဇေယျာကျော်ထင်ဘွဲ့)၊ တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုး(ဇေယျကျော်ထင်ဘွဲ့)နှင့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် ဇော်လွင်ဦး(ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်)တို့ ဖြစ်ကြသည်။ ဘွဲ့၊ တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် ဗိုလ်ချုပ်လှမြင့်စိုးတို့မှာ…

  • မိုးကုတ်တိုက်ပွဲ PDF ဒရုန်း​ကြောင့်စစ်တပ် အထိနာ

    မိုးကုတ်တိုက်ပွဲ PDF ဒရုန်း​ကြောင့်စစ်တပ် အထိနာ

    မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောပါတယ်။ တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်စဲပြီး စစ်တပ် ပြန်နေရာယူထားတဲ့ မိုးကုတ်မှာ PDF က စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၃၀ရက်ကနေ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ “စကစတွေ မိုးကုတ်မျာ အထိနာတယ်။ ဒီမနက်ပိုင်း PDF ဘက်က ဒရုန်းတိုက်ခိုက်တာ။ မနက် ၈ နာရီခွဲနဲ့ ၉ နာရီမှာ ၂ကြိမ်။ မိုးကုတ်အောင်မြေကျောင်းကိုလာချတာ။ အဲဒီမှာ စကစ တပ်တွေ နေရာယူ စုနေတဲ့နေရာလို့ပြောကြတယ်။ အလောင်းတွေ သယ်ထုတ်နေတာ အဝေးကနေ နည်းနည်းတော့ မြင်ကြတယ်”လို့ ​သတင်းရင်းမြစ်တဦးက ပြောပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ကျပ်ပြင် ၊ ပင့်ကူတောင်ပေါ် ရှိတဲ့စေတီအနီး ယ​နေ့နံနက် ၁၀ နာရီခွဲမှာ ဒရုန်းဗုံး​တွေကျခဲ့ပြီးပေါက်ကွဲခဲ့တယ်လို့ ​ဒေသခံအချို့ကလည်း…

  • ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်း စစ်တပ်လက်အောက်ခံများရရှိထား

    ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်း စစ်တပ်လက်အောက်ခံများရရှိထား

    ရန်ကုန် – မန္တလေး အမြန်လမ်းသစ်နှင့် လမ်းဟောင်းကို အသုံးပြုပြီး ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်းကို အာဏာသိမ်းစစ်တပ်လက်အောက်ခံများ သတင်းရရှိထားသည့်အတွက် အမြန်လမ်းနှင့် ရန်ကုန်အဝင်ဂိတ်များကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်စစ်ဆေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာနှင့် မြောက်ဒဂုံတို့တွင် မစ်ရှင်ပြုလုပ်မည့် ရဲဘော် (၅) ခန့်လာနေသည်ကို စစ်တပ်လက်အောက်ခံများသိထားရပြီး BB (—-) Premieo၊ BB (—-) – Probox၊ EE (—-) Probox ကားများဖြင့် လာကြိုမည်အထိ သတင်းအတိအကျ ရထားခြင်းဖြစ်သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောလမ်းမကြီးက စစ်တပ်လက်အောက်ခံ တစ်ဦးသည် ရန်ကုန်တက်လာမည့် UG ရဲဘော်များသတင်းကို Viber ဖြင့် အမြန်လမ်းနှင့် စစ်တပ်လက်အောက်ခံများကို သတင်းပေးထားခြင်းဖြစ်ပြီး၊ ဒီဇင်ဘာ ၂၄ မှစတင်ပြီး ၂၅…

  • မိုးကုတ်-မိုးမိတ် ဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်

    မိုးကုတ်-မိုးမိတ် ဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်

    (၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့ကာလအတွင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် အကြမ်းဖက်စကမ စစ်တပ်ကြားတို့ တိုက်ပွဲကြီး (၆) ကြိမ် နှင့် ထိတွေ့ တိုက်ပွဲငယ် (၉) ကြိမ် ဖြစ်ပွားခဲ့သည်။ (၂) အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စကမဘက်မှ စုစုပေါင်း (၁၈) ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့ပါသည်။ (၃) အကြမ်းဖက်စကမ ခြေကုတ်ယူထားသော မိုးကုတ်မြို့နယ်အတွင်းမှ ကျေးရွာ (၁) ရွာနှင့် စိုးမိုးကုန်း (၁) ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထပ်မံသိမ်းပိုက် ရရှိထားပြီးဖြစ်သည်။ (၄) ရန်သူ၏ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု…